"လ" စူးစမ်းရေးယာဉ် တရုတ်လွှတ်တင်
by ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးယာဉ် လပေါ်ကို လွှတ်တင်လိုက်ပါပြီ။
ရည်မှန်းချက်ကြီးစွာနဲ့ အခုနောက်ဆုံးစမ်းသပ်လိုက်တဲ့ အာကာသအစီအစဉ်ဟာ ကမ္ဘာမှာ တရုတ်ရဲ့ကျော်ကြားမှု
အရှိန်အဟုန်ကို ထင်ဟပ်စေပါတယ်။
Jade Rabbit ကျောက်စိမ်းယုန်ကလေးလို့ နာမည်ပေးထားတဲ့ ဘီးတပ်ယာဉ်ငယ်တင်ဆောင်ထားတဲ့ Chang’e-3
Lunarစူးစမ်းရေးယာဉ်ကို စွမ်းအားမြှင့်ရော့ကက်ပေါ်တင်ပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်း Sichuan ပြည်နယ်၊
Xichang ဂြိုဟ်တုလွှတ်တင်စခန်းကနေ Greenwich စံတော်ချိန် 1730 - တရုတ်ဒေသစံတော်ချိန် တနင်္လာနေ့ မ
နက်စောစောမှာ လွှတ်တင်ခဲ့တာပါ။
အဲဒီရော့ကက်လွှတ်တင်တာကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီ Chang’e-3 Lunar ယာဉ်ဟာ လမျက်နှာပြင်ပေါ်ကို ဒီဇင်ဘာလလယ်ပိုင်းမှာ ရောက်ရှိမှာဖြစ်ပြီး သဘာဝအ
ရင်းအမြစ်တွေကို စူးစမ်းလေ့လာ မှာဖြစ်ပါတယ်။
အမေရိကန်နဲ့ ရုရှားက လပေါ်ကို အလားတူ စူးစမ်းရေးယာဉ်တွေလွှတ်တင်ခဲ့ပြီးဖြစ်လို့ ဒီတရုတ်ရဲ့ လ စူးစမ်းရေး
ယာဉ်ဟာ တတိယ မြောက်ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်ကတကြိမ် တရုတ်ရဲ့ "လ” စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်ခဲ့ဖူးပေမဲ့ မာကြောတဲ့ "လ"မျက်နှာပြင်
ပေါ်ဆင်းသက်ခဲ့တဲ့အတွက် ပျက်ကျခဲ့ပါတယ်။
၁၉၇၆ ခုနှစ်က ရုရှားကလွှတ်တင်ခဲ့တဲ့ “လ” စူးစမ်းရေးယာဉ်ကတော့ ပျော့ပြောင်းတဲ့မျက်နှာပြင်ပေါ်အောင်မြင်စွာ
ဆင်းသက်နိုင်ခဲ့ပါတယ်။
http://burmese.voanews.com/content/china-moon-jade-rabbit-/1801451.html
ချန်အို-အမှတ်-၃
အာကာသ စူးစမ်းလေ့လာရေးယာဉ်ရဲ့
လကမ္ဘာခရီး အောင်မြင်စွာ တာထွက်ပြီ
2013-12-02
တရုတ်ပြည်က ကိုယ်ပိုင်တီထွင်ထုတ်လုပ်တဲ့ ချန်အို-အမှတ်-၃ အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို ဒီနေ့
၂-ရက်နေ့မှာ စီချန်း-ဂြိုဟ်တု လွှတ်တင်ရေး စခန်းကနေ အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး သတ်မှတ်ထားတဲ့ လမ်း
ကြောင်းသို့ ဝင်ရောက်ခဲ့ကာ လကမ္ဘာသို့ ပျံသန်းနေပါတယ်။
ချန်အို-အမှတ်-၃ အာကာသ စူးစမ်းလေ့လာရေးယာဉ်ဟာ ဒီလ ဒုတိယ ၁၀-ရက်ပိုင်းအတွင်း လကမ္ဘာ Sinus
Iridum-ဒေသမှာ ဆင်းသက်မှာ ဖြစ်ပါတယ်။ အဲဒါဟာ တရုတ်ပြည်ရဲ့ လကမ္ဘာစူးစမ်းလေ့လာရေးမှာ အရေးကြီးတဲ့
ခြေလှမ်းတစ်လှမ်း တက်လှမ်းခဲ့ပြီဆိုတဲ့သဘောကို ဆောင်နေကြောင်း သက်ဆိုင်ရာ ပညာရှင်များက ပြောကြားပါ
တယ်။
