• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, January 12, 2014

အနောက် ဗာဂျီးနီးယား ပြည်နယ် အရေးပေါ် အခြေအနေကျရောက်

12.01.2014

အနောက် ဗာဂျီးနီးယား ပြည်နယ်

အရေးပေါ်အခြေအနေ ကျရောက်

by ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်ပြည်ထောင်စု အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ဓာတုယိုဖိတ်မှု ဖြစ်ခဲ့ပြီးတဲ့နောက် သမ္မတအိုဘားမား
က အနောက်ဗာဂျီးနီးယား ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

အဲဒီလို ဓာတုဗေဒ ယိုဖိတ်မှုကြောင့် ကျောင်းတွေနဲ့အလုပ်တွေကို ပိတ်ထားရပြီး လူပေါင်း ၃သိန်း လောက်လည်း
သောက်ရေမရှိဘဲ ဖြစ်နေပါတယ်။
ပြည်နယ်အတွင်းမှာ နေထိုင်နေကြတဲ့သူတွေဟာ ဆိုင်တွေမှာရှိတဲ့ သောက်စရာတွေအားလုံး ဘာမှမကျန်အောင်
ဝယ်ယူတဲ့အထိ ဖြစ်နေပါတယ်။

အခြေအနေက မယုံနိုင်လောက်အောင်ဖြစ်နေပြီး ဆိုင်တွေမှာလူတွေ ပြည့်သိပ်နေပြီး အချိုရည်တွေ၊ ရေပုလင်း
တွေ ဘာမှမကျန်တဲ့အထိအောင် ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကျောက်မီးသွေးစက်ရုံတွေမှာ
အသုံးပြုတဲ့ အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းတွေဟာ အနောက်ဗာဂျီးနီးယား ပြည်နယ်မြို့တော် Charleston မြို့
က Elk မြစ်အတွင်းကို ကြာသာပတေးနေ့က ရေပေးဝေရေးစခန်းနားမှာ ယိုဖိတ်ခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဖြစ်ပြီးချိန်ကစပြီး ပြည်နယ်အတွင်းမှာနေနေတဲ့သူတွေအနေနဲ့ ဘုံပိုင်ကလာတဲ့ရေတွေကိုမသောက်
ဖို့ ပြီးတော့ ရေချိုးတာတွေ၊ လျှော်ဖွပ်တာတွေ မလုပ်ကြဖို့ ပြည်နယ်တာဝန်ရှိသူတွေက အကြံပေးထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗဟိုအစိုးရအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေပြီဖြစ်တယ်လို့လည်း
တာဝန်ရှိသူတွေက ပြောပါတယ်။

http://burmese.voanews.com/content/west-virginia-state-announced-for-emergency-/1828232.html