Sunday
သမိုင်းဝင်အရည်းကြီးဘုရားများရှိတဲ့ရွာကြီး
By ဌေးမြင့်မောင်
နွားထိုးကြီးနှင့်၁၅မိုင်ခန့်ဝေးသော ရှေးဟောင်းရွာကြီး၊ သားစို့ရွာ(ခ)သူစို့ရွာသည် အိမ်မြေ ၈၀ကျော် ၁၀၀ ၀န်းကျင်
ရှိသည်။
တိုက်တာများနှင့် စီးပွားရေးကောင်းခဲ့သောရွာဖြစ်သည်။
ရှေးဟောင်းရွာလည်းဖြစ်သည်။
ရွာဦးတွင် ဗုဒ္ဓဘာသာဘုရားစေတီနှင့်အပြိုင် အရည်းကြီးဘုရားစေတီများ ရှိနေသည်။
နှစ်ပေါင်း (၆၀၀)ကျော်က ပုဂံခေတ်ဦး၊ အနော်ရထာမတိုင်မီကဖြစ်သည်။
ရှေးလက်ရာမြောက်အနုပညာများပါဝင်သော်လည်း အရည်းကြီးဘုရားများမှာ လိင်အသားပေး လက်ရာများဖြစ်
သည်။
နံရံဆေးပန်းချီများသည် နမူနာယူစရာ လေ့လာစရာဖြစ်သည်။
ဗုဒ္ဓဘာသာထေရ၀ါဒထွန်း ကားလာ၍ ပုဂံမှစွန့်ခွာထွက်ပြေးလာသော အရည်းကြီးများသည် သူခိုးရွာတစ်ဝိုက်တွင်
ခိုလှုံအပြီး တုံးခုန်၊ ဇယ်ခတ်၊ ဒန်းစီးစသောလေ့ကျင့်မှုကိုလည်း ဒါန်းတိုင်ဘုန်းကြီးကျောင်း၌ တွေ့မြင်ရဆဲဖြစ်သည်။
ခေတ်ပြိုင်ဘုရားစေတီများ တွန်းကားခဲ့၍ အရည်းကြီးဘုရားများကို နွားထိုးကြီးနယ်၌ လေ့လာစရာ၊ သမိုင်းသုတေ
သီများအတွက် သမိုင်းအထောက်အထားများရှိနေသည်။
ရှေးဟောင်းသုတေသနဌာန,က မပျက်စီးစေရန်ထိန်းသိမ်းစောင့်ရှောက်သင့်သည်ဟု ဒေသ,ခံ သူခိုးရွာလူကြီးများ
ကဆိုသည်။ ရှားပါးပြီး နှစ်(ရာကျော်)က ရှေးလက်ရာများဖြစ်သည်။
ဌေးမြင့်မောင်
Copy from http://www.hotnewsweekly.com/node/1564
ဟိုရှာဘတ်လိုက် သည်ရှာဘတ်လိုက်နဲ့လုပ်နေလိုက်တာ အပေါ်က အကြောင်းအရာလေးကို တွေ့တာနဲ့စိတ်ပါဝင်
စားတဲ့ မိတ်ဆွေများ ရှိလေမလားအထင်နဲ့ တင်ပေးလိုက်တာပါ။
တဆက်တည်း ဓါတ်ပုံအချို့ကိုပါတွေ့တာနဲ့ တွဲပြီးတင်ပေးလိုက်ပါတယ်။
ဗုဒ္ဓဘာသာ သာသနာမပေါ်ထွန်းခင်က ပေါ်လာတာလို့ပြောကြတာပဲ။
ပန်းဦးဆက်ရတယ်လို့ ပြောစမှတ်ပြုကြတာကိုတော့ ငယ်ငယ်တုန်းက ဘတ်ဘူးခဲ့ပါတယ်။
ရေမိုးသန့်စင်မှုမရှိဘူး။ ညစ်ပတ်ပေရေတယ်။ သူတို့နဲ့ ကိုယ့်ချစ်သူနဲ့မင်္ဂလာဆောင်မယ့် သတို့သမီးဖြစ်တဲ့သူတွေ
က သတို့သားနဲ့အတူမနေခင် သွားအိပ်ရတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးကို ဘတ်ခဲ့ရဘူးတာကို ပြောတာပါ။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ထိုင်းဘုန်းကြီးတပါးရုပ်ရှင်ရိုက်ထားတဲ့ ဘာသာနဲ့ အရည်းကြီးနဲ့ အတူတူပဲလားတော့မ
ဆိုတတ်ဘူး။
သို့သော် ဒီပုဂ္ဂိုလ်တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ အ၀တ်ကပ်မနေတာတော့ တွေ့တယ်။
လက်ဆေးတာတို့ ပါးစပ်ဆေးတာ အာလုတ်ကျင်းတာတို့ လုပ်တာတွေ့ရပြန်တော့ ခေတ်နဲ့အညီ ပြုမူနေထိုင်ကြ
တာလားတော့ မဆိုနိုင်ဘူး။
ပွဲတော်တွေလုပ်တော့ တချို့အဖွဲ့ဝင်တွေ ငယ်ပါကို အ၀တ်နဲ့ဖုန်းထားတာလည်း တွေ့ရသလို သူတို့ပွဲတော်ကျင်းပ
ကြတဲ့အခါမှာ စီတန်းလှည့်လည်ကြတော့ အမျိုးသမီးတွေလည်းတွေ့တယ်။
သို့ပေမယ့် အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ အ၀တ်တွေလုံလုံခြုံခြုံပါပဲ။
အရည်းကြီးတွေပုံကို http://blog.kopeter.com/2011/10/holy-men-of-india-very-colorful.html ကနေကူး
ယူထားတာဖြစ်ပြီး ရုပ်သံကိုတော့ http://www.youtube.com/watch?feature=player_embedded&v=s_y
dEz6KMNQ&noredirect=1 ကနေ ကူးယူထားတာဖြစ်ပါတယ်။
ရှေ့တည့်တည့်က ရိုက်ထားတာတွေကို အတတ်နိုင်ဆုံးဖြတ်တောက်ထားတာမို့ အသံနဲ့ရုပ်တထပ်တည်းမဖြစ်တာ
ကိုတော့ ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။
ရှုစားကြည့်ရှုနိုင်ကြောင်းပါခင်ဗျား။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)




