• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, November 11, 2013

ကရင်ပြည်နယ်နေ့မှသည် ကရင်နှစ်သစ်ကူးနေ့ဆီသို့


ကရင်ပြည်နယ်နေ့မှသည် ကရင်နှစ်သစ်ကူးနေ့ဆီသို့


November 11, 2013
Monday

By မင်းစိုးစံ

ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ကတော့ လုပ်ချလိုက်ပြန်ပြီ။
ဒီနှစ် ကျုပ်တို့ကရင်အမျိုးသားတွေရဲ့ နှစ်သစ်ကူးနေ့က ကမ္ဘာ့နှစ်သစ်ကူးနေ့နဲ့ တထပ်တည်းကျနေတယ်။
အဲဒါကြောင့် ကရင်လက်နက်ကိုင်အဖွဲ့တွေက အနည်းဆုံး အောက်ထစ် ကျပ်ငွေ သိန်းပေါင်း ၅၀၀၀ အကုန်ကျခံပြီး
ကျင်းပ မယ်ဆိုတာ လွန်ခဲ့တဲ့ လကတည်းက ပြောပြီးသား။

အခု ကရင်ပြည်နယ်နေ့မှာ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)က ကရင်ပြည်နယ်နေ့အတွက် ကျပ်ငွေ သိန်း ထောင်နဲ့ချီ
ရထားတဲ့ငွေတွေကို ဘယ်လိုအပျောက်ရိုက်ပစ်လိုက်လဲမသိဘူး။
ကရင်စာပေ၊ ယဉ်ကျေးမှုပြခန်း ဖြစ်မြောက်ဘို့ ဒီနှစ် ကရင်ပြည်နယ်နေ့ ပွဲဖြစ်မြောက်ရေးကော်မတီဆီက ပွဲရန်ပုံငွေ
၎သိန်းခွဲ အကူအညီတောင်းခံခဲ့တဲ့အကြောင်း ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ စောအေးမြ
က ကရင်သတင်းဌာနမှာပြောသွားတာ ဘတ်လိုက်ရပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ဟာ ကျုပ်တို့ ကရင်တိုင်းရင်းသားတွေအပေါ် နိုင်ထက်စီး
နင်း လုပ်တာမျိုးကိုဘယ်တော့မျှ မလျှော့ဘူးဆိုတာ သက်သေပြလိုက်တာပဲ။

KIC သတင်းစာထဲမှာ ရေးထားတာက
ယခုနှစ်ကရင်ပြည်နယ်နေ့တွင် ကရင့်ယဉ်ကျေးမှု ရိုးရာဓလေ့များကို ပြသထားခြင်း မရှိသလောက်ဖြစ်ပြီး ယာဉ်
ထိန်းရဲဌာန ပြခန်း၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးပြခန်း၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဌာနပြ
ခန်း၊ စက်မှုပြခန်း၊ သစ်တောဌာနပြခန်း စသည့် အစိုးရဌာနဆိုင်ရာ ပြခန်းများနှင့် Save the Children, World
Vision – Myanmar ပြခန်းများသာရှိနေပြီး ရိုးရာယဉ်ကျေးမှုပြခန်းမှာ နေရာအကျယ်နှင့် သရုပ်ပြဖော်ပြမှုအားနည်း
ကြောင်း အမျိုးသားလွှတ်တော်အမတ် စောအောင်ကျော်နိုင်က ပြောသည်။


“ဒီနှစ် ကရင်ရိုးရာယဉ်ကျေးမှုပြခန်းက ကျဉ်းကျဉ်းလေးပဲ နေရာပေးထားတယ်။ ပိုက်ဆံပိုရတဲ့ ဈေးဆိုင်တွေကိုတော့ နေရာများများပေးတယ်လေ။
ဈေးဆိုင်လေးတစ်ဆိုင်ဟာ သောင်းဂဏန်းအထိ အခွန်ပေးဆောင်ရတော့ အကျိုးအမြတ်ပိုရတယ်။
အရက်ဆိုင်၊ ဘီယာဆိုင်တို့ဆို အားလုံး ၈၀ရာခိုင်နှုန်းလောက် ရှိမယ်။”

RFA သတင်းဌာနမှာ စောအောင်ကျော်နိုင် က ဒီလိုပြောသွားပါသေးတယ်။
ပြောရလျင်တော့ ပြည်နယ်အစိုးရက ကရင်မဟုတ်လို့။  ဒီ ပြည်နယ်သားလည်း မဟုတ်လို့။
ကရင်ရဲ့အရေးအရာ ကရင်ရဲ့ကဏ္ဍကို မလုပ်မဖြစ်လို့ လွှတ်လိုက်ပြီးတော့ လုပ်တဲ့သဘောမျိုးပဲ။

 ဖားအံမြို့ခံ စဘီကျင်ဦးက


“ဒီနှစ်ကရင်ပြည်နယ်နေ့ဟာ ကရင်ပြည်နယ်နေ့နဲ့မတူတော့ပဲ ကုန်စည်ကြော်ငြာနဲ့ အစိုးရဌာနဆိုင်ရာ ကြော်ငြာတဲ့
ပွဲတော်နေ့ ဖြစ်နေတယ်လေ။
ပြည်နယ်နေ့အတွက် ကောက်ခံရရှိတာတွေက ကျပ်သိန်းထောင်ချီတယ်။
အဲဒါတွေ ဘယ်ကိုရောက်သွားလဲ မေးစရာဖြစ်တယ်။”
ဟု ပြောသည်။
ဒါကတော့ KIC သတင်းစာထဲမှာ စဘီဂျင်ဦးပြောသွားတာပါ။

