• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, November 4, 2013

စိတ်ပျော်ချင်သလား ဒါတွေစားပါ


စိတ်ပျော်ချင်သလား ဒါတွေစားပါ

2013-11-04

လူသားတွေအတွက် စိတ်ပျော်ရွှင်မှုဆိုတာ အသက်ရှည်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။
ဒါကြောင့် ပျော်ရွှင်မှုဟာ ကိုယ့်ဆီကို ဘယ်ကလာမလဲဆိုပြီး လူသားတိုင်းက မျှော်လင့်ကြပါတယ်။
ပျော်ရွှင်မှုကို ရရှိစေမယ့် နည်းလမ်းအသွယ်သွယ်တွေလည်း ထွက်ပေါ်လာပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ပျော်ရွှင်မှုဆိုတာ လူတွေနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာလည်း ရှိတယ်လို့
ဆိုပါတယ်။
သင့်ရဲ့စိတ်ကို ပျော်ရွှင်စေချင်တယ်ဆိုရင်တော့ ဒီလိုအစားအစာမျိုးတွေကို ရွေးချယ်စားသုံးသင့်တယ်လို့ ဆိုပါ
တယ်။
ဟုတ်ကဲ့၊ စိတ်ပျော်ချင်တယ်ဆိုရင်တော့ ဒါတွေစားကြလို့ ညွှန်းဆိုချင်ပါတယ်။

ရေနက်ပင်လယ်ငါး
အမေရိကန် ဟာဖိုတက္ကသိုလ်မှ အာဟာရပညာရှင်ရဲ့ သုတေသနအစီရင်ခံစာအရ ငါးဆီထဲမှာပါတဲ့ အဆီဓါတ်
အက်စစ်ဟာ စိတ်ဖိစီးမှုကို ကုသပေးတဲ့ဆေးလို အာနိသင်ရှိပြီး လူခန္ဓာကိုယ်ထဲက စိတ်ပျော်ရွှင်လာစေနိုင်တဲ့
သွေးကြည်ရည်ဓါတ်ကို တိုးပွားလာစေနိုင်တယ်လို့ ဆိုပါတယ်။

ငှက်ပျောသီး
ငှက်ပျောသီးဟာ အရသာကောင်းတဲ့အပြင် သူ့ရဲ့အထဲမှာ AL-kaloid ဓါတ်တစ်မျိုးလည်း ပါပါတယ်။
AL-kaloid ဓါတ်ဟာ စိတ်အားပြည့်ဖြိုး ယုံကြည်စိတ် တိုးစေနိုင်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။

တရုတ်ဟင်းနုနွယ်
အစားအစာထဲမှာ ဖိုးလစ်အက်စစ်ဓါတ် ဖူဖူလုံလုံမရှိရင် အိပ်မပျော်၊ အတိတ်မေ့နဲ့ စိတ်ဖိစီးခြင်း စတဲ့ဝေဒနာတွေခံ
စားရတတ်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့အဆိုအရ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ သစ်သီးအားလုံးလိုလိုထဲမှာ ဖိုးလစ်အက်စစ်ဓါတ်
ပါရှိတယ်လို့ သိရပါတယ်။
အဲဒါအသီးအရွက်တွေထဲမှာမှ တရုတ်ဟင်းနုနွယ်ထဲမှာပါရှိတဲ့ ဖိုးလစ်အက်စစ်ဓါတ်ကတော့ ပမာဏအများဆုံး ဖြစ်
ပါတယ်။

ရွှေဖရုံသီး
ရွှေဖရုံသီးမှာ ဗီတာမင် ဘီ-၆နဲ့ သံဓါတ်တွေ ပါဝင်ပါတယ်။
အဲဒီ အာဟာရဓါတ်နှစ်မျိုးဟာ ခန္ဒာကိုယ်ထဲမှာသိုလှောင်ထားတဲ့ အချိုဓါတ်တွေကို ဂလူးကို့စ်အဖြစ် ပြောင်းလာစေ
နိုင်ပါတယ်။
ဂလူးကို့စ်ဟာ ဦးနှောက်အတွက်လိုအပ်တဲ့ တစ်ခုတည်းသော လောင်စာပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ ရွှေဖရုံသီးကို ပျော်ရွှင်သီးလို့လည်း လူတွေက ခေါ်ကြပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ အနံ့မကောင်းပေမဲ့ လူရဲ့စိတ်နေစိတ်ထားကိုတော့ ကောင်းလာစေနိုင်ပါတယ်။
ဂျာမဏီသိပ္ပံပညာရှင်တွေရဲ့ သုတေသနရလဒ်အရ ကြက်သွန်ဖြူစားပြီးနောက် စိတ်ဖိစီးမှုလျော့နည်းလာစေပြီး
စိတ်တို၊ စိတ်ကောက်တာလည်း လျော့ကျလာတယ်လို့ သိရပါတယ်။

Copy from http://myanmar.cri.cn/666/2013/11/04/1s27987.htm