Monday
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များတွင်
အမျိုးသမီးများအား
ပါဝင်ပတ်သက်ခွင့်ပြုရန်
နိုင်ငံတကာဥပဒေရှုဒေါင့်မှ တိုက်တွန်းကြောင်း
ထုတ်ပြန်ချက်
By Legal Aid Network legalaidnetwork@gmail.com
၁။ မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေး ဟူသောစကားလုံးအား အကြိမ်ပေါင်းများစွာ ပြောဆိုနေကြသော်လည်း ၂၀၀၈
ဖွဲ့စည်းပုံအရ တည်ဆောက်ထားသောလွှတ်တော်နှင့် အစိုးရတို့သည် နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အ
ရေးနှင့် လူသားချင်းစာနာထောက်ထားသည့် ဥပဒေများအခြေခံ နှင့်ကိုက်ညီအောင် ပြည်တွင်းဥပဒေများအား မည်
သို့ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပြုသင့်သည်ဟူသည့်အပေါ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံကလက်
မှတ်ရေးထိုး အတည်ပြုထားသော နိုင်ငံတကာဥပဒေများအား ပြည်တွင်း၌ လက်တွေ့မည်သို့ကျင့်သုံးသင့်သည် ဟူ
သည့်အပေါ်တွင်လည်းကောင်း၊ ယနေ့အချိန်အထိ စိုးစဉ်းမျှအလေးထားဖေါ်ဆောင်ခြင်း မရှိသေးချေ။ ယင်းသို့ဖြစ်နေသမျှကာလပတ်လုံး ဥပဒေစိုးမိုးရေးသည် အမည်ခံမျှသာ ရှိနေပါမည်။
၂။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံတခုဖြစ်သည်။ သို့ဖြစ်၍ ကုလသမဂ္ဂပဋိဥာဉ်စာတမ်းအပိုဒ် ၂၅အရ
လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအား လက်ခံအကောင်အထည်ဖေါ်ရန်တာဝန်ရှိသည်။ [1]
၁၉၈၉ ခုနှစ်မှစ၍ လုံခြုံရေးကောင်စီသည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအမြောက်အများတွင် ပါဝင်ပတ်သက်
သူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဥပဒေအခြေခံများအားလေးစားရန်ထပ်ခါတလဲလဲ တောင်းဆိုခဲ့
သည်။
နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေရှုဒေါင့်မှနေ၍ ပြင်းထန်သောချိုးဖေါက်မှုကြီးများအဖြစ် လုံခြုံ
ရေးကောင်စီက ရှုံ့ချသောအကြောင်းရပ်များတွင် တိုင်းရင်းသားများကိုမျိုးဖြုတ်ခြင်း၊ မုဒိမ်းမှုကျူးလွန်ခြင်း နှင့် အ
မျိုးသမီးများအား ဖမ်းဆီးချုပ်နှောင်ခြင်း တို့လည်းပါဝင်သည်။ [2]
ယင်းတို့အားကုစားနိုင်ရန် ၂၀၀၀ ခုနှစ်အောက်တိုဘာလ ၃၁ ရက်နေ့တွင် လုံခြုံရေးကောင်စီက ချမှတ်ခဲ့သည့် ဆုံး
ဖြတ်ချက် အမှတ် ၁၃၂၅တွင် အောက်ပါအတိုင်း ပါရှိသည်။ [3]
“ပဋိပက္ခ ဖြေရှင်းရေး၊ ပဋိပက္ခများမဖြစ်အောင် ကာကွယ်ရေးတို့နှင့် စပ်လျှဉ်း၍ ဆုံးဖြတ်ချက်များချမှတ်ရာတွင် အ
မျိုးသမီးများ၏ အခန်းကဏ္ဍကို တိုးမြင့်စေရန် လိုအပ်ချက်ကိုလည်းကောင်း၊ ငြိမ်းချမ်းမှု နှင့် လုံခြုံမှုတိုးမြင့်ရေးနှင့်
ထိမ်းသိမ်းရေးတို့အတွက် ကြိုးပမ်းမှုမှန်သမျှတွင် ၎င်းတို့တန်းတူညီမျှ ပြည့်ပြည့်၀၀ ပါဝင်ပတ်သက်ခြင်း၏ အရေး
ကြီးမှုကိုလည်းကောင်း အလေးပေးလျှက် ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ပဋိပက္ခဖြေရှင်းရေး နှင့် ပဋိပက္ခများမဖြစ်
အောင် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အရေးပါသောအခန်းကဏ္ဍကို ထပ်မံ အတည်ပြု
သည်။” [4]
၃။ သို့ရာတွင် မြန်မာနိုင်ငံ၌ လွန်ခဲ့သည့်သုံးနှစ်ခန့်မှစ,၍ အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အ
ဆက်မပြတ်ကျင်းပ,လျှက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်တွင်းစစ်အတွင်း အဆိုးဝါးဆုံးခံစားခဲ့ရ
သည့် တိုင်းရင်းသူအမျိုးသမီးများနှင့် ယင်းတို့ကို ကိုယ်စားပြုသည့်အမျိုးသမီးအဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှု
ကို ယခုအချိန်အထိ ဥပက္ခာပြုထားခံရဆဲဖြစ်သည်။
ယင်းမှာ နိုင်ငံတကာဥပဒေနှင့်အညီ နိုင်ငံ၏တာဝန်ရှိမှုကို ချိုးဖေါက်နေခြင်းဖြစ်သည်။
၎။ အရေးပေါ်နှင့် လက်နက်ကိုင်ပဋိပက္ခများတွင် အမျိုးသမီးနှင့်ကလေးများအား ကာကွယ်စောင့်ရှောက်ရန် ကုလ
သမဂ္ဂကြေငြာစာတမ်း [5] အား စံအဖြစ်လက်ခံအသိအမှတ်ပြုကာ၊ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးအတည်ပြု
ထားသော ကလေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် [6] အား လိုက်နာဖေါ်ဆောင်ရန် တာဝန်ရှိ
