By ဦးအောင်ထူး (ရှေ့နေ)
လူ့အခွင့်အရေးအတွက် လှုပ်ရှားစွမ်းဆောင်ရင်း
လူ့အခွင့်အရေးချိုးဖေါက်ခံနေရသူ ဒေါ်ဘောက်ဂျာ
ဖါးကန့်မြို့နယ်တရားရုံး၌ ဒေါ်ဘောက်ဂျာရင်ဆိုင်နေရသောအမှုတွင် သက်သေတဦးဖြစ်သူ ဓမ္မဆရာ ဦးအင်ဂန်
ကန်ဆိုင်းက အောက်ပါအတိုင်းထွက်ဆိုသွားခဲ့သည်။
“ဒေါ်ဘောက်ဂျာမှာ ကျွန်တော်တို့နေထိုင်သောဒေသတွင် လယ်သိမ်းခံတောင်သူလယ်သမားများဘက်မှ မားမား
မတ်မတ်ရပ်တည်ပေးခြင်းကြောင့် ဒေသခံအာဏာပိုင်များ၏ ငြိုငြင်မှုကို မကြာခဏခံခဲ့ရသည်။ အာဏာပိုင်များ၏
ခြိမ်းခြောက်သွေးဆောင်ကာ တရားစွဲခိုင်းခံခဲ့ရသော တရားလိုဒေါ်ကိုင်ထန် ကိုယ်တိုင်က အမှု ရုပ်သိမ်းလွှာတင်ခဲ့
သည့်အပြင် မည်သည့်တရားလိုပြသက်သေကမျှ ဒေါ်ဘောက်ဂျာ အပေါ်ငြိစွန်းအောင် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိသဖြင့်
ဒေါ်ဘောက်ဂျာ ဆေးထိုးကုသ၍ လူသေပါသည်ဟု လုပ်ကြံအမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၃၀၄(က)ဖြင့်စွဲဆိုထားသော အ
မှုအား ရုပ်သိမ်းကြောင်းဖြင့် တရားရုံးက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
အရင်းလဲလျှင် အဖျားထင်းဖြစ် ဟူသော မြန်မာ ဆိုရိုးစကားရှိသည်။
အဓိကကျသည့်အမှုကြီးတွင် သက်သေထင်ရှားမတင်နိုင်၍ ပြန်လည်ရုပ်သိမ်းလိုက်လျှင် ယင်းနှင့်ဆက်စပ်နေ
သောကျန်နှစ်မှုကိုလည်း အလိုအလျှောက်လွှတ်ပေးရုံသာ ရှိသည်။ တရားရုံးသည် ယင်းသို့မဆောင်ရွက်။ အဖျားကနေပြန်လည်မီးရှို့ကာ အပြစ်ကင်းမဲ့သည့် ဒေါ်ဘောက်ဂျာကို မတရား တရားစီရင်ရေးစနစ်က ဆက်လက်
ပြဿနာရှာတော့မည့် အနေအထားဖြစ်နေသည်။
ဆေးထိုးပြွန်နှင့် ဆေးဝါးတို့ကို လက်ရှိထား သုံးစွဲကြောင်းဖြင့် ယစ်မျိုး ဥပဒေ ပုဒ်မ(၃၃) အရလည်းကောင်း၊ တရား
ဝင်လိုင်စင်မရှိဘဲ ဆေးဝါးကုသကြောင်းဖြင့် ဆေးကောင်စီ ဥပဒေ ပုဒ်မ(၄၁) အရလည်းကောင်း သူမအား တရားစွဲ
ဆိုထားဆဲဖြစ်သည်။ ယင်းအမှုများ အပေါ် ဇန်န၀ါရီလ (၂၄)ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဟု သိရသည်။
(ကွယ်လွန်သူ ဦးဇော်ဂျာ အား မက်ကလောင်ခြစ်ပြီး ပြုစုပေးခဲ့သူ) တရားလိုပြ သက်သေ ဦးမုန်ဇော်ဂျာက
“ဒေါ်ဘောက်ဂျာက ဘာသာရေးအရ ဆုတောင်းပေးပြီး ပြန်သွားပါသည်။ ဆေးထိုးပေးသည်ကို မတွေ့ရပါ။”
ဟု ထွက်ဆိုခဲ့သည်။
ဒေါ်ဘောက်ဂျာအပေါ် စွဲဆိုသောအမှုအားလုံးအနက် မည်သည့်တရားလိုပြသက်သေကမျှ ဒေါ်ဘောက်ဂျာသည်
တရားဝင်လိုင်စင်မရှိဘဲ ဆေးဝါးကုသကြောင်း ထွက်ဆိုခဲ့ခြင်း အလျှဉ်းမရှိသဖြင့် မည်သို့လျှင် ဆေးကောင်စီ ဥပ
ဒေ ပုဒ်မ(၄၁) အရ အပြစ်ပေးမည်နည်း။
ဆေးထိုးပြွန် နှင့် ဆေးဝါးတို့ကို လက်ရှိထား သုံးစွဲကြောင်းဖြင့် ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃) အရစွဲဆိုခဲ့သည့် ရဲတပ်ဖွဲ့
