• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, December 24, 2013

နောင်တ,ရသင့် မရသင့်

နောင်တ,ရသင့် မရသင့်

December 23, 2013
Monday

By မင်းစိုးစံ

နောင်တ, ဆိုတာဘာလဲ။ နောင်တ,ဆိုတာ နောင်မှရတာကိုနောင်တ,တဲ့။ ကိစ္စအားလုံး ပြီးသွားမှ မှားမှန်းသိတာ
ကို နောင်တ,တဲ့ဗျာ။ တရားတွေထဲမှာတော့ နောင်တ, ၁၀ပါးရှိတယ်တဲ့။
ဒါဆိုလျင် ကျုပ်မှားမှန်းသိလိုက်တဲ့ နောင်တ,ဆိုတာ အဲဒီ ၁၀ပါးထဲမှာ ပါလား၊ မပါဘူးလားဆိုတာကို ပြန်စမ်းစစ်
ကြည့်မိပါတယ်။

၁။ အချိန်ရှိတုန်း ငယ်တုန်းအချိန်မှာ ပညာမသင်ခဲ့မိတာကို အသက်ကြီးလာမှ ရတဲ့နောင်တ။
၂။ ငွေကြေးဥစ္စာ မစုဆောင်းမိခဲ့လို့ ရတဲ့နောင်တ။
၃။ သူများတကာတွေ ချစ်ခင်စည်းလုံးနေတာကို မနာလိုတိုရှည်ဖြစ်ပြီး ကြားကနေဖျက်ဆီးခဲ့မိလို့။
၎။ သူများအသက်ကို သတ်ခဲ့မိလို့။
၅။ သူများမယားကို ကြာကူလီလုပ်ခဲ့မိလို့ နောင်တ ရတာမျိုး။
၆။ သူများကျွေးတာတော့ အကုန်စားမယ် ကိုယ့်အလှည့်ကျ မကျွေးချင်လို့ နောင်တရတာမျိုး။
၇။ မိဘဘိုးဘွား ဆရာသမား ပညာရှိတွေရဲ့ ဆုံးမစကားကို နားမထောင်ခဲ့မိလို့ ရတဲ့နောင်တမျိုး။
၈။ မိဘစားနိုင်သောက်နိုင်တဲ့အချိန်မှာ ကျွေးမွေးစောင့်ရှောက်ရကောင်းမှန်း သိနေလျှက်နဲ့ မကျွေးမွေး မစောင့်
ရှောက်မိခဲ့လေခြင်း ဆိုပြီးနောင်တ,ရတာမျိုး။
၉။ ပညာရှိတွေစီကနေ ပညာယူရကောင်းမှန်း သိပါလျှက် မသင်ကြားမိခဲ့တာ။
၁၀။ ကောင်းမွန်မြင့်မြတ်တဲ့ အလုပ်ကိုမလုပ်ခဲ့မိလေခြင်း ဆိုတဲ့နောင်တ။ အဲဒီနောင်တတွေအပြင် ကျုပ်မှာနောက်
ထပ် နောင်တ,ရစရာတစ်ခု ထပ်များရှိနေသေးလားလို့ပါ။

အဲဒီနောင်တဟာ ရသင့်တဲ့ နောင်တလား မရသင့်တဲ့ နောင်တလားဆိုတာ စဉ်းစားမိတာနဲ့ အခုလိုစာတွေကို လက်
တန်းရေးနေမိခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က အရှေ့ဖျားအသံလွှင့်ဌာနဆိုတာကို နားထောင်နေတုန်း ဆရာဝန်တစ်ယောက်
ဟာ လူငယ်လေးတစ်ယောက်ရဲ့အသက်ကို ကယ်ခဲ့မိတာကို နှစ်ပေါင်း၃၀အကြာမှာ နောင်တ,တွေမသယ်နိုင် မပိုး
နိုင်လောက်အောင် ရနေမိတယ်လို့ဆိုပါတယ်။ သဘောက ယူကြုံးမရအောင်ကို နောင်တ,ရနေတာမျိုးဖြစ်မှာပေါ့
လေ။