သည်။ ပြည်တွင်းစစ်ကို အခြေခံ၍ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေစဉ်အတွင်း ကလေးများအနေဖြင့် ကလေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်အရ အကောင်းဆုံးအကျိုးစီးပွားခံစားခွင့်၊ [7] အသက်ရှင်သန်
ခွင့်၊ [8] မွေးပြီးပြီးခြင်းတွင် မှတ်ပုံတင်ပိုင်ခွင့်၊ [9] မိဘများနှင့်အတူနေထိုင်ခွင့်၊ [10] စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာအ
ကြမ်းဘက်မှုမှ အကာအကွယ်ရယူခွင့်၊ [11] အဆင့်အမြင့်ဆုံး ကျမ္မာရေးစောင့်ရှောက်ခံပိုင်ခွင့်၊ [12] ထိုက်သင့်
သည့်လူနေမှုအဆင့်အတန်း ခံစားပိုင်ခွင့်၊ [13] ပညာသင်ကြားပိုင်ခွင့်၊ [14] (တိုင်းရင်းသားကလေးငယ်များတွင်) ယဉ်ကျေးမှုအစဉ်အလာများ ကျင့်သုံးခွင့်၊ [15] အစရှိသည့်အခွင့်အရေးများ ဆုံးရှုံးလျှက်ရှိသည်။
၅။ ပြည်တွင်းစစ်အတွင်း အဆိုးဝါးဆုံးခံစားခဲ့ရသည့် တိုင်းရင်းသူအမျိုးသမီးများနှင့် ယင်းတို့ကိုကိုယ်စားပြုသည့် အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တနည်းနည်းနှင့် ပါဝင်ပတ်သက်ခွင့် ရှိမှသာ
မိခင်ဖြစ်သော အမျိုးသမီးများအတွက်သာမက ၎င်းတို့၏ သားသမီးများဖြစ်သော ကလေးများ၏အခွင့်အရေး ဆုံး
ရှုံးမှုများကိုပါ ဖေါ်ထုတ်နိုင်မည်ဖြစ်သည်။ ယင်းသို့ဆုံးရှုံးမှုများအားမည်သို့အရေးယူဆောင်ရွက်သင့်ကြောင်း နှင့်
နောင်မဆုံးရှုံးအောင် မည်သို့ကာကွယ်စောင့်ရှောက်သင့်ကြောင်း ၎င်းတို့၏အကြံပြုချက်များကို ရယူကာ တနိုင်ငံ
လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်၊ ငြိမ်းချမ်းရေးစာချုပ်များတွင် ထည့်သွင်းဖေါ်ပြ ချုပ်ဆိုသင့်သည်။
ဥပဒေ အထောက်အကူပြုကွန်ရက်
နေ့ စွဲ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်
အသေးစိပ်သိလိုလျှင် ဆက်သွယ်ရန်
ဦးအောင်ထူး (ရှေ့နေ)
တယ်လီဖုံး (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅
[1] The UN Charter Article (25): “The Members of the United Nations agree to accept and carry out the decisions of the Security Council in accordance with the present Charter.”
[2] Eva La Haye, “War Crimes in Internal Armed Conflicts” Cambridge University Press, 2008, P. 63.
[3] Security Council Resolution 1325 was passed unanimously on 31 October 2000. Resolution (S/RES/1325) is the first resolution ever passed by the Security Council that specifically addresses the impact of war on women, and women's contributions to conflict resolution and sustainable peace.
[4] “Reaffirming the important role of women in the prevention and resolution of conflicts and in peace-building, and stressing the importance of their equal participation and full involvement in all efforts for the maintenance and promotion of peace and security, and the need to increase their role in decision- making with regard to conflict prevention and resolution,”
[5] Declaration on the Protection of Women and Children in Emergency and Armed Conflict, Proclaimed by General Assembly resolution 3318 (XXIX) of 14 December 1974.
[6] The UN Convention on the Rights of the Child
[7] UN Convention on the Rights of the Child Article (3)
[8] UN Convention on the Rights of the Child Article (6)
[9] UN Convention on the Rights of the Child Article (7)
[10] UN Convention on the Rights of the Child Article (9)
[11] UN Convention on the Rights of the Child Article (19)
[12] UN Convention on the Rights of the Child Article (24)
[13] UN Convention on the Rights of the Child Article (27)
[14] UN Convention on the Rights of the Child Article (28)
[15] UN Convention on the Rights of the Child Article (30)
Legal Aid Network legalaidnetwork@gmail.com