• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 30, 2014

ဒုက္ခသည်တယောက်ရဲ့ ပင့်သက်မောများ

January 30, 2014
Thursday

ဒုက္ခသည်တယောက်ရဲ့ ပင့်သက်မောများ

By မင်းစိုးစံ

ကြားကြတဲ့အတိုင်းပါပဲ။ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နိုင်တဲ့ လုပ်ငန်းတွေရပ်ဆိုင်းပစ်လိုက်ပြီ ဆိုတဲ့သတင်း
ဟာ နားထဲကို သံရည်ပူနဲ့အလောင်းခံလိုက်ရသလို တုံလှုပ်ချောက်ခြားစရာ မျှော်လင့်ချက်တွေကုန်ဆုံးစရာ ခိုကိုး
ရာမဲ့ဖြစ်ဘွယ်ရာအတိနဲ့ ဒုက္ခသည်တွေရဲ့ဘ၀ကို ကိုင်လှုပ်လိုက်ပါပြီ။

ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ အကြောင်းရှိပါတယ်။
၁၉၉၉ မတိုင်မီ အချိန်တုန်းကဆိုလျင်ဖြင့် ဒုက္ခသည်စခန်းပေါင်းဟာ အတော်များများကိုရှိနေခဲ့ပါတယ်။ ကော်မူးရာ
စခန်းနဲ့အနီးအနားတ၀ိုက်က ကရင်ရွာတွေဖြစ်ကြတဲ့ ထီးဆာရာ၊ ကဲ့ဝေါ်၊ ကွီးလေး၊ ပူးတလု၊ ကျော်ခို့ စတဲ့ရွာတွေ
က ရွာသူရွာသားတွေဟာ ဝှေးကလုတ် ဒုက္ခသည်စခန်းမှာအခြေချနေထိုင်ကြပါတယ်။

အဲဒီလိုပဲ ရေကျော်စခန်း၊ လော်သေထစခန်း၊ မောဖါးသူး၊ မောဝါးဆူး၊ ဒဲဖါထေါ စတဲ့ ကရင်ရွာက ရွာသူရွာသားတွေ
ကလည်း နီးစပ်ရာ ၀မ်းဖါ ဆိုတဲ့ဒုက္ခသည်စခန်းမှာနေထိုင်ကြသလို၊ ဝေါ်လေစခန်း၊ ဖလူးစခန်း၊ ကနဲလေးစခန်း စ
တဲ့စခန်းအနီးတ၀ိုက်က ရွာသူရွာသားတွေကလည်း အများသိကြတဲ့ မောကဲဒုက္ခသည်စခန်းမှာနေကြပါတယ်။

နောက်ပြီးတော့ စခန်းသစ်၊ ဖါးကလောနီ၊ မဲကတေ၊ စတဲ့စခန်းက အနီးတ၀ိုက်မှာရှိတဲ့ ရွာသားတွေကျပြန်တော့ နို့
ဖိုးဒုက္ခသည်စခန်း မှာနေကြပါတယ်။ စည်ဖြင့်ပေါ့လေ စခန်းတွေ အဲဒီလိုရှိနေရာကနေ  တဖြည်းဖြည်းစုလိုက်တာ
အခုဆို မောကဲဒုက္ခသည်စခန်းလည်း မရှိတော့ဘူး၊ ဝှေးကလုတ်ဒုက္ခသည်စခန်းလည်း မရှိတော့ဘူး၊ ၀မ်းဖါဒုက္ခ သည်စခန်းလည်း မရှိတော့ဘူး။ အုန်းဖျန်းမိုင် ဆိုတဲ့စခန်းကြီးထဲမှာပေါင်းထည့်လိုက်တယ်။

ဒီလိုပေါင်းလိုက်တဲ့အခါမှာ တနေရာကနေ တနေရာကို ရွှေ့ပြောင်းခါစမှာ အခက်အခဲက အနည်းနဲ့အများရှိကြပါ
တယ်။ လူလတ်ပိုင်းအရွယ်တွေအတွက် ဘာမျှမသိသာလှပေမယ့် သက်ကြီးပိုင်းနဲ့ကလေးသူငယ်တွေမှာတော့ ရာ
သီဥတုဒါဏ်နဲ့ ရေမြေအနေအထားအရ ဖျားတာတို့ ကိုယ်လက်မအီမသာဖြစ်တာတို့ စသည်ဖြင့် အာဂန္တုအဖျားမျိုး
အနည်းနဲ့အများ ခံစားကြရပါတယ်။

