နီရဲသော နှင်းဆီပွင့်ပမာတွေး၍
မရင့်သောပန်းနုရောင်ပွင့်ချပ်ဖြင့် ရေးသည်
Thursday
By မင်းစိုးစံ
ကျုပ်တို့အားလုံးဟာ ကျောက်ခေတ်ကိုကျော်လွန်လာခဲ့ကြသူတွေပါ။ အတွေးအခေါ်တွေကအစ ကျောက်ခေတ်
ကထက် ပိုပြီးမြင့်မားလာကြပြီလို့ ယူဆရမှာဖြစ်ပါတယ်။
ဒီလိုအတွေးအခေါ်တွေမြင့်မားလာကြလို့သာ ကျည်ဆံရထားတွေဖြစ်လာတယ်၊ လပေါ်ကိုရောက်အောင်သွားနိုင်
ကြတယ်၊ တိုက်မြင့်ကြီးတွေဆောက်နိုင်ကြတယ်၊ နေရာညပါ အလင်းရောင်တွေရအောင်လုပ်နိုင်ကြတယ်။ ဒါတွေအားလုံးဟာ လွတ်လပ်တဲ့အတွေးအခေါ်ကြောင့်ဆိုလျင် မမှားနိုင်ဘူးလို့ဆိုချင်ပါတယ်။
လွတ်လွတ်လပ် လပ်မတွေးခေါ်တတ်ဘူး မတွေးနိုင်ဘူးဆိုလျင် အဲဒါတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်သွားနိုင်မယ်လို့ ထင်ပါတယ်။
ဒီတော့ကာ ကျုပ်တို့အားလုံး လွတ်လွတ်လပ်လပ် တွေးကြပါသလား။ ရဲရဲဝန့်ဝန့်တွေးတောကြပါရဲ့လား။ ရဲရဲတွေး ဘို့လိုအပ်ပါသလား။ ဘာကြောင့်လိုပါသလဲ။ ရဲရဲဝန့်ဝန့်တွေးတောပြီး ရဲရဲဝန့်ဝန့်လုပ်နိုင်ကြပါရဲ့လား။ ရဲရဲလုပ်ဘို့ လိုအပ်ပါသလား။ ဘာကြောင့်လိုအပ်သလဲ။
အခုလို စကားကိုမလိုအပ်ပဲ နိဒါဏ်းပျိုးနေရတာက အကြောင်းရှိပါတယ်။
ကျုပ်ရေးခဲ့တဲ့ ကရင်နိုင်ငံတော်သီချင်း ဆိုတဲ့ ဆောင်းပါးတိုလေးထဲမှာ ဒီနှစ်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်မှာ
ကရင်လက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး စစ်ရေးပြအခမ်းအနားလုပ်မယ်ဆိုပြီးရေးခဲ့မိပါတယ်။
မကြာပါဘူး တိုက်တိုက်ဆိုင်ဆိုင် တနေ့ထဲမှာပဲ စစ်ရေးပြအခမ်းအနားတွေ မလုပ်တော့ဘူးဆိုတဲ့အကြောင်း KIC
သတင်းထဲမှာတွေ့လိုက်ရတော့ ကျုပ်တွေးနေမိပါတယ်။ လုပ်မယ်ပြောပြီးမှ မလုပ်ဖြစ်တာ ဘာကြောင့်လဲပေါ့လေ။
ပြီးတော့ အတွေးက ကျယ်ပြန့်လာလိုက်တာ ကရင်စကားပုံတစ်ခုကိုပြန်သတိရမိတဲ့အထိပဲ။
ကရင်စကားပုံတစ်ခုမှာ ဟှိုင့်ဍေဏါ. ဏဲါလာ.လိုင်ဃှေဝ် ဍးဍေမေံ ဏဲါလာ. ဏင်ပေ၀့် ဆိုတဲ့စကားပုံပါ။ အဓိပ္ပါယ်က နားနဲ့ကြားရယုံလေးနဲ့မယုံလိုက်ပါနဲ့ တဲ့။ မျက်စိနဲ့တွေ့လျင်တောင် နည်းနည်းလေးပဲယုံပါ တဲ့။
ကရင်အမျိုးသားနှစ်သစ်ကူး ကျင်းပရေးကော်မီတီက အသေအခြာကြေငြာထားပြီးမှ အခုလိုဆိုတော့ ကရင်စကား
ပုံက ဒီနေရာမျိုးမှာ အသုံးများတည့်နေသလားမသိဘူး။
ဟုတ်ပါပြီ ကျုပ်တို့တွေးကြည့်ကြပါစို့။ ဒီနှစ်ကရင်အမျိုးသားနှစ်သစ်ကူးနေ့က ကမ္ဘာ့နှစ်ဆန်း(၁)ရက်နေ့နဲ့ တိုက်
ဆိုင်နေတဲ့အပြင် ကရင်လက်နက်ကိုင်တွေစုဖွဲ့ပြီး တစုတစည်းတည်း ကျင်းပကြမယ်ဆိုတော့ ၀မ်းမြောက်စရာပဲ
