ဒုံးပြိုင်ပွဲလေးလုပ်ဘို့ စိတ်မ၀င်စားကြဘူးလား
December 28, 2013
Saturday
By မင်းစိုးစံ
ပြိုင်ပွဲဝင်တယ်ဆိုတာ အနိုင်ရရှိဘို့ထက် အရည်အသွေးဘယ်လောက်မြင့်လဲ ဆိုတာကိုပြဘို့ဖြစ်တယ်လို့ ယူဆပါ
တယ်။ အခုနိုင်ငံတကာကိုရောက်နေကြတဲ့ ကရင်ညီအစ်ကိုတတွေ နှစ်သစ်ကူးလို အခမ်းအနားတွေ၊ ခြည်ဖြုဖွဲ့ပွဲလို
အခမ်းအနားတွေမှာ နေရာအနှံ့ကရင့်ရိုးရာဒုံးတွေကို ဖေါ်ထုတ်ကပြနေကြတာ တွေ့ရပါတယ်။
တနှစ်ထက်တနှစ်လည်း ပိုပိုပြီးများပြားလာတာမို့ အားတက်ဂုဏ်ယူစရာကောင်းလှပါတယ်။ အမျိုးသားယဉ်ကျေးမှု
ကို ထိန်းသိမ်းရာ၊ ဖေါ်ထုတ်မြှင့်တင်ရာ ရောက်တဲ့အတွက်ကြောင့်ပါ။
သို့သော် ကရင့်ရိုးရာယဉ်ကျေးမှုကို ဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းရာမှာတော့အတော်လေး လိုအပ်နေသေးတာတွေ့
နေရတဲ့အပြင် တချို့နေရာတွေမှာ မိမိရိုးရာယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီးလုပ်နေတာမျိုးအထိ ရောက်နေတာမျိုး
အစပျိုးတွေ့နေရတဲ့အတွက် အချိန်မှီပြုပြင်ဘို့လိုအပ်နေပါပြီ။ ကရင့်ရိုးရာကို ချစ်မြတ်နိုးသူတိုင်းမှာ တာဝန်ရှိပါ
တယ်။
ဘယ်လိုပြုပြင်မလဲဆိုတာကိုတော့ ကရင့်ရိုးရာယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းလိုသူတွေစုစည်းပြီး အကောင်းဆုံး
ဖြစ်အောင် ကြိုးစားအကောင်အထည်ဖေါ်ရမှာဖြစ်ပါတယ်။
ကရင့်ရိုးရာယဉ်ကျေးမှုအကြောင်း နကန်းတလုံးမျှ နားမလည်တဲ့လူအချို့ကြောင့် ကရင်တမျိုးသားလုံးရဲ့အသက်
သွေးကြောဖြစ်တဲ့ အဘိုးတန်ရိုးရာယဉ်ကျေးမှုတွေကို တနေ့ထက်တနေ့ လေးစားတန်ဘိုးထားရကောင်းမှန်း မသိ
ကြတော့ပဲ အပျော်သဘောမျိုးထားနေကြခြင်းကတော့ဖြင့် ကရင့်မျိုးဆက် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအ
တွက် ကြီးမားတဲ့အဟန့်အတားကြီးဖြစ်နေပါတယ်။
ဒီတော့ ရိုးရာယဉ်ကျေးမှုကို ပြုပြင်ထိန်းသိမ်းနည်းတွေ အမြောက်အများထဲက ရေပန်းအစားဆုံး ဒုံးပြိုင်ပွဲကို စိတ်
ကူးကြည့်ကြရအောင်။ အမေရိကန်ပြည်ထောင်စုထဲက ပြည်နယ်အသီးသီးကို ရောက်နေကြတဲ့ ကရင်မောင်မယ်
တွေ မိမိနေထိုင်နေတဲ့ပြည်နယ်အတွင်းမှာ အကောင်းဆုံးဒုံးကိုရွေးမယ်။ ပြီးတော့ ပြည်နယ်အသီးသီးက လက်ရွေး
