• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, January 29, 2014

ဧရာ လယ်ယာ သပွတ်အူ

January 30, 2014
Thursday

ဧရာ လယ်ယာ သပွတ်အူ

By အရိန္ဒမာ(ဘိုကလေး)

ရန်ကုန်တိုင်းဒေသကြီး၊ မင်း ဓမ္မလမ်းရှိ MCC ခန်းမတွင် ဇန်န ၀ါရီလ ၂၂ရက်နေ့ကပြုလုပ်သော ၁၃၀၀ပြည့်အရေး
တော်ပုံ ၇၅နှစ်မြောက်စိန်ရတု အခမ်းအနားသို့ တောင်သူလယ်သမားသမဂ္ဂ ခေါင်းဆောင်၊ လယ်ယာမြေအကျိုး
ဆောင်ရွက်ပေးနေသူ မစုစုနွေးနှင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀၀
ကျော်ခန့်တက်ရောက်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှာ လယ်ယာမြေကျူးကျော်
မှု အများဆုံးဖြစ်ကြောင်း၊ လယ်သမားများမှ မိမိလယ် ပြန်လည်ရရှိရေးအတွက် ခရိုင်၊ မြို့နယ်၊ ကျေးရွာ မြေယာစီ မံခန့်ခွဲမှုကော်မတီသို့ စာတင်၍တောင်းဆိုသော်လည်း ပြေလည်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ အားနည်း
ချက်များကြောင့် ကျူးကျော်လုပ်ကိုင်မှု ကြီးထွားလာပြီး လယ်ယာမြေအမှုများ ဖြစ်ပွားရကြောင်းပြောပြသည်။

လယ်ယာမြေကျူးကျော်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်တရားရုံးများက ပုဒ်မ ၄၄၇/ ၄၂၇ များဖြင့် ထောင်
ဒါဏ်ချမှတ်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ အဆိုပါအမှုများဖြေရှင်းဆောင်ရွက်ရာတွင်လည်း ပြီးပြတ်သွားသည့်အမှုများ
ကို ရာခိုင်နှုန်းဖြင့်ပြော၍ပင်မရကြောင်း၊ နိုင်ငံတော်က ပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေကို သက်ဆိုင်ရာမှ ပီ
ပြင်စွာဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ သပွတ်အူလိုလိမ်နေခြင်းမှာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အလုပ်မလုပ်
ကြောင်းထင်ရှားနေသည် ဟုမစုစုနွေးက ပြောသည်။

 ပြည်နယ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်များအနေဖြင့် လယ်ယာမြေကျူးကျော်မှုများတွင် ထောင်ဒဏ် (သို့)
ငွေဒဏ်ချမှတ်နိုင်သည် ဟုဥပဒေတွင်ပြဋ္ဌာန်းထားသော်လည်း ကြီးမားသောထောင်ဒဏ်များ မချသင့်ကြောင်း၊ တ
ရားစီရင်ရေးတွင် သက်ညှာစွာထောင်ဒဏ်အစား ငွေဒဏ်များချမှတ်ပေးရန် ခရိုင်၊ မြို့နယ်တရားရုံးများသို့ ညွှန်
ကြားမှုများပြုလုပ်သင့်ကြောင်း ပြောသည်။

အရိန္ဒမာ(ဘိုကလေး)

Copy from http://www.hotnewsweekly.com/node/1671