တစ်ခုသော ညနေမှာ ကားလမ်းပေါ်ထွက်ရပ်ပြီး အရှိန်ပြင်းပြင်းမောင်းလာတဲ့ ကားနဲ့အတိုက်ခံပြီးသေဘို့ ကြိုးစား
နေတဲ့ကောင်လေးကို ကားရှေ့ကနေဆွဲဖယ် ထုတ်ခဲ့တဲ့အတွက် အဲဒီကောင်လေးဟာ အသက်ချမ်းသာရာရသွား
သတဲ့။ ကောင်လေးဟာ စိတ်ဓါတ်တွေအရမ်းကျနေတဲ့အပြင် ညစ်ပတ်ပေရေနေတဲ့ လူငယ်လေးတစ်ယောက်လို့
အသံလွှင့်သူကပြောပါတယ်။
လူ့အသက်ကိုကယ်ခဲ့တာပဲ ဘာများနောင်တ,ရစရာ ရှိသလဲပေါ့။

အဖေမပေါ်သူတစ်ယောက်ရဲ့ တတိယဇနီးက မွေးဖွားလာရတဲ့လူငယ်လေး၊ အငတ်ငတ် အပြတ်ပြတ်နဲ့လမ်းဘေး
ပလက်ဖောင်းပေါ်မှာအိပ်ခဲ့ရတဲ့ဘ၀၊ အဲဒီဘ၀ကနေ ၁၉၂၁ ခုနှစ်ကနေစပြီး ဂျာမန်အမျိုးသားဆိုရှယ်လစ် အလုပ်
သမားများပါတီ (NSDAP) ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ၁၉၃၃ ခုနှစ်ကစပြီးဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုက
စလို့ ၁၉၄၅ ခုနှစ်အထိ သူ့ကိုယ်သူ "အမျိုးသားခေါင်ဆောင်"လို့ နာမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အ
စိုးရအဖွဲ့  ဥက္ကဋ္ဌရာထူးတွေကိုတစ်ဦးတည်းသိမ်းပိုက်ရင်း တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူတဦး
ဖြစ်သလို  ဂျူးလူမျိုးအမြောက်အများကို သတ်ခဲ့တဲ့ ၁၈၈၉ ဧပြီ ၂၀ ဩစတြီးယားမှာ မွေးဖွါးခဲ့တဲ့ အားဒေါလ်ဖ်
ဟစ်တလာ Adolf Hitler ဆိုသူဖြစ်သွားလို့ပါတဲ့ဗျား။
အဲဒါကြောင့် လမ်းဘေးကလေးငယ်လေးကို ကယ်တင်လိုက်မိတဲ့ ဆရာဝန်ကြီး အကြီးအကျယ်နောင်တ,ရသွားရ
တာဖြစ်ပါသတဲ့။

ကျုပ်မှာ ဘာနောင်,တတွေရစရာရှိလို့လဲ။ ဘယ်အဖွဲ့အစည်းထဲမှာမှ ပါတဲ့လူလည်းမဟုတ်သလို လက်ရှိအခြေအ
နေအရ ကိုယ်တိုင်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဆိုတာလည်းမရှိသေး။ ဒါနဲ့များနောင်တ,တရား၁၀ပါးအပြင် ဘာမျှမဆိုင်
တဲ့ ဆရာဝန်တစ်ယောက်ရဲ့ သူကယ်ခဲ့တဲ့လမ်းဘေးလေလွင့်လူငယ်လေးဟာ ကမ္ဘာကျော်လူသတ်သမားဖြစ်သွား
လို့ နောင်တ,ရသွားတဲ့အကြောင်း ရေးနေရသလဲ။
ဟုတ်ကဲ့။ ဒီလိုပါ

