• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, December 26, 2013

ဖွဲ့စည်းပုံပြင်ဖို့ တွေ့ဆုံဆွေးနွေးမှုမရှိပါက အန္တရာယ်ကြီးဟု ကရင်ခေါင်းဆောင်ပြော

ဖွဲ့စည်းပုံပြင်ဖို့ တွေ့ဆုံဆွေးနွေးမှုမရှိပါက

အန္တရာယ်ကြီးဟု ကရင်ခေါင်းဆောင်ပြော


Posted by Kamayut Media on December 15, 2013

လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်အာဏာရှင်အဆက်ဆက်ဟာ လူမျိုးတစ်မျိုးတည်းက အုပ်ချုပ်တဲ့စနစ်ကိုအလေး
ထားခဲ့တာမို့ စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင်မဆွေးနွေးဘဲ ဖွဲ့စည်းပုံပြင်ဖို့ပြောတာ အန္တရာယ်ကြီးတယ်လို့ ကရင်နှစ်
သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီက ဒီဇင်ဘာ ၁၅ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြိုတင်သဘောတူညီချက်တွေရဖို့ ဒီမိုကရေစီအင်အားစုတွေ၊ အစိုးရနဲ့ တပ်မတော်
တို့ စားပွဲဝိုင်းထိုင်ပြီး တွေ့ဆုံဆွေးနွေးပွဲလုပ်ရမယ်လို့ နာယက မန်းသိန်းရွှေက ဆိုပါတယ်။
ရန်ကုန်မြို့ မဟာဆေးဝင်္ကပါ အာလိန်ငါးဆင့်ကျောင်းမှာ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပရေးအစီအစဉ်မှာ
ကရင်အမျိုးသားအလံတော်ကို အလေးပြုပြီးဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ပွဲတော် လုံခြုံရေး၊ အလှူငွေနဲ့ က
ရင့်တိုးတက်ရေးလုပ်ငန်းတွေအတွက် ပြောဆိုခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာ ၃၁ရက်နေ့ကနေ ၂ဝ၁၄ ဇန်နဝါရီ ၂ရက်နေ့အထိ ၃ရက်ကြာ ကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲ
တော်မှာ ရိုးရာ အဆိုအကတွေနဲ့ ပညာရည်ထူးချွန်ဆုတွေပေးအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
သြဝါဒခံယူပွဲမှာတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကရင်လူမျိုးတွေရဲ့ အခန်းကဏ္ဍကိုလည်း လေ့လာနိုင်ဖို့
စာအုပ်စာတမ်းတွေ ရောင်းချခဲ့ပါတယ်။

Copy from http://www.kamayutmedia.com/2013/12/15/karen-leader/