• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, December 1, 2013

ကွမ်းသီးငတ်တဲ့ ကွမ်းသီးခြံသူဌေး

ကွမ်းသီးငတ်တဲ့ ကွမ်းသီးခြံသူဌေး

December 1, 2013
Sunday

By မင်းစိုးစံ

ဘုရားအနေကဇာတင်ပူဇော်ပွဲတော်ကို ရောက်ဖြစ်သွားတယ်။
အဲဒီနေ့က November ရဲ့ စတုတ္ထပါတ်ဖြစ်တဲ့ ကြာသာပတေးနေ့ဆိုတော့ အမေရိကန်တနိုင်ငံလုံး Thanksgiving
ပွဲတော်ကို ကျင်းပတဲ့နေ့ပါ။
အဲဒါ သူငယ်ချင်းတစ်ယောက်က ဘုရားအနေကဇာတင်ပွဲရှိတယ်လေ မသွားဘူးလားလို့မေးတော့ အသားကင်စား
ချင်တဲ့စိတ်ကို အတင်းဆွဲထုတ်ပစ်လိုက်ပြီး ဘုန်းကြီးကျောင်းကိုသွားဖြစ်အောင်မနည်းကြီးကြိုးစားလိုက်ရတယ်။
အသားကင်ဆိုတာထက် သောက်စရာအကောင်းစားတွေကို ပိုမက်တာဗျို့။
ဆံပင်တွေဖြူကုန်သလို သွားတွေက လည်း မရှိသလောက်ဖြစ်နေတော့ အဖတ်ထက် အရည်က မျိုရတာပိုလွယ်
တယ်လေဗျာ။

ဖြစ်ချင်တော့ ကျုပ်တူမလေးက ဒီနေ့အသားကင်စားဘို့မဖြစ်တော့ဘူး။
သူတို့အားလုံး အ၀စားဆိုင်မှာ သွားစားကြ မှာဆိုတော့ ကျုပ်နဲ့က မကိုက်ဘူး။
သွားမရှိဘူး၊ မျာများလည်းမစားနိုင်ဘူး။ အ၀စားဆိုင်မှာ လူတစ်ကိုယ်စာကို ၁၄ဒေါ်လာလေ။
ကျုပ်က ၆ဒေါ်လာတန် ခေါက်ဆွဲတစ်ပွဲလောက်ပဲစားနိုင်တာ။
ကျုပ်တူမလေးက ပြောတာပေါ့ ဦးလေးအတွက်ပိုက်ဆံထုတ်ပေးမှာပါ။
လိုက်ခဲ့ဘို့ ဘယ်လိုပဲပြောနေပေမယ့် ကျုပ်မသွားဘူး။
အဲဒီဆိုင်မှာက အစားတွေစုံတယ်။ ဟင်းရွက်စုံ။ ကျက်ပြီးသား အသားစုံ။ အသီးအနှံ။ ရေခဲမုန့်။ ယှူယှီ။ အချိုရည်။ အကြော်။အကင်။ အပြုတ်။ အစုံကို ရှိတာ။ ကြိုက်တာကိုယူပြီးစားလို့ရတဲ့နေရာပါ။ အဖုတ်တော့ မရှိဘူး။
ကျုပ်လိုက်ပြီး မစားချင်တာကို မစားထိုက်လို့ မစားရတာ၊ စားထိုက်တဲ့လူဆိုလျင် လိုက်စားမှာပေါ့။ လွန်ခဲ့တဲ့ဘဝ
မှာတုန်းက သူများအပေါ်မနာလိုဝန်တိုစိတ်မွေးခဲ့လို့ ဒီဘ၀မှာ မစားထိုက်တာဆိုပြီး ပြောတဲ့လူတော့ရှိသား။

ဟုတ်မလားမသိဘူး။ ကျုပ်တို့ တပ်မဟာ ၆ခွင်ဖြစ်တဲ့၊ ကျိုက်တုံ၊ ဖါးကလောနီ၊ အဇင်း၊ မိုက်နောင်အာ၊ မဲ့သရော ခီး၊ ကွီးခလယ့်၊ ဖေါချိမု၊ ထီးချာရာ၊ ပိုင်ခလန် အဲဒီတစ်လျှောက် ကွမ်းသီးခြံတွေ အောတိုက်ပေါ့ဗျာ။
ရွာတစ်ရွာရဲ့ ကွမ်းသီးခြံသူဌေးတစ်ယောက်ခမျာမှာတော့ ကွမ်းသီးမစားရက်ရှာဘူး။