19 Dec 13, 12:12 PM
မဲဇာ: သူသပ်သပ် ကိုယ်သပ်သပ်ဖြစ်ကြောင်း နှစ်သစ်ကူးပွဲကို ခုတုံးမလုပ်သင့်။
19 Dec 13, 12:21 PM
မဲဇာ: ရွှေကရင်တို့အတွင်း ဖလုံနှင့် စကော၊ ခရစ်ယာန်နှင့်ဗုဒ္ဓ အဆီအငေါ် တည့်အောင် မဆောင်ကျဉ်းနိုင်ကြခြင်း
သည် ရွှေကရင်တို့အတွင်း မဟာအားနည်းညံ့ဖျင်းမှုကြီး ဖြစ်တော့သတည်း။

21 Dec 13, 12:05 PM
စကော်: မဲဇာ မင်းကကော ဖလုံလား စကော်လား။
22 Dec 13, 10:59 PM
ကရင်: ဖလုံနှင့်စကော အတူတူဘဲ။
23 Dec 13, 06:56 AM
ဘွဲပကူးကယ်ဘားမိုနေပွာ: မင်းတို့ ဖလုံနဲ့ စကော ကရင်ဘဲလို့ ကိုယ့်ကိုယ်ကို မထင်နဲ့။
23 Dec 13, 10:45 AM
မဲဇာ: ဗမာက ခြသေ့င်္ နဲ့ ဒေါင်း။ ထိုင်းက ဂဠုန်။ မွန်က ဟင်္သာ။ ချင်းက အောက်ချင်းငှက်။ ကရင်က ဖါးပြုတ် စ
တာတွေကို အမြတ်တနိုးနဲ့သင်္ကေတထားကြတယ်။
မဲဇာကတော့ အိမ်ထောင်ကျပြီး မိန်းမဆီကပါလာတဲ့(...........) သဘောကျတယ်။
23 Dec 13, 05:36 PM
ေေေ: ဟုတ်လား ငါကတော့မိန်းမရပြီးတာနဲ့ နွားဖြစ်သွားတယ်။
မင်းကောသဘောမကျဘူးလား။

အပေါ်က မှတ်ချက်တွေအားလုံးကို http://www.9dblood.com/  ကနေ ကူးယူပြီး ဖေါ်ပြပေးလိုက်တာပါ။
အားလုံးကို စေ့စပ်ကြည့်လိုက်တဲ့အခါ ကျုပ်တို့ကရင်တွေကြားမှာ အကွဲကွဲအပြားပြားနဲ့ စုစည်းလို့မရတာကို ပြနေ
တာဖြစ်တဲ့အပြင် မကွဲမပြားပဲစုစုစည်းစည်းဖြစ်ချင်ကြသူတွေဖြစ်ပြီး မစုစည်းနိုင်တဲ့အပေါ် အားမလိုအားမရဖြစ်လို့
ရေးတာပဲလို့ လေးလေးနက်နက်တွေးမိပါတယ်။ ဒီအရေးအသားလေးတွေဟာ သာမန်ကြည့်မယ်ဆိုလျင် ဘာမျှ
မဟုတ်ဘူးလို့ ထင်ရပေမယ့် သေသေခြာခြာဘတ်ကြည့်ပြီး စကားလုံးတိုင်းရဲ့အဓိပ္ပါယ်ကို ခွဲခြမ်းစိပ်ဖြာလိုက်မယ်
ဆိုလျင် နာတာရှည်ရောဂါဆိုးကြီးတစ်ခု ကျုပ်တို့ကရင်တွေကြားမှာ ခံစားနေရပြီဆိုတာကို ဘယ်လိုမျှငြင်းလို့မရပါ
ဘူး။

ကျုပ်ထင်တာကတော့ ဒီနှစ်ကရင်အမျိုးသားနှစ်သစ်ကူး ဘိတ်စာတွေကိုဘတ်ပြီး ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းခံစား
နေရလို့ စကားလုံးတွေအစား အခုလိုစာလုံးတွေ ပွင့်ထွက်လာတာလို့ မှတ်ယူပါတယ်။ ဒီနှစ်မှာ ကျုပ်လည်း ဘိတ်
စာရိုက်ပြီး ဘလော့ဂ်ပေါ်တင်မလားလို့ စဉ်းစားမိသေးတယ်။ လောလောဆယ်မှာ ဓါတ်ပုံတင်လို့မရဘူးဖြစ်နေလေ
တော့ ကရင်စာနောက်ထပ်တစ်မျိုးနဲ့ ရေးထားတဲ့ဘိတ်စာ မတွေ့လိုက်ရတာကိုပဲ ကောင်းတယ်လို့ပြောမလား ဆိုး
တယ်လို့ပြောရမလား မသိတော့ပါဘူး။

