• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 1, 2014

အရက် များများသောက် အသက်မြန်မြန်ပျောက်

February 01, 2014
Saturday.

အရက် များများသောက် 

အသက်မြန်မြန်ပျောက်

By မင်းစိုးစံ

VOA မြန်မာပိုင်းဌာနက Vodka အရက် များများသောက် အသက်မြန်မြန်ပျောက်ဆိုတဲ့ခေါင်းစဉ်နဲ့ အရက်သုတေ
သန သတင်းတိုလေးကို ဘတ်လိုက်ရပါတယ်။
Vodka အရက်မှ မဟုတ်ပါဘူး။ ဘယ်လိုအရက်မျိုးမဆို များများသောက်လျင် အသေစောတာပါပဲ။
ကျုပ်တို့ရွာက အရက်တွေဆိုလျင် ပိုတောင်သန့်သေးတယ်။
များများသောက်တော့ မြန်မြန်သေကြတာပဲ။

ဘာကြောင့်သန့်တယ်လို့ပြောရသလဲဆိုလျင် ကောက်ညှင်းကို ကြံသကာ၊ တဆေး အဲဒါလေးနဲ့ ကဇော်ဖေါက်ပြီး
ချက်တာ၊ ဘာဆေးမှမပါဘူး။ ဓါတုဗေဒ ဆေးဝါးကိုပြောတာ။
တဆေးဆိုတာကလည်း ကြက်မောက်ပန်းရဲ့အမြစ်၊ ပဒဲကောဥ၊ တောထဲက သစ်မြစ်တွေကို ဆန်ကြမ်းမှုန့်နဲ့တေပြီး
နေလှမ်း၊ ပြီးတော့မှ ချက်ထားတဲ့ကောက်ညှင်း မဟုတ်လျင် ဆန် နဲ့ရော။ မြေအိုးထဲထည့်ပြီးလေးရာက်လောက်
ထား။ ပြီးတော့မှ ကြံသကာနဲ့စိမ်ထား။ နောက်လေးရက်လောက်ကြာမှ ပေါင်းတင်။
မသန့်ပဲနေမလား။

အသေစောတာက အရက်ဦးရည်ကို ခွက်မယူ၊ ရေမရောပဲ တကျိုက်ထဲ မော့ချတော့ ဘယ်ကြာကြာခံမလဲ။
မူးလာလျင် အသိတရားက လွတ်လွတ်သွားတာဆိုတော့ ရေချိုးရင်း ရေငုတ်ရတာအရသာရှိလို့ဆိုပြီး ပြန်မပေါ်တာ
မျိုးတွေလည်း ရှိသေး။
ကျုပ်ကော်မူးရာမှာနေတုန်းက အထမ်းသမားတယောက်ရှိတယ်ဗျ။ အရက်ကို သိပ်ကြိုက်တာ။
ချဉ်ချဉ်တူးတူး မူးလျင်ပြီးရော ဆိုတဲ့အစားထဲက။
နေကလည်းပူ အရက်ကလည်းမူးဆိုတော့ သောင်ရင်းချောင်းထဲ ရေဆင်းချိုးပါလေရော။
နွေရာသီဆိုတော့ ချောင်းရေကလည်း ပေါင်ရင်းလောက်ပဲရှိတယ်။
ရေစီးအားလည်း မသန်ပါဘူး။
အဲဒါ ရေငုတ်ရတာ အင်မတန်အရသာရှိလို့ဆိုပြီး အဲဒီပေါင်