• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, November 10, 2013

အသက် နှစ်နှစ်အရွယ် ကလေးနဲ့ ခြောက်လအရွယ် ကျားပေါက်လေးတို့ ကစားပုံကို ကြည့်ရှုသူ တစ်သန်းကျော်ရှိ


အသက် နှစ်နှစ်အရွယ် ကလေးနဲ့

 ခြောက်လအရွယ် ကျားပေါက်လေးတို့ ကစားပုံကို

ကြည့်ရှုသူ တစ်သန်းကျော်ရှိ

 November 10, 2013
Sunday

အသက် နှစ်နှစ်အရွယ် ကလေးငယ်လေးတစ်ဦးနဲ့ ခြောက်လအရွယ်ကျားပေါက်လေးတစ်ကောင်တို့ ကစားနေပုံကို
You Tube ၀က်ဘ်ဆိုက်မှာ လွှင့်တင်မှုပြုလုပ်ခဲ့ရာ တစ်ပတ်ကျော်အတွင်း ကြည့်ရှုသူ အရေအတွက် (၁ ဒသမ ၄)
သန်းကျော်အထိ ရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒီဗီဒီယိုဖိုင်ဟာ နှစ်မိနစ်လောက်ပဲရှိပြီး ကျားပေါက်လေးဟာ ကလေးငယ်လေးကို သူ့ရဲ့အဖော်အဖြစ် ထင်မှတ်
ပြီး ဆော့ကစားခဲ့ခြင်းဖြစ်ပါတယ်။
ဟိသ် နဲ့ ဂျက် ရှက်ဖာတို့ဟာ Hallowing  နေ့မှာ အသက်နှစ် နှစ်အရွယ် သားဖြစ်သူကိုခေါ်ပြီး ၀ါရှင်တန်မှာရှိတဲ့
တိရစ္ဆာန်ရုံကိုသွားခဲ့ကြပါတယ်။ Hallowing နေ့ဖြစ်တာမို့ သားငယ်လေးကို ကျားပုံစံအင်္ကျီ ၀တ်ဆင်ပေးခဲ့ပါတယ်။
တိရိစ္ဆာန်ရုံကွင်းမှာ သားဖြစ်သူမာရှယ်ဟာ ခြောက်လသားအရွယ် ဆူမူတြာကျားနဲ့ ဆော့ကစားမှုပြုခဲ့ပါတယ်။
တိရိစ္ဆာန်န်ရုံအတွင်းက ကျားကလည်း မာရှယ်ကို သူနဲ့အမျိုးတူ ကျားအဖြစ် နဲ့ ပြန်လည်ကစားခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ကြားမှာ မှန်နံရံခြားထားပေမယ့် ရင်းနှီးစွာ နှုတ်ဆက် ကစားနေပုံဟာ စိတ်လှုပ်ရှားဖို့ ကောင်းတာမို့
You Tube ပရိသတ်တွေ အကြိုက်တွေ့ခဲ့ခြင်းဖြစ်ပါတယ်။ မာရှယ်နဲ့ ကျားပေါက်လေးတို့ရဲ့ ကစားပုံဟာ ကာတွန်း ဇာတ်ကောင်ဖြစ်တဲ့ Calvin နဲ့ Hobbes တို့ ကစားပုံနဲ့ ဆင်တူနေတယ်လို့ မှတ်ချက်ပြု ရေးသားခဲ့ ကြပါတယ်။

Copy from http://www.messengernewsjournal.com

ကျုပ် သွားကြည့်တော့ ကြည့်သူ ၃သောင်းကျော်ပဲရှိသေးတယ်။
ဟုတ်မဟုတ် ကိုယ်တိုင်ဝင်ကြည့်လိုက်ကြပါ။
ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Little Boy In Tiger Costume Plays With A Tiger Cub