ကို ပြန်လည် တရားစွဲရပါမည်။ ရဲတပ်ဖွဲ့သည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၄၆၄ “မဟုတ်မမှန်သည့် စာတမ်းအမှတ်အ
သားကို ပြုခြင်း” ဟူသည့် ပြဌာန်းချက်ကို ကျူးလွန်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒေါ်ဘောက်ဂျာ၏ မိဘများနေအိမ်အား ရဲကလာရောက်ရှာဖွေသောအခါ အိမ်တွင်အတူနေထိုင်လျှက်ရှိသူ ဒေါ်
လွမ်းယန်း(ရုံးထွက်ချက်တွင် ဒေါ်လုယန်း အနေဖြင့် စာလုံးပေါင်းမှားဖေါ်ပြခံရသူ)က တရားလိုပြ သက်သေအဖြစ်
အောက်ပါအတိုင်း ထွက်ဆိုသွားခဲ့သည်။
“ရှာဖွေပုံစံတွင် ကျမလက်မှတ်ထိုးလိုက်သည့် အချိန်တွင် ဘာမှ ရေးမထားပါ။
အလွတ် လက်မှတ်ထိုးပေးလိုက်ရပါသည်။”
အလွတ်လက်မှတ်ထိုးပေးလိုက်ရသည့် ရှာဖွေပုံစံတွင် ရဲက အောက်ပါစာကြောင်းကို ဖြည့်ရေးကာ ဒေါ်ဘောက်ဂျာ အမှုပတ်စေအောင်ဖန်တည်းလိုက်သည်။
“ ---- ဆေးကုပစ္စည်းများမှာ အိမ်ရှင်ဒေါ်ဘောက်ဂျာ ဆေးကုရာ၌အသုံးပြုသောပစ္စည်းများဖြစ်၍ ကျမ ဒေါ်လုယန်း
မှပေးအပ်ပါသည်။” ဒေါ်လွမ်းယန်း (ဒေါ်လုယန်း)၏ ရုံးရှေ့ထွက်ဆိုချက်အရ အလွတ်လက်မှတ်ထိုးပေးလိုက်ရ
သည့် ရှာဖွေပုံစံပေါ်တွင် အဆိုပါစာကြောင်းကို ဖြည့်ရေးသူမှာ ရဲတပ်ဖွဲ့သာဖြစ်သည်။
သို့ဖြင့် ရဲတပ်ဖွဲ့သည် “မဟုတ်မမှန်သည့် စာတမ်းအမှတ်အသားကို ပြု” ခဲ့သည်။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၆၄ကို
အတိအလင်း ချိုးဖေါက်ခဲ့သည်။ ဖါးကန့်မြို့နယ်တရားရုံးသည် ဤသည်ကိုစုံစမ်းဖေါ်ထုတ်ကာ ပြစ်မှုကျူးလွန်သည့်
ရဲအရာရှိကို အရေးယူ အပြစ်ပေးရန် တာဝန်ရှိသည်။
ယင်းနှင့် ပြောင်းပြန်ပြုကာ “မဟုတ်မမှန်သည့် စာတမ်းအမှတ် အသား”အပေါ်အခြေပြုပြီး ဒေါ်ဘောက်ဂျာ အပေါ်
ပြစ်ဒဏ်စီရင်မည်ဆိုလျှင် တရားရုံးသည် မတရားစီရင်မှု ကျူးလွန်ခြင်း ဖြစ်ပါမည်။
ရှာဖွေသက်သေ ဦးနော်ဒီးသည် ဒေါ်ဘောက်ဂျာထံမှ သက်သေခံပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်းကို ထွက်ဆို
ခြင်း မရှိခဲ့။ ဆေးပစ္စည်းအချို့အား ရဲကသိမ်းဆည်းစဉ်ကလည်း ဒေါ်ဘောက်ဂျာနေအိမ်တွင်ပင် မရှိ။
ခရီးထွက်နေကြောင်း ရှာဖွေသည့် ရဲအရာရှိကိုယ်တိုင်ဝန်ခံထားသည်။ ရှာဖွေပုံစံတွင် ရှာဖွေခံရသူအနေဖြင့် လက်
မှတ်ရေးထိုးပေးလိုက်သူမှာလည်း ဒေါ်ဘောက်ဂျာမဟုတ်။ ဒေါ်ဘောက်ဂျာ၏ မိဘများနှင့်အတူ နေ ထိုင်နေသူ
ဒေါ်လွမ်းယန်းဖြစ်သည်။
ဒေါ်လွမ်းယန်းအား တရားလိုပြသက်သေအနေဖြင့်စစ်ဆေးရာတွင် ဒေါ်ဘောက်ဂျာ၏မောင်အရင်းဖြစ်သူ ဒေါက်တာ ဆိုင်းထူးမိုင် နှင့်
ညီမဖြစ်သူ အထက်တန်းသူနာပြုဆရာမ ဒေါ်ထုဆန်းတို့က ၎င်းတို့၏ မိဘလည်းဖြစ်၊ ဒေါ်ဘောက်ဂျာ၏ မိဘများ
လည်း ဖြစ်သူတို့၏အိမ်ကို အလည်လာသည့် အခါတိုင်း မိဘများအား ဆေးဝါးကုသပေးရာတွင်လည်းကောင်း၊ မိ
ဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးသူများအား အခမဲ့ ဆေးဝါးကုသပေးရာတွင်လည်းကောင်း သုံးသည့် ဆေးပစ္စည်း