စဉ် ဒုံးတွေယှဉ်ပြိုင်မယ်။ ပြီးတော့တခါ နိုင်ငံအသီးသီးက ရောက်နေတဲ့ ဒုံးတွေထဲက လက်ရွေးစဉ်ဒုံးတွေအပါအ
ဝင် ပြည်ထောင်စုမြန်မာနိုင်ငံတော်(ပြည်ထောင်စုဗမာနိုင်ငံတော်)က အကောင်းဆုံးဒုံးနဲ့ပြိုင်မယ်။
နောက်ဆုံး ကမ္ဘာပေါ်မှာ အကောင်းဆုံး ဒုံးကိုဆုပေးမယ်။ ပထမ။ ဒုတိယ။ တတိယ။ နှစ်သိမ့်ဆု။ စသည်ဖြင့်ပေါ့။
နောက်တဆင့် ရိုးရာဝါးညှပ်အက။ တောင်ယာစူးထိုးအက။ စောင်းအဆိုအတီး။ ဗျတ်စောင်းအဆိုအတီး။ တရော
အဆိုအတီး။ လေမှုတ်တူရိယာ။ အဲဒါတွေအားလုံးအပြင် အခြားဂျပ်ခုတ်ပြိုင်ပွဲတွေ။ စသည်ဖြင့်ပေါ့လေ ဒုံးပြိုင်ပွဲ
တွေလို ပြိုင်ပြီး ဆုပေးကြတာပေါ့။
အရေးအကြီးဆုံးက လူငယ်လေးတွေ အရမ်းစိတ်ဝင်စားနေတဲ့ အနောက်တိုင်းအတီးအမှုတ်တွေ။ အဲဒါကိုလည်း
ပြိုင်ပွဲလုပ်ပေးဘို့လိုတယ်။ ကမ္ဘာတလွှားကိုရောက်နေတဲ့ လူငယ်လေးတွေရဲ့ အနောက်တိုင်းတီးခတ်သီဆိုမှုအပိုင်း
မှာ ဘယ်လောက်အထိ စံချိန်မှီတယ်ဆိုတာကို ပြသင့်တယ်။ ပြီးတော့ အနောက်တိုင်းသားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့
အဆင့်မျိုး ရောက်စေရမယ်။
အနောက်တိုင်း အတီးအမှုတ်နဲ့ပတ်သက်ပြီး ကိုယ့်ကရင်ကြားထဲမှာပဲ ကျော်ကြားနေလို့အရာမရောက်နိုင်ပါဘူး။
အဲဒီအဆင့်မှာပဲရပ်မနေကြပါနဲ့ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့အထိ ကြိုးစားဘို့လိုပါတယ်။ အဲဒီအတွက်ကို
သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ကလည်း ထောက်ပံ့သင့်ပါတယ်။
ဒါတွေအားလုံးကတော့ ဆောက်ဖြစ်မှ ကျောင်းဒကာဆိုသလို နည်းနည်းတော့ အချိန်ယူကြရပါလိမ့်မယ်။
လက်ရှိအနေအထားအရ အဖြစ်နိုင်ဆုံးကတော့ ဒုံးပြိုင်ပွဲသာလျှင် အနီးစပ်ဆုံးဖြစ်နိုင်လိမ့်မယ်လို့ ထင်တဲ့အတွက်
ဒုံးပြိုင်ပွဲလေးများ ကျင်းပဖြစ်ကြမယ်ဆိုလျင်ဖြင့် မဟာရန်ကုန်မှာကျင်းပတဲ့ ၂၇၅၀ပြည့် ကရင့်နှစ်သစ်ကူးပွဲတော်
မှာ ပထမဆု ဆွတ်ခူးတဲ့ ဒုံးအဖွဲ့ကို စံနမူနာယူသင့်တယ်လို့ ယူဆတဲ့အတွက် ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
ကရင့်ရိုးရာယဉ်ကျေးမှုအနုပညာရှင်များအားလုံးကို အစဉ်လေးစားလျှက်ပါ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)