ရေသစ်မြေသစ် နေရာသစ်ဆိုတော့လည်း နေစရာထိုင်စရာက အစ အရာရာဟာ တစ်ကနေပြန်စရတဲ့ အခြေအနေ
မျိုးမို့ အခက်အခဲတွေကြုံကြရတာမဆန်းပါဘူး။ အဲဒီလို နေရာသစ်မျိုးမှာ နေရစားရတာဆိုတော့ အဆင်မပြေလှတဲ့
အတွက် တချို့လည်း DKBA နယ်ထဲပြန်ပြီး ချောင်လည်နိုးနိုးနဲ့ လုပ်ကိုင်စားသောက်ကြပါတယ်။ အဆင်မပြေတော့
စခန်းထဲကို ပြန်ဝင်လာကြပြန်တယ်။

ပြဿနာက အဲဒီမှာ စတော့တာပါပဲ။ စခန်းအပြင်ကနေ ပြန်လာတဲ့အတွက် လူသစ်အဖြစ်သတ်မှတ်တာကြောင့်
UNHCR မှာမှတ်ပုံတင်ခွင့် ဆုံးရှုံးသွားရပါတယ်။
အခုတော့ မျောက်သစ်ကိုင်းလွတ်ဖြစ်ရပြီ။
ပိုဆိုးတာက ဗမာစကားပုံရှိပါတယ် ရှေ့တိုးတော့ ထမ်းပိုး နောက်ဆုတ်တော့ ကြိမ်တုတ် ဆိုတာမျိုးပေါ့။
ရှေ့ကိုလည်း ဆက်မတိုးရဲ နောက်ကိုလည်း ပြန်မဆုတ်ရဲနဲ့။

အဲဒါက ဗမာစကားပုံပါ။ ကရင်စကားပုံကျတော့
ရှေ့တိုးလျင် လူဝံကိုကြောက်ရတယ်။
နောက်ဆုတ်လျင် မြွေဟောက်ကို ကြောက်ရတယ်။
သစ်ပင်ပေါ်တက်ပြေးလျင် ကျားစာဖြစ်မယ်။
ရေထဲကျလျင် မိကျောင်းစားမယ်။
ကဲ ဒုက္ခသည်တွေရဲ့ဘ၀ကို ရှေးကရင်လူကြီးတွေက အဲဒီလို နမိတ်ဘတ်ခဲ့တာပါတဲ့ဗျား။

စိတ်ပျက်စရာတွေအသာထားပြီး ကျုပ်အကြံတခုလောက်ပေးမယ်ဗျာ။
ဖြစ်နိုင်တာ မဖြစ်နိုင်တာကို အဓိကမထားပဲ၊ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးနဲ့ ကရင်ဒုက္ခသည်ကော်မီတီတို့
အနေနဲ့ ကြိုးစားကြည့်ပါလား။
တကယ့်ဒုက္ခသည်တွေမှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက စခန်းထဲမှာ ရိုက်ခဲ့ဘူးတဲ့ အိမ်ထောင်စုစာရင်းဓါတ်ပုံ
တွေဆိုတာ ရှိခဲ့ဘူးတယ်လေဗျာ။ နံပါတ်တွေ လူဦးရေစာရင်း ကျား မ မွေးသက္ကရာဖ် အကုန်ပါတာ။
အဲဒီဓါတ်ပုံပြနိုင်တဲ့မိသားစု ဆိုတာကလည်း သိပ်များများစားစားရှိမှာတော့မဟုတ်ဘူး။
အဲဒီလိုမိသားစုမျိုးကို ဒုက္ခသည်အဖြစ်မှတ်ပုံတင်ခွင့်ပေးပြီး သူတို့ဆန္ဒကို ဖြည့်ပေးလိုက်ပါလား။

ဘာကြောင့်လဲ ဆိုလျင် ၈၈၈၈ အရေးအခင်းနောက်ပိုင်း ဗမာကျောင်းသားအချို့ UNHCR မှာ ဒုက္ခသည်အဖြစ်မှတ်
ပုံတင်ထားပြီးမှ ကျောင်းသားစခန်းထဲ ၀င်ရမယ်ဆိုတော့ သူတို့ကိုထုတ်ပေးထားတဲ့ လက်မှတ်တွေနဲ့ မိသားစုအ လိုက်ဝင်လာကြတာ။ သူတို့ UN နံပါတ်က လေးလုံးပဲရှိတယ်။ ကျုပ်တို့ကျတော့ ငါးလုံး။
အဲဒီလိုလေး လုပ်လို့ရလျင်ပြောပါတယ်။
ကျောင်းသားတွေက နိုင်ငံရေးဒုက္ခသည် မင်းတို့က စစ်ပြေးဒုက္ခသည် မတူဘူး။ တန်းလာမညှိနဲ့လို့ ပြောမလားမသိ
ဘူး။ တန်းညှိနေတာမဟုတ်ပါဘူးဗျာ။ ကျုပ်တို့အားလုံးဟာ အတူတူပဲမဟုတ်လား။ ကျောင်းနေတဲ့ အမောင်တို့ကို
စစ်အစိုးရက ဘမ်းတယ်၊ သတ်တယ်၊ ကျုပ်တို့လိုကျောင်းမနေရတဲ့ မောင်ကျော်တွကိုလည်း စစ်အစို့းရက ဘမ်း
တာပဲ၊ သတ်တာပဲလေ။ အတူတူဆိုတာ အဲဒါကိုပြောတာပါ။