မဟုတ်ပါလား။ ဒါ့အပြင် စုပေါင်းပြီး စစ်ရေးပြအခမ်းအနားကိုပါ လုပ်ကြမယ်ဆိုတော့ အင်မတန်ကိုပီတိဖြစ်မိရပါ
တယ်။ အခုလိုဆုံးဖြတ်တယ်ဆိုတာ အားလုံးဆွေးနွေးပြောကြဆိုပြီးမှ သဘောတူဆုံးဖြတ်ကြတာလို့လည်း နား လည်ရပါတယ်။
အခုတော့ မဖြစ်တော့ဘူးတဲ့။
မကြေငြာခင်မှာ အသေအခြာဆွေးနွေးထားကြပါတော့လား တာဝန်ရှိလူကြီးမင်း အပေါင်းတို့ရယ်၊ တိုင်းသိပြည်သိ
ကမ္ဘာသိ ကြေငြာပြီးကာမှ မဖြစ်တော့ဘူးဆိုတာကို ပြောလိုက်တော့ ကလေး ဆန်မနေဘူးလား။
ဘာကြောင့်လဲဆိုတော့ ကျုပ်တို့တတွေ ကလေးဘ၀တုန်းကလို စိမ်ပြေးတမ်းကစားသလို လိုက်တဲ့လူအဝေးမှာ ရှိ
နေချိန်မှာတော့ လျှာကလေးထုတ် စိမ် စိမ် လို့အော်ပြီး ပြောင်ချော်ချော်လုပ်ပြ၊ နီးလာလို့ မိတော့မယ်လည်းဆိုရော
ဗျတ် ကနဲထိုင်ချပြီး ခပ်တည်တည်ဘွာတေးလုပ်တဲ့ ပုံစံမျိုးဖြစ်မနေဘူးလား။
ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ပွဲလေဗျာ။ ငွေရေးကြေးရေးအရလည်း မနည်းလှပေဘူး။
အကြောင်းတခုခုတော့ ရှိရမယ်။ လူကြီးလူကောင်းပီပီ ကရင်လူထုကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေပီပီ အသေ
အခြာဆွေးနွေးဆုံးဖြတ်ကြပြီး တိုင်းသိပြည်သိ ကမ္ဘာသိကြေငြာပြီးကာမှ ထပ်ဆွေးနွေးဆုံးဖြတ်ပြီး ဖျက်သိမ်းလိုက်
တယ်ဆိုတာကို ဘာကြောင့်ပြန်ပြောရသလဲ။
ဒီနေရာမှရဲရဲတွေးမယ်ဗျာ။
ဗမာစစ်အစိုးရ မကြိုက်လို့လား။ ဗမာစစ်အစိုးရ စိတ်အနှောင့်ယှက်ဖြစ်မှာ စိုးလို့လား။ ဗမာစစ်အစိုးရ မကြိုက်တာ
ကိုလုပ်မိလျင် ဘာတွေဖြစ်လာနိုင်သလဲ။ ဗမာစစ်အစိုးရ စိတ်အနှေင့်ယှက်ဖြစ်သွားလျင် ဘာတွေဖြစ်လာမှာမို့လဲ။ ဘာကြောင့်၊ ဘာအတွက်နဲ့ ဆုံးဖြတ်ထားပြီးသားကို မလုပ်ဖြစ်ရတာလဲ။
နှစ်သစ်ကူးကျင်းပရေးကော်မတီ နာယကတစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF) အမှတ်(၃)၊တိုက်
နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူက
“ဒီလိုနှစ်သစ်ကူးနေ့အခမ်းအနားမှာ လူထုတွေအရှေ့ လက်နက်တွေနဲ့စစ်ရေးပြတာ မသင့်တော်ဘူးထင်လို့ အရေး
ပေါ်အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်လိုက်တာပါ”
လို့ ကေအိုင်စီကို ပြောတဲ့အကြောင်း KICသတင်းထဲမှာ ရေးထားတာတွေ့ရပါတယ်။
အဲဒါကိုအစည်းအဝေးတွေလုပ်မယ့်အချိန်တုန်းက ထည့်မစဉ်းစားထားကြဘူးလား။ မကြေငြာခင်မှာ ကြေကြေလည်လည်ဆွေးနွေးထားဘို့ မလိုဘူးလား။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ ကရင်လူမျိုးတွေ
ရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့ နှစ်သစ်ကူးနေ့အခမ်းအနားမှာ လူထုရှေ့လက်နက်ကိုင် စစ်ရေးပြတာဟာ မသင့်တော်တဲ့
အတွက် ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီက ဒီဇင်ဘာ ၅ရက်နေ့က အရေးပေါ်အစည်းအဝေးခေါ်ပြီးဆုံးဖြတ်
ခဲ့ကြတာတဲ့။
ကရင်အမျိုးသားအစည်းအရုံး KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး စောဂျော်နီက
“စစ်ရေးပြအခမ်းအနားဆိုတာက ကရင်တော်လှန်ရေးနေ့တို့၊ အာဇာနည်နေ့တို့မှာပဲ ထည့်သွင်းကျင်းပတာဖြစ်
တယ်။
နှစ်သစ်ကူးနေ့နဲ့တော့ သက်ဆိုင်မှုမရှိပါဘူး။
ဒါကြောင့် ကော်မတီကနေ ဒါကိုမလုပ်တော့ဘဲ ဆုံးဖြတ်အတည်ပြုလိုက်တာဖြစ်တယ်”
ဆိုပြီး KICမှာ ပြောထားပြန်ပါတယ်။
ဒါဆိုလျင် ကျုပ်တင်ထားတဲ့ ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနားက စစ်ရေးပြအခမ်းအနားဆိုတာ တကယ်
မှ ဟုတ်ရဲ့လား လံကြုပ် လုပ်ကြံထားတာများလား။
အဲဒီတော့ ကျုပ်တင်လိုက်တဲ့ရုပ်သံဖိုင်နဲ့ပတ်သက်ပြီး သေသေခြာခြာ ပြန်စိစစ်ဘို့လိုလာပြီလို့ နားလည်မိတဲ့အ
တွက် ကျုပ်ပြန်စစ်ဆေးလိုက်ပါတယ်။
ဒီရုပ်သံဖိုင်ရဲ့ မူရင်းပိုင်ရှင်က di di taw taw ဆိုသူဖြစ်ပြီး video စုစုပေါင်း 45 ခုရှိပါတယ်။ ကျုပ်ကူးယူတဲ့ ဖိုင်နာ
မည်က Karen new year 7 bdg ဖြစ်ပြီး လိပ်စာက https://www.youtube.com/watch?v=Tbyb8kog7BI
ဖြစ်ပါတယ်။
ဘာကြောင့်အခုလို ပြန်စစ်နေရသလဲဆိုတော့ စစ်ရေးပြအခမ်းအနားဆိုတာက ကရင်တော်လှန်ရေးနေ့တို့၊ အာဇာ
နည်နေ့တို့မှာပဲ ထည့်သွင်းကျင်းပတာဖြစ်တယ်။ နှစ်သစ်ကူးနေ့နဲ့တော့ သက်ဆိုင်မှုမရှိပါဘူး။ ဆိုတဲ့ ကရင်အမျိုး
သားလွတ်မြောက်ရေးတပ်မတော်(KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီရဲ့ ပြောဆိုမှုကြောင့်ပါ။
စစ်ဆေးတဲ့အခါမှာတော့ အပြန်ပြန်အလှန်လှန်ကို အထပ်ထပ်အခါခါ နားစိုက်ထောင်ပါတယ်။
ပြီးတော့ ရုပ်ပုံကတခြား အသံကတခြားဖြစ်နေသလား ဆိုတာကိုလည်း ဂရုတစိုက်ကြည့်ရှုစစ်ဆေးပါတယ်။ ပုံယူ ပြီး အသံဖြည့်ထားတာများလားပေါ့နော်။ ပညာရှင်မဟုတ်တဲ့အတွက် အသေအခြာတော့ မခွဲခြားနိုင်ခဲ့ပါဘူး။
မိတ်ဆွေတို့အနေနဲ့အသေအခြာခွဲခြားနိုင်အောင် အဲဒီလိပ်စာအတိုင်းသွားရောက် စစ်ဆေးကြည့်ဘို့မေတ္တာရပ်ခံ
ပါရစေ။
အဓိက ကတော့ ဒီစစ်ရေးပြအခမ်းအနားဟာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာ ကျင်းပတာဟုတ်တယ် မဟုတ်
ဘူးဆိုတာသာဖြစ်ပါတယ်။ ကျုပ်စစ်ကြည့်လိုက်တဲ့အခါ အစီအစဉ်တွေမှာ ပြောတဲ့အတိုင်းဆိုလျင်တော့ ကရင်အ