ဒီနေ့ နံနက် ၁-နာရီ မိနစ် ၃၀-အချိန်မှာ ချန်အို-အမှတ်-၃ အာကာသစူးစမ်းလေ့လာရေးယာဉ်ကို သယ်ဆောင်ထား
တဲ့ချန်ကျင်း-ခ-သယ်ဆောင် ဒုံးပျံကို စီချန်း-ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ အောင်မြင်စွာလွှတ်တင်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ပီကင်းအာကာသ ပျံသန်းရေး ဆိုင်ရာ ထိန်းချုပ်ရေး ဗဟိုဌာန၊ စီအန်း-ဂြိုဟ်တုတိုင်းထွာထိန်း
ချုပ်ရေးဗဟိုဌာန၊ ချင်းတောင်၊ ရှမင်၊ ခါရှ်-စတဲ့ဒေသတွေမှာရှိတဲ့ မြေပြင်တိုင်းထွာထိန်းချုပ်ရေးစခန်းတွေနဲ့ ယွမ်ဝမ့်
လို့ အမည်တွင်တဲ့ ပင်လယ်ပြင်တိုင်းထွာရေးသင်္ဘောတို့ဟာ သယ်ဆောင်ရေးဒုံးပျံရဲ့ပျံသန်းမှုကို လိုက်လံတိုင်းထွာ
ထိန်းချုပ်ခဲ့ကြပါတယ်။ ၁၉-မိနစ်ကြာ ပျံသန်းပြီး ချန်အို-အမှတ်-၃ အာကာသ စူးစမ်းလေ့လာရေးယာဉ်နဲ့ ချန်ကျင်း
ခ-သယ်ဆောင်ဒုံးပျံဟာ အောင်မြင်စွာခွဲခြားခဲ့ပါတယ်။
နံနက် ၂-နာရီ ၂၁-မိနစ် အချိန်မှာ စီချန်-ဂြိုဟ်တု လွှတ်တင်ရေး စခန်း ဒါရိုက်တာချုပ် ကျန်းကျင့်ကျုံး-က ပီကင်း
အာကာသ ပျံသန်းရေး ဆိုင်ရာ ထိန်းချုပ်ရေး ဗဟိုဌာနရဲ့ တွက်ချက်မှုအရ ချန်အို-အမှတ်-၃ အာကာသ စူးစမ်းလေ့
လာရေးယာဉ်ဟာ ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းသို့ တိကျမှန်ကန်စွာ ဝင်ရောက်ခဲ့ကြောင်း၊ ဒီအကြိမ် ချန်အို-အမှတ်-၃ ဂြိုဟ်တုလွှတ်တင်မှုဟာ အပြည့်အဝအောင်မြင်ခဲ့တယ်လို့ ကြေညာကြောင်း ပြောကြားပါတယ်။
သယ်ဆောင်ဒုံးပျံစံနစ် ဒီဇိုင်းဆရာချုပ် ကျန်းကျယ်-က ဒီအကြိမ်လွှတ်တင်ခြင်းဟာ ချန်ကျင်း-ခ-သယ်ဆောင် ဒုံးပျံ
ကို ၅၈-ကြိမ်မြောက် အောင်မြင်တဲ့လွှတ်တင်ခြင်း ဖြစ်ကြောင်း၊ ၂၀၁၀-ပြည့်နှစ်မှ ၂၀၁၂-ခုနှစ်အထိ ၃-နှစ်အတွင်း ချန်ကျင်း-ခ သယ်ဆောင် ဒုံးပျံကို စုစုပေါင်း ၂၆-ကြိမ် အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း ပြော
ကြားပါတယ်။
တရုတ်ပြည် လကမ္ဘာစူးစမ်းလေ့လာရေးလုပ်ငန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖေကြောက်ယွီ က ချန်အိုအမှတ်-၃ လ
ကမ္ဘာပေါ်မှာဆင်းသက်ပြီးနောက် လုပ်ဆောင်ရမယ့်အဓိက လုပ်ငန်းတာဝန်ဟာ ၃ခုရှိကြောင်း ပြောကြားပါတယ်။
သူက အဲဒီ လုပ်ငန်းတာဝန် ၃-ခုမှာ လကမ္ဘာ ပထဝီအနေအထားနဲ့ မြေအသွင်အပြင်ကို စူးစမ်းလေ့လာရေး၊ လ
ကမ္ဘာမြေပြင် အရာဝတ္ထုနဲ့ အသုံးပြုနိုင်တဲ့သယံဇာတတွေကို စူးစမ်းလေ့လာရေး၊ ကမ္ဘာမြေကြီး plasma-စူးစမ်း
တိုင်းထွာရေးနဲ့ လကမ္ဘာပေါ်မှာ အာကာသကိုအကဲခတ်ရေးတို့ပါရှိကြောင်း ပြောကြားပါတယ်။
Copy from http://myanmar.cri.cn/666/2013/12/02/1s28424.htm