Saturday
ကောင်းသောအစိုးရ သန့်ရှင်းသောအစိုးရ
By မင်းစိုးစံ
အပြောင်းကပြန်ဖြစ်ကုန်တာတော့မဟုတ်ပါဘူး။
မူအတိုင်းကျင့်ကြံနေကြတာပါ။
ခေါက်ရိုးကျိုးတယ်ဆိုတာ အဲဒါပါပဲ။
ပြင်လို့မရတော့ပါဘူး။
သေရာပါ အကျင့်မျိုးမို့ သေမှပဲဖျောက်နိုင်မယ့် အကျင့်ပါ။ ခေါက်ရိုးကျိုးနေတယ်ဆိုတာ ဒါပါပဲ။
စစ်အာဏာရှင်တွေပီပီ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်ဘို့ လူကိုလူလိုမြင်ဘို့ မဖြစ်နိုင်တော့တဲ့အ
တွက် မနောကံအရ စိတ်ဓါတ်ကလည်း ပျက်ပြားနေကြပြီးသားပါ။
ကာယကံအရ လက်တွေ့မှာလည်း ပျက်ဆီးနေတဲ့စိတ်ထဲကအတိုင်း လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုတဲ့
သာဓက,တွေကို အားလုံးမြင်နေ တွေ့နေကြမှာပါ။
ဝစီကံအရ ကတော့ နှုတ်ချိုလျှိုတပါး ဆိုတဲ့အတိုင်း အပြောချိုချိုလေးတွေနဲ့ အားလုံးကို အယုံသွင်းနေတာပါ။
ဗမာစစ်အစိုးရ မမှားပါဘူး။
သူလုပ်စရာရှိတာကို ယုံယုံကြည်ကြည်နဲ့ တသမတ်တည်း မှန်မှန်ချီတက်နေတာပါ။
တနေ့တော့ ပြင်နိုင်ကောင်းရဲ့လို့ မျှော်လင့်တကြီးနဲ့စောင့်ဆိုင်းနေကြတဲ့ လူတွေသာမိုက်တာပါ။
အန္တရာယ်လို့ ယူဆတဲ့သူတိုင်းကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်ဘို့အမြဲတမ်းအရံသင့်ဖြစ်နေသလို၊ အားပေးထောက်ခံမယ့်
သူ ဆိုလျင်လည်း နှိပ်ကွပ်ဘို့ အဆင်သင့်ပြင်ဆင်ထားပြီးသားပါ။
အဲဒါကို လူတွေဂရုမပြုမိအောင် အာရုဏ်ပြောင်းနိုင်အောင် ဟိုနေရာကို ဆူအောင်လုပ်လိုက်၊ သည်နေရာကို ဆူပူ
အောင်ဖန်တည်းလိုက်၊ ပြီးတော့ နည်းနည်းလေးလျှော့ပေါ့သလိုလို ဘာလိုလိုနဲ့ ရှုတ်အောင်ဖန်တည်းလိုက်နဲ့ စစ်
အုပ်စုတွေနဲ့ ပုလင်းတူ ဗူးစို့တွေ လက်ဝါးချင်းရိုက်ပြီး ကြီးပွါးရင်းကြီးပွါးပြီးနေလာလိုက်တာ ဒီကနေ့အထိပါပဲ။
ဥပမာပြရလျင် လူတစ်ယောက်ကို ထိုက်သင့်တဲ့အပြစ်ဒါဏ်ထက်အဆ,မတန်ကြီးလေးတဲ့ သေဒါဏ်ချမယ်။
ပြီးတော့ တသက်တကျွန်းပြောင်းမယ်။
နောက်တခါ နှစ်နှစ်ဆယ်အလုပ်ကြမ်းနဲ့ ထောင်ဒါဏ်ချမယ်။
နောက်ဆုံး ငြိမ်းချမ်းရေးလက်ဆောင်လို့ဆိုရင်း လွှတ်ပေးပြီး သောက်ရှက်မရှိတဲ့မျက်နှာနဲ့ တမင်အမှတ်ယူမယ်။
အဲဒါကို ကျေးဇူးတင်ဘို့စောင့်နေတဲ့လူတွေကလည်း ရှိနေလေရဲ့ဗျာ။
နောက်ထပ်ဥပမာတခု လယ်ထွန်နေတဲ့ လူတယောက်ကို စစ်တပ်အတွက်(ချွေးတပ်) စစ်လက်နက် စားနပ်ရိက္ခာ
အခကြေးငွေမပေးပဲ(လုပ်အားပေး) ထမ်းခိုင်းမယ်။
ထမ်းနိုင်တာက ပိဿာချိန် ငါးဆယ်။
ပိဿာချိန် တရာထမ်းခိုင်းမယ်။
လေးတယ်လို့ပြောလျင် နောက်ထပ် ပိဿာချိန် ငါးဆယ်ထပ်တင်မယ်။
လေးလားလို့မေးမယ်၊ လေးတယ်ဆိုလျင် ထပ်တင်မယ်။
ဘာမျှမပြောလျင် ဒီအတိုင်းဆက်ထမ်း။
ရွာနဲ့နီးလာလျှင် ငါးပိဿာလောက်အလေးကို ပြန်ယူလိုက်တာနဲ့ အထမ်းသမားက အလိုလေးလေး အတော်ကို
သက်သာလာတာပဲ။ ကျေးဇူးတင်လိုက်တာလို့ ပြောလာမယ်။
အဲဒါ ဒီကနေ့ ဗမာစစ်အစိုးရ ကျင့်သုံးနေတဲ့ နည်းတွေထဲက အရိုးအရှင်းဆုံးနည်းပါပဲ။
အထမ်းသမားလို ကြံဖန်ပြီးကျေးဇူးတင်ဘို့ စောင့်နေတုန်းပဲလား။
စောင့်မနေကြပါနဲ့တော့။
ကိုယ့်အပေါ်မှာ မတရားထမ်းခိုင်းထားတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ပေါ့ပါးသွားအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြည်ချကြပါ
စို့။
ဒေါ်ဘောက်ဂျာရဲ့ အမြင်တွေကို နားသောတ ဆင်ကြည့်ကြပါစို့လား။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)