ခဏလောက်ထားလိုက်ပါ။ ကရင်တွေ စုစည်းညီညွတ်အောင် မလုပ်ကြတော့ဘူးလား။ ကရင်တွေ ဒီအတိုင်းပဲ ခွါပြဲ
နေကြမလား။ ဘာလုပ်နေလဲ။ တတိယနိုင်ငံရောက်နေတဲ့ ကရင်တွေ ခေါင်းထဲမှာ မီလျံနာသူဌေးဖြစ်ဘို့ကိုပဲ ထည့်
ထားသလား။ မင်းတို့ပြောတော့ ကရင်လူမျိုးကိုချစ်တယ်ဆို။ ကရင်လူမျိုးအတွက် အလုပ်လုပ်မယ်ဆို။ ဘာတွေ လုပ်နေကြသတုန်း။ စသည်ဖြင့်ပေါ့လေ မေးစရာတွေက တပုံတပင်ကြီး။
အဲဒီလိုမေးခွန်းမျိုးကို ကျုပ်ကူးထားတဲ့ မှတ်ချက်ထဲမှာ အဖြေပါပြီးသားပါ။ မလုပ်ပဲနေမလား လုပ်ကြတာပေါ့ဗျာ။
သို့သော် နောက်ဆုံးတော့ လုပ်တဲ့လူတွေလည်း ခြင်ထောင်ညှော်ပဲ ခံကြတော့တယ်။ စိတ်ဓါတ်ကျကုန်ပြီလေ။

နည်းလမ်းတွေမရှာတော့ဘူးလား။ ဒီအတိုင်းစိတ်ဓါတ်ကျနေလို့ ပြီးမလား။ ခေါင်းချင်းဆိုင်ပြီး ပွင့်ပွင့်လင်းလင်းပြော
ဆိုဆွေးနွေး ညှိနှိုင်းကြပါလား။ တရက်ထဲနဲ့ မပြီးလျင် နှစ်ရက်ဆွေးနွေး။ တစ်ခေါက်ထဲနဲ့ မပြတ်လျင် နှစ်ခေါက်တွေ့
ကြ။ တကြိမ်ထဲနဲ့ အဖြေမရလျင် နှစ်ကြိမ်။ နောက်ဆုံးအဖြေရတဲ့အထိ အကြိမ်ကြိမ်ဆွေးနွေးကြပေါ့။ အမျိုးကိုချစ်
တယ်ဆို။
လက်ခုပ်ဆိုတာ တဘက်တည်းတီးလို့ မြည်တာမဟုတ်ဘူးလေ။ နှစ်ဘက်တီးမှ မြည်မှာပေါ့။
ဒီနေရာမှာ ကရင်လူမျိုးစစ်စစ်ဖြစ်တဲ့ ကျုပ် ဖြတ်သန်းလာခဲ့ရတဲ့ ကိုယ်တွေ့လေးတစ်ခုလောက်ကို တင်ပြပါရစေ။
ကရင်လူမျိုးတွေ စုစည်းဘို့အထောက်အကူ မဖြစ်နိုင်လျင်တောင် အကွဲကွဲအပြဲပြဲတွေ သက်သာနိုင်လိမ့်မယ်လို့ ယုံ
ကြည်လို့ပါ။