များ ဖြစ်ကြောင်းထွက်ဆိုခဲ့သည်။ ကာယကံရှင် ဒေါက်တာ ဆိုင်းထူးမိုင်နှင့် သူနာပြုဆရာမ ဒေါ်ထုဆန်း တို့က
လည်းအဆိုပါအတိုင်းပင် ရုံးရှေ့တွင် ထွက်ဆိုခဲ့သည်။ တရားခံပြသက်သေ ဓမ္မဆရာ ဦးအင်ဂန်ကန်ဆိုင်းကလည်း
ယင်းကို ထောက်ခံထွက်ဆိုခဲ့သည်။
ဒေါ်ဘောက်ဂျာသည် ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃)၊ ဆေးကောင်စီ ဥပဒေ ပုဒ်မ (၄၁) တို့ နှင့် လုံးဝပင် ညိစွန်းခြင်းမရှိ
ပါ။ ဒေါ်ဘောက်ဂျာသည် သူမစိုးစဉ်းမျှ ကျူးလွန်ခြင်းမရှိသော မှုခင်းများအတွက် အာဏာပိုင်များ၏ လုပ်ကြံဖန်
တည်းမှုများအောက်တွင် မတရား တရားစွဲခံ နေရသဖြင့် သူမ၏ လူ့ဂုဏ်သိက္ခာကို ထိပါးခံနေရသည်။ ဤသည်မှာ
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပုဒ် (၁) ကို ချိုးဖေါက်ခံရခြင်း ဖြစ်သည်။ တရားရုံးက အာမ
ခံ လုံးဝမပေးဘဲ ရက်ပေါင်း ၂၁၂ရက်ကြာမျှ ဆက်တိုက် ချုပ်နှောင်ခံ နေရသဖြင့် သူမ၏လွတ်လပ်မှုနှင့် လုံခြုံမှုအ
ခွင့်အရေး ဆုံးရှုံးနေရသည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပုဒ် (၃)နှင့် (၉)
တို့ကို ချိုးဖေါက်ခံရခြင်း ဖြစ်သည်။
တရားရုံးသည် စွပ်စွဲခံရသူ ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရသည့်နေ့မှစ၍ သူမကိုယ်တိုင်က ဖြစ်စေ၊ သူမ၏ ရှေ့နေမှ
တဆင့်ဖြစ်စေ တင်ပြသမျှများအား ပယ်ချခဲ့ပြီး အစိုးရရှေ့နေနှင့် ရဲတပ်ဖွဲ တို့မှ တင်ပြချက်များအတိုင်းသာ တ
လျှောက်လုံး လိုက်ပါဆောင်ရွက်ပေးနေသည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေငြာစာတမ်း
အပုဒ် (၁၀)ပါ တရားမျှတသည့်စစ်ဆေးစီရင်ခံပိုင်ခွင့် (The Right to a Fair Trial)ကို ချိုးဖေါက်ခံရခြင်းဖြစ်သည်။
ဒေါ်ဘောက်ဂျာသည် လူ့အခွင့်အရေးအတွက်လှုပ်ရှားစွမ်းဆောင်ရင်း လူ့အခွင့်အရေးချိုးဖေါက်ခံနေရသူဖြစ်သည်။
လူ့အခွင့်အရေးကို လိုလားမြတ်နိုးသူမှန်သမျှသည် ဒေါ်ဘောက်ဂျာ ဆုံးရှုံးနေသောအခွင့်အရေးများ အမြန်ဆုံးရင်း
စားပြန်လည်ရရှိအောင် ၀ိုင်းဝန်းကြိုးပမ်းသင့်သည်။ အထူးအာဏာရ မြို့နယ်တရားသူကြီး ဦးဇော်ဇော်ထွန်း ဦးစီး
သည့် ဖါးကန့်မြို့နယ်တရားရုံးသည် ဒေါ်ဘောက်ဂျာကို အမြန်ဆုံး ချွင်းချက်မရှိလွှတ်ပေးပြီး သူမဆုံးရှုံးနစ်နာခဲ့မှု
များအတွက် ထိုက်သင့်သည့် လျော်ကြေးနှင့် ကုစားမှုများပြုလုပ်ပေးရန်နှင့် တာဝန်ရှိအာဏာပိုင်များအား ပြန်လည်
အရေးယူ တရားစွဲဆိုခြင်းဖြင့် တရားမျှတသည့် တရားစီရင်ရေးစနစ်ကိုထူထောင်ရန် တောင်းဆိုလိုက်သည်။
အသေးစိတ်သိလိုပါလျှင်
ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
(ဖုံး) (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅
နေ့ စွဲ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်