RFA သတင်းဌာနမှာ သူပြောသွားတာကတော့
ပြည်နယ်ပွဲမှာ ပထမရတဲ့ဒုံးဆိုလျင်  ဒါ တကယ့်စံချိန်အမြင့်ဆုံး ဒုံးဖြစ်တယ်။ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ။
ဆိုတဲ့အနေအထားမှာ ဒုံးကောင်းတွေလည်း တော်တော်များတယ်၊  ဒုံးတွေကလည်း တော်တော်ထွက်နိုင်ကြ
တယ်။
ပံ့ပိုးမှုတွေလည်း အတိုင်းအတာတခုအထိရှိတယ်။ တချိန်တုန်းက။
အခုနောက်ပိုင်းမှာကျတော့ ပံ့ပိုးမှုတွေပဲ အားနည်းလို့လား၊ ဒါမှမဟုတ် ဘာသိဘာသာပဲနေလို့လား။
လုပ်ချင်လုပ် မလုပ်ချင်နေ ဆိုတဲ့ ပုံစံကြောင့်လားတော့မသိဘူး။
နောက်ဆုံး တကယ့် ဘားအံမြို့ပေါ့နော် ကရင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ဘားအံမြို့မှာဆို ဒုံးတာင်မထွက်နိုင်ဘူး။
၂နှစ်ရှိပြီ။


RFA သတင်းဌာနမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှည် ဒေါ်နန်းစေးအွာက ကရင်ပြည်နယ်နေ့အခန်းအနားနဲ့ပတ် သက်ပြီးသူ့ရဲ့အမြင်ကို ဒီလိုပြောသွားပါတယ်။

ဖြစ်သင့်တာကတော့ ကျမတို့တတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေပါ ဒီမှာဆိုလျင်ပေါ့နော် ကရင်စာပေနဲ့ယဉ်
ကျေးမှု တိုးတက်ပြန့်ပွါးရေးအသင်း ဆိုလျင် ဒါ ကရင်ပြည်နယ်တပြည်လုံးအတွက်ကို ကိုယ်စားပြုပါတယ်။
ပြီးတော့ ကရင်ပြည်နယ်မှာရှိတဲ့ ရပ်မိရပ်ဘ တွေနဲ့ပေါ့၊ စုပေါင်းပြီးတော့ ကရင်ပြည်နယ်နေ့အတွက်ဆိုလျင် ဘာ
တွေပါသင့်သလဲပေါ့နော်၊  ဘယ်လို ဒီပြိုင်ပွဲလေး ပျော်ပွဲရွှင်ပွဲလေး စည်စည်ကားကာဒဖြစ်အောင်ပေါ့နော်။ အဲဒါလေးတွေကို ဖြစ်မြောက်ရေးအနေနဲ့ ပေါင်းပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျမထင်ပါတယ်။


အဲဒီလိုပါပဲ RFA သတင်းဌာနမှာ ဖလုံ စဝေါ် ဒီမိုကရက်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးပြောသွားတာကတော့

ဒီအခန်းအနားကို ပါတီအဖွဲ့အစည်းတွေကိုတောင် ဘိတ်ကြားထားတာ မတွေ့ဘူး။
လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ မပြောတတ်ဘူး။
ခုဏက အဲဒီသ၀ဏ်လွှာတွေ ဆိုကြပါစို့ပေါ့၊ ဟို KNUKNLA PC အဖွဲ့ DKBA အဖွဲ့ KNU အဖွဲ့ အစရှိသည်ဖြင့်ပေါ့။
BGF  အဲဒီကနေပြီးတော့ အဲဒီအကြီးအကဲတွေရဲ့ သ၀ဏ်လွှာလေး ဘာလေးတို့ပေါ့၊ အဲဒါ ဟိုဒင်းမယ် ဆိုလို့ရှိလျင်
တော့ နည်းနည်းပိုပြီးတော့ သိုက်သိုက်မြိုက်မြိုက် ထည်ထည်ဝါ၀ါ ဖြစ်လာစေတယ်။
အခုကတော့ အခန်းအနားပိုင်းနဲ့ပတ်သက်ပြီးတော့ ဒါ သာမန်သဘောလောက်ပဲ မြင်ရတယ်ပေါ့လေ။

 ဒါတွေအားလုံးကို ခြုံငုံပြီးကြည့်လိုက်တဲ့အခါမှာတော့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ရဲ့ စိတ်နေသဘောထားဟာ ကရင်တွေအပေါ် ရိုးသားမှုမရှိဘူးဆိုတာ ထင်ရှားနေတဲ့အတွက် ကရင်ပြည်နယ်နေ့မှာ စစ်အစိုးရ(မြန်မာအစိုးရ)ရဲ့
သေးသိမ်တဲ့ လုပ်ရပ်မျိုး လာမယ့် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့မှာ မပေါ်ပေါက်နိုင်အောင် ကြိုတင်ပြီး ကာကွယ်
တားဆီးထားသင့်တယ်ဆိုတာကို သတိပေးရေးသားလိုက်ရပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)