စည်းလုံးညီညွတ်အောင်မလုပ်ခင်မှာ မစည်းမလုံးနဲ့မညီမညွတ်ဖြစ်ရတဲ့အကြောင်းရင်းကဘာတွေလဲ ဆိုတာဇယား
ချကြည့်ဘူးပါသလား။ ဇယားကွက် ဘယ်နှစ်ခုရပါသလဲ။ တစ်ခုတည်းဆိုလျင်တော့ ဘယ်လိုမျှလုပ်လို့ကိုင်လို့ ဖြစ်
လာမှာမဟုတ်ပါဘူး။ အခုရာနဲ့ချီပြီးရှိကောင်းရှိနိုင်သလို၊ အချက်အလက်ပေါင်းထောင်ချီပြီးတော့လည်း ရှိနိုင်ပါ
တယ်။
အဲဒီလို မစည်းမလုံးမညီမညွတ်ဖြစ်နေတဲ့ အချက်လက်ပေါင်းမြောက်များစွာထဲက တစ်ချက်ခြင်းစီကို စည်းလုံးညီ
ညွတ်နိုင်တဲ့နည်းလမ်းတွေကို ရှာတဲ့အခါမှာလည်းပဲ နည်းလမ်းတစ်ခုတည်းပဲရတယ်ဆိုလျင်လည်း ဒါဟာလုံးဝကို
မှန်ကန်တဲ့နည်းလမ်းကောင်းမဖြစ်နိုင်ပါဘူး။ အဲဒီလို မစည်းမလုံးဖြစ်ရတဲ့အကြောင်းအချက်အပေါ် ဖြေရှင်းတဲ့နည်း
တွေကလည်း တစ်ခုချင်းစီမှာအဖြေပေါင်းရာနဲ့ထောင်နဲ့ချီပြီး ရှိနေနိုင်ပါတယ်။ အဲဒီရလာတဲ့နည်းတွေအပေါ်မူတည်
ပြီး ပွင့်ပွင့်လင်းလင်းနဲ့ဆွေးနွေးသွားနိုင်မယ်ဆိုလျင် စည်းလုံးညီညွတ်ဘို့လမ်းစကို ရမှာဖြစ်ပါတယ်။

ဥပမာ တော်လှန်ရေးနယ်မြေကနေ ရောက်လာကြတဲ့သူတွေ ဖြစ်ကြပါလျှက် အလုပ်တစ်ခုကို ဘာကြောင့်အတူ လက်တွဲပြီး မလုပ်နိုင်ရသလဲ ဆိုတဲ့မေးခွန်းရဲ့အဖြေကို ရှာကြတဲ့အခါ ခေါင်းဆောင်ပိုင်းပြဿနာဆိုပြီးမြင်တယ်ပဲ
ထားလိုက်ပါတော့။ (အခြားပြဿနာပေါင်းများစွာရှိနိုင်သည်)
အဖြေက အာဏာခွဲဝေမှုအပိုင်းကို မြင်တယ်လို့ဆိုကြပါစို့။ (အခြားအမြင်များလည်းရှိနိုင်သည်)
ရလာတဲ့အဖြေဖြစ်တဲ့ အာဏာခွဲဝေမှုအပိုင်းဆိုတာကို ဘယ်လိုဖြေရှင်းမလဲ။ တူတာလေးတွေကိုတွဲလုပ်ပြီး မတူ
တာကို ဘေးဖယ်ထားလိုက်ကြတာပေါ့ဆိုတဲ့ နည်းက အာဏာခွဲဝေမှုဆိုတဲ့အပိုင်းကို တကယ်ဖြေရှင်းနိုင်ပါ့မလား။
အဲဒီလို တူတဲ့အလုပ်တွေကို တွဲလုပ်ကြလိုက်ရုံနဲ့ အာဏာခွဲဝေမှုအပိုင်းကို ဖြေရှင်းနိုင်ရုံလေးနဲ့ တကယ့်စည်းလုံး
ညီညွတ်ရေးကို ရနိုင်ပါ့မလား။ အဲဒီရလာတဲ့ စည်းလုံးညီညွတ်ရေးဆိုတာကကော ဘယ်လောက်ကြာကြာခံမလဲ။
ပြဿနာတစ်ခုဖြစ်ပေါ်လာရတဲ့အကြောင်းရင်းဟာ တစ်ခုတည်းမဟုတ်သလို ဖြေရှင်းနိုင်တဲ့နည်းလမ်းကလည်း
တစ်ခုတည်းမဖြစ်နိုင်ပါဘူး။

