Saturday
အလိမ်မခံချင်သူများ မကြည့်ရ
By မင်းစိုးစံ
ဒီတခါတော့ ပျော်ပျော်ပါးပါးလေးပေါ့ဗျာ။
လိမ်တာညာတာကို မကြိုက်ကြပေမယ့် လိမ်တာညာတာကိုတော့ လူတိုင်းမဟုတ်လျင်တောင် လူအချို့လိမ်တာ
ညာတာ ခံနေကြတာကိုတွေ့ဘူးကြမလားမသိဘူး။
လိမ်တာညာတာ မခံချင်လျင် ဘယ်သူကများ မျက်လှည့်ရုံထဲ ပိုက်ဆံပေးပြီး ဘယ်အညာခံကြမှာလဲဗျ။
ဟုတ်ဘူးလား။
အလိမ်အညာခံရတာကို ကြိုက်လို့ ပိုက်ဆံပေးပြီး ၀င်ကြည့်ကြတာပေါ့။
ကျုပ်တို့ငယ်ငယ်တုန်းက ဖိုးပါကြီး မျက်လှည့်ပြတာ ကြည့်လို့ကောင်းလိုက်ပုံများ အခုအသက်အရွယ်အထိ မေ့မရ
သေးဘူး။
ကျုပ်မှာ သားတယောက်ရှိတယ်။ ဒီကောင်က Collage တက်နေတာ။ နောက်ဆုံးနှစ်။
မနေ့က UK, France, Netherlands, စတဲ့ နိုင်ငံတွေ သွားလည်ပြီးပြန်လာတယ်။
အိမ်မကပ်ဘူး။
ကျုပ်တော်တော်ကို ဒေါပွနေတာ။
အဲဒါ သူက ကျုပ်ကို ချော့တာပေါ့လေ။ မျက်လှည့်ပြမယ် ဆိုပြီး ဖဲချပ်လေးတွေနဲ့ ပြတာ။
ပညာရှင်မှ မဟုတ်ပဲ။ ဘယ်အဆင်ချောပါ့မလဲ။
ဒါပေမယ့် မိဘနဲ့ သားသမီးဆိုတော့လည်း အေးကွာကြည့်မယ် ဆိုပြီး VIDEO ရိုက်ထားလိုက်တယ်။
အဲဒါ ဘလော့ဂ် မိတ်ဆွေတွေထဲက အလိမ်ခံချင်သူတွေ ကြည့်ကြပေတော့။
သေသေခြာခြာကြည့်လေ။ သူလိမ်ထားတွေက ရယ်(ရီ)စရာ ဖြစ်လေပဲ။
အားလုံး ပျော်ရွှင်နိုင်ကြပါစေ။
ကျေးဇူးတင်ပါတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)