ကျုပ်မေးကြည့်တော့ သူဟာအင်မတန် ကွမ်းသီးကြိုက်ကြောင်း၊ ကွမ်းသီးမစားပဲ ကွမ်းသီးခွံနဲ့ ကွမ်းသီးကြားမှာရှိ
တဲ့ ကွမ်းသီးအမြှေးခွံကိုသာ စားကြောင်း၊ သူသာကွမ်းသီးစားမယ်ဆိုလျင် အခုလိုကွမ်းသီးခြံသူဌေးဖြစ်လာမှာမ
ဟုတ်ကြောင်း၊ ဒါကြောင့်အခုထိ ကွမ်းသီးမြှေးကို ကွမ်းရွက်မပါပဲစားတာဖြစ်ကြောင်း ပြောပြပါတယ်။
ကျုပ်က ဆက်မေးတာပေါ့၊ ခင်ဗျားအခုလိုရတဲ့ငွေတွေကို ဘာလုပ်ပစ်လဲလို့ မေးတော့၊ မော်လမြိုင်မြို့မှာ ကုန်စုံဆိုင်
နှစ်လုံးအပြင်ကို နောက်ထပ်ဆိုင်သစ် ခပ်ကြီးကြီးသုံးလုံး ဆောက်ဘို့စီစဉ်ထားကြောင်း ပြောပါတယ်။
ကျုပ်မစားထိုက်ဘူးပဲထားလိုက်ပါတော့။ အဲဒီလိုသူဌေးမျိုးတော့ မဖြစ်ချင်ပါဘူး။

ဘာကြောင့် အလကားစားရမှာဖြစ်တဲ့ အ၀စားဆိုင်ကအစားအသောက်ကို မစားရသလဲဆိုတာကို ပြောပြရမယ်ဆို
လျင်၊ မကုန်သင့်တဲ့နေရာမှာ မကုန်စေချင်လို့ပါ။
ငွေ ၁၄ဒေါ်လာဆိုတာ ဘာမျှမဟုတ်ပေမယ့်၊ ကျုပ်က အဲဒီဆိုင်မှာစားလိုက်လို့ ကုန်မယ့်ငွေကို အခြားနေရာမှာ သုံး
လို့ရတာပေါ့။
ဥပမာ ၁၄ဒေါ်လာဘိုးရှိတဲ့ ပစ္စည်းလေးတွေကို ၀ယ်သုံးလိုက်ခြင်းအားဖြင့် အခြားနေရာမှာ ကုန်မယ့်ငွေသက်သာ
တာပေါ့။
သူဌေးဖြစ်ဘို့ မစားရက် မသောက်ရက်တဲ့စာရင်းထဲမှာ ကျုပ်မပါ ဘူး။

ကျုပ်ကိုစိတ်ဆိုးပြီး ကျုပ်တူမလေးဖုန်းချသွားတယ်။ ကျုပ်လည်း ဘုန်းကြီးကျောင်းရောက်သွားတယ်ပေါ့ဗျာ။ ဘုန်းကြီးကျောင်းက မြို့ပြင်မှာ၊ အင်မတန်ကိုအေးဆေးတဲ့နေရာ ဆိတ်ငြိမ်တဲ့နေရာဖြစ်ပါတယ်။ ဆောင်းဝင်လာ လို့ အေးတာမဟုတ်ဘူးနော်။ လူနေအိမ်ခြေနဲ့ ဝေးတာကိုပြောတာ။

ဘုရားအနေကဇာတင်တယ်ဆိုတာ ကြားဘူးနေတာကြာလှပေါ့။
ဒါပေမယ့် ဘာကြောင့်ဘုရားအနေကဇာတင် ရသလဲ။
ဘုရားအနေကဇာတင်တယ်ဆိုတာဘာလဲ။ အသေအခြာကိုမသိတာ။
ကျုပ်ကြားဘူးတာက ဘုရားကို သိဒ္ဓိတင်ပေးတယ်ဆိုလား။ ဘုရားကို တန်ခိုးရှိအောင်လုပ်တယ်ဆိုလား။
လူက ဘုရားကို သိဒ္ဓိတင်ပေးတယ်ဆို တာတော့ မဖြစ်နိုင်ဘူးလို့ထင်တာပဲ။
ဒီတော့ Google ထဲသွားပြီး ဘုရားအနေကဇာတင် ဆိုတဲ့ စာလုံးကိုရိုက်ချ လိုက်တော့ အခုလိုရေးထားတာကို
မှတ်သားရပါတယ်။

ဘုရားအနေကဇာတင် ဂါထာ

အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊ ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဂဟကရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ၊ သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ။