မဲဇာ ဆိုသူရေးထားတဲ့ သူသပ်သပ် ကိုယ်သပ်သပ်ဖြစ်ကြောင်း နှစ်သစ်ကူးပွဲကို ခုတုံးမလုပ်သင့်။ ဆိုတဲ့စာကြောင်း
ကိုကြည့်မယ်ဆိုလျင် ဒါဟာ အကွဲအပြဲတွေအများကြီးထဲက ပြဿနာတစ်ခုဆိုတာကို ဘယ်လိုမှငြင်းလို့မရပါဘူး။
တဆက်တည်း သူ့အမြင်ကိုရေးထားတာက ရွှေကရင်တို့အတွင်း ဖလုံနှင့် စကော၊ ခရစ်ယာန်နှင့်ဗုဒ္ဓ အဆီအငေါ် တည့်အောင် မဆောင်ကျဉ်းနိုင်ကြခြင်းသည် ရွှေကရင်တို့အတွင်း မဟာအားနည်းညံ့ဖျင်းမှုကြီး ဖြစ်တော့သတည်း။
 ဒါက သူမြင်တဲ့ပြဿနာဖြစ်သလို ကျုပ်တို့တတွေရဲ့အားနည်းချက်ကို ထောက်ပြတာဖြစ်တဲ့အတွက် အဲဒီအားနည်း
ချက်ကို ဘယ်လိုကျော်လွှားရမလဲဆိုတာ စဉ်းစားဘို့လိုအပ်လာပါပြီ။
ကျော်လွှားဖြေရှင်းတော့မယ်ဆိုတာနဲ့ အားနည်းချက်ဖြစ်ရတဲ့အခြေခံအကြောင်းအချက်တွေကို တိတိကျကျမသိပဲ နဲ့ သေသေခြာခြာမလေ့လာမသုံးသပ် အဖြေမရှာပဲနဲ့တော့ ဘယ်လိုမျှကျော်လွှားဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။

ကျုပ်ရဲ့ကိုယ်တိုင်ဖြတ်သန်းလာရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကိုရေးပြပါ့မယ်။ ဘာကြောင့်သူသပ်သပ်ကိုယ်သပ်သပ်
ဖြစ်သွားရသလဲ။ တနည်း သူသပ်သပ်ကိုယ်သပ်သပ်ဖြစ်ကြောင်း လုပ်ပြသလိုဖြစ်သွားရတာလဲ။ ဒီလိုဖြစ်ရတာက
တော့ အာဏာခွဲဝေမှုအပိုင်း တနည်းအားဖြင့် တာဝန်ခွဲဝေမှုအပိုင်း နဲ့ အပြန်အလှန်လေးစားလိုက်နာမှုမရှိခြင်း ဆို တဲ့ အဓိကအချက်ကြီးကြောင့်ဖြစ်ပါတယ်။
အဲဒါကြောင့်ပဲ ကျုပ်တို့တတွေကြားမှာ ဖလုံနဲ့စကော ခရစ်ယာန်နဲ့ဗုဒ္ဓ အဆီအငေါ်မတည့် ဖြစ်နေကြတာလို့ မြင်ပါ
တယ်။

ခဏနားမယ်ဗျာ။ နောက်များမှပဲ ဘယ်လိုနေရာတွေမှာ အာဏာခွဲဝေမှုအပိုင်း တနည်း တာဝန်ခွဲဝေမှုအပိုင်းနဲ့ပတ်
သက်ပြီး အားနည်းချက် ပျော့ညံ့ချက်တွေနဲ့ ဘယ်လိုပြင်သင့်တယ်ဆိုတာနဲ့ အပြန်အလှန်လေးစားလိုက်နာမှုမရှိ
ခြင်းနဲ့ ဆိုင်တဲ့ အားနည်းချက် ပျော့ညံ့ချက်တွေနဲ့အတူ ဘယ်လိုပြုပြင်သင့်တယ်ဆိုတာကို စဉ်းစားနိုင်အောင်ဆက်
ရေးပါ့မယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)