မျိုးသားနေ့နှစ်သစ်ကူးအခမ်းအနားဆိုတာ သေခြာပါတယ်။
အဲဒီတော့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်မှာ လူထုရှေ့လက်နက်တွေနဲ့စစ်ရေးပြတာဟာ မသင့်တော်ဘူးဆို
တာထက် ဗမာစစ်အစိုးရနဲ့လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တစုံတရာစိုးရိမ်နေတယ်ဆိုတာက ပို
ပြီးမှန်နေသလားလို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့အားလုံးဟာ ရဲရဲတွေးပြီး ရဲရဲဆုံးဖြတ်ကြဘို့အချိန်တန်နေပါပြီ။
ဘာကိုရဲရဲတွေးပြီး ဘာ ကိုရဲရဲဆုံးဖြတ်ရမလဲ ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်မှာပါ။
အခုလို ကမ္ဘာသိကြေငြာပြီးခါမှ ပြန်ပြီး ပြင်ဆင်ဆွေးနွေးဆုံးဖြတ်လိုက်ရတယ်ဆိုတာကလည်း အကြောင်းတစ်ခု
တည်းကြောင့်တော့ ဟုတ်လိမ့်မယ်မထင်ဘူး။ တခြားအကြောင်းတွေ တခြားကိစ္စတွေရှိနေနိုင်သေးတာပေါ့။
နှစ်သစ်ကူးဖြစ်မြောက်ရေးကော်မီတီဝင်တွေသာ အသိဆုံးဖြစ်မှာပါ။
ကျုပ်က အပြင်ကနေ ဘေးထိုင်ပြီးဘုပြောနေတာလေ။
အလုပ်တစ်ခုကို တကယ်လုပ်ကြတဲ့အခါ ဘယ်လောက်ခက်ခဲပင်ပမ်းတယ် ဘယ်လောက်တာဝန်ကြီးတယ် စိမ်ခေါ်
မှုတွေဘယ်အထိရှိသလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ဘူးတဲ့ပုဂ္ဂိုလ်တွေမှ ကိုယ်ချင်းစာတတ်ကြမှာဖြစ်
ပါတယ်။
တင်ထားမိတဲ့Videos ဖိုင်တွေ သေခြာအောင် ပြန်ရှာရင်း အမေတွေနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်တွေကိုတွေ့လို့ ကျုပ်
အပါအ၀င် အဝေးရောက်သားမိုက်များအတွက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အကြိုလက်ဆောင်အဖြစ်တင်
ဆက်ပေးလိုက်ပါတယ်။
စကောကရင်ဘာသာ ပိုးကရင်ဘာသာနဲ့ ဗမာဘာသာတွေနဲ့ အမေတွေအတွက် သားတွေက ဆိုထားကြတာပါ။ နားထောင်ပြီးလို့ ငိုချင်တယ်ဆိုလျင် ငိုချလိုက်ပါ။
ပထမတကြိမ်နားထောင်ပြီး ဒုတိယအကြိမ် နားသောတဆင်ကြည့်ပါ။
ပြီးတော့ တတိယအကြိမ်အထိ နားသောတဆင်ပြီးလျင် နည်းနည်းနေသာထိုင်သာရှိလာပါလိမ့်မယ်။
အဲဒီအခါကျတော့မှ မိတ်ဆွေတို့အားလုံး ကိုယ့်မိခင်ကို ဘာပြောချင်သလဲ ပြောချင်တာကို ပြောလိုက်ပါ။
တယ်လီဖုံးနဲ့ဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ် နဲ့ဖြစ်ဖြစ်ပေါ့နော်။
မိတ်ဆွေတို့အားလုံးရဲ့ မိခင်တွေဟာ မိတ်ဆွေတို့ကို မိတ်ဆွေတို့ထင်ထားတာထက် ပိုကဲတဲ့ချစ် ခြင်းမေတ္တာများနဲ့
ပြန်ပြီးပြောဆိုကြမှာဖြစ်ပါတယ်။ မယုံလျင် စမ်းကြည့်လိုက်ပါ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)