၁။ ပုနပ္ပုနံ-ဘ၀သံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ၊ ဇာတိ- ယောနိလေးထွေ လှည့်ပတ်ဖွေ
လျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်၊ ဒုက္ခာ-သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာနောက်
ဆက် ၀င်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်ရဲလှဘိ၏။

(တသ္မာ-ထို့ကြောင့်) အဟံ-ဘုရားအလျာ သူမြတ်ငါသည်၊ ဂဟကာရံ - ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ် ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာအကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား
လက်သမားကို၊ ဂဝေသန္တော -လက်သည်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက်၊ (၀ါ)
စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်၊ အနိဗ္ဗိသံ-အနိဗ္ဗိသန္တော-တဏှာယောက်ျား လက်သမားကို
ပိုင်ခြားထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတာ ဥာဏ်မဟာကို သမ္ဘာနုထွေး ငါမရသေးသည်ဖြစ်၍ (၀ါ) ငါမ
ရသေးသောကြောင့်၊ အနေကဇာတိ သံသာရံ-ဘ၀များစွာ သံသရာကာလပတ်လုံး၊ သန္ဓာဝိဿံ-ခန္ဓာငါးချက်
ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌ မရပ်မနား တဖားဖားလျှင် ပြေးသွား
ကျင်လည် ခဲ့ရလေပြီ။

၂။ ဂဟကာရက-ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာ အ
ကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား ဟယ်... လက်သမား၊ ဣဒါနိ- ဘုရားဖြစ်လာ ယခုအခါ၌၊
တွံ-သင် တဏှာယောက်ျား လက်သမားကို၊ ဒိဋ္ဌော- သဗ္ဗညုတ ဥာဏ်ကိုရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်၊ အ
သိ-ဖြစ်ပေ၏၊ တွံ-သင်တဏှာယောက်ျား လက် သမားသည်၊ ဂေဟံ-ဒုက္ခယှက်လိမ် ခန္ဓာကိုယ် အတ္တဘောတည်း
ဟူသောအိမ်ကို၊ ပုန န ကာဟသိ-နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဥာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်
ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်လှောက် နင်ဆောက်လုပ်နိုင်တော့
မည် မဟုတ်ချေ။

 တေ-သင် တဏှာယောက်ျား လက်သမား၏၊ သဗ္ဗာ-တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော၊ ဖာသုကာ-အ
ခိုင်အမာတည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်လျောက်ဒိုင်းမြား ကိလေသာအခြင်ရနယ်
တရားတို့ကို၊ ဘဂ္ဂါ-၀ါသနာ အငွေ့အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်
လေပြီ၊ ဂဟကူဋံ-သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်
ကာ အ၀ိဇ္ဇာ တည်းဟူသော အိမ်၏အထွတ်ကို၊ ၀ိသင်္ခတံ-မုန့်မုန့်ကြေမွ ငါဖျက်ချအပ်လေပြီ၊ စိတ္တံ-ကိလေသာဟူ
မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်၊ ၀ိသင်္ခါရံ-သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်း
ရာအမှန် နန်းနိဗ္ဗာန်သို့၊ ဂတံ-အာရုံမျက်မှောက် သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ။ အ
ဟံ-သုံးလောကထွတ်ထား ငါဘုရားသည်၊ တဏှာနံ ခယံ-တဏှာတရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသ၀က္ခယ
စတုတ္ထမဂ်ဖိုလ်သို့၊ အဇ္ဈဂါ-စက္က၀ါရိုက်ခြောင်း တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်
သာဝမ်းမြောက် ငါ ဆိုက်ရောက်ခဲ့လေပြီတကား။

Copy from http://wannithara.blogspot.com/2012/07/normal-0-false-false-false-en-us-x-none.html

 အောက်က ရုပ်သံအပိုင်းအစလေးကတော့ ဘုရားအနေကဇာတင် ပူဇော်ပွဲက မှတ်တမ်းလေးဖြစ်ပါတယ်။ အ
မြင်မရှင်း အတွေးမမှန်တဲ့ ကျုပ်လိုလူတွေ(ရှိများရှိနေမယ်ဆိုလျင်)အတွက် ဆရာတော် အရှင်ဥတ္တမာလင်္ကာရ
ဟောပြောဖေါ်ပြတဲ့ တရားအပိုင်းအစလေးကို နာယူကြပြီးသည့်ကာလမှန်ကန်တဲ့အယူအဆများ ဖြစ်တည်နိုင်
ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)