ဒီနေရာမှာ မေးစရာတခုရှိတာက မင်းတို့တတွေ ကရင်ဒုက္ခသည်စခန်းထဲမှာ နေလာတာအတော်ကြာပြီဆိုတော့ စ
ခန်း စတည်တဲ့ ခုနှစ်ကိုပြောစမ်း။ စခန်းမီးရှို့ခံရတာ ဘယ်နှစ်ကြိမ်တုန်း။  ဘယ်ခုနှစ်တွေလဲ။ ရက်အတိအကျပြော
နိုင်မလား။ ဆိုတာမျိုးမေးလားမြန်းလားလုပ်လာလျင် ဘယ်လိုဖြေမတုန်း။
၁၉၈၂ မှာစခန်းစတည်တယ်။ ဝှေးခလုတ်ဒုက္ခသည်စခန်းကို ပြောတာနော်။
အဲဒီလို စတည်တုန်းက ဘယ်သူမျှ၊ ဘယ်အဖွဲ့ကမျှ လာပြီးကူညီတာမဟုတ်ဘူး။
ကော်မူးရာမှာ တချိန်တုန်းက သောင်ရင်းချောင်းကမ်းနားမှာ ကုန်ပစ္စည်းအတင်အချလုပ်နေကြတဲ့ လုပ်သားတွေ
က ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာကို စီစဉ်ပေးခဲ့တာ။ နောက်မှ အစိုးရမဟုတ်တဲ့အဖွဲ့က ကူညီတာ။

ဝှေးကလုတ်ဒုက္ခသည်စခန်း မီးသုံးကြိမ်လောင်ပါတယ်ဗျာ။
ကုလားလင်မဟား စကားများရန်ဖြစ်ရာကနေ ရေနံဆီမီးခွက်မှောက်ပြီး ရပ်ကွက် (၈)တရပ်ကွက်လုံး တက်တက်
ပြောင်ကုန်ပါတယ်။ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်က ပစ္စည်းတွေ အခိုးခံရပါတယ်ခင်ဗျား။ မီးသွေးရောင်းတဲ့ဆိုင်
လည်း မီးလောင်ပါတယ်ဗျာ။ မီးသွေးတွေ မီးလောင်တာ ကြည့်မကောင်းပါဘူးဗျာ။

နောက်ပိုင်းမှာ စခန်းကို နှစ်ကြိမ် မီးအရှို့ခံခဲ့ရပါတယ်ဗျာ။
ပထမတကြိမ်က ၁၉၉၇ခုနှစ် ဇန္န၀ါရီလ၊ ၂၈ရက် ည ၁၀း၀၀နာရီ။
ဒုတိယတကြိမ်က ၁၉၉၈ခုနှစ် မတ်လ ၁၀ရက်၊ (သန်းခေါင်ကျော်) ၁၂း၄၅နာရီ။
တနည်းပြောရလျင် မတ်လ ၁၁ရက်၊ နံနက် ၀၀း၄၅နာရီ။

ပထမတကြိမ် ထိခိုက် ဒါဏ်ရာရမှုမရှိ။
ဒုတိယတကြိမ် လူ လေးဦး သေဆုံးကြောင်းပါခင်ဗျား။
အမျိုးသမီး ၃ဦးနဲ့၊ ကလေးငယ် ၁ဦး ဖြစ်ကြောင်းပါဗျား။

UNHCR မှာ ဒုက္ခသည်အဖြစ်မှတ်ပုံတင်ဘို့ အစီအစဉ်ပေါ်လာသည်ဖြစ်စေ၊ မပေါ်သည်ဖြစ်စေ၊ လိုအပ်သည်ဖြစ်စေ
မလိုအပ်သည်ဖြစ်စေ၊ မှတ်ထားပေါ့နော်။ တနေ့ကျလျင် ကိုယ့်သားသမီးတွေကို ပြန်ပြောပြလို့ ရတာပေါ့။
ဟုတ်ဘူးလား။

လာရှို့တဲ့ အဖွဲ့ကိုသိချင်သေးလား။
DKBA နဲ့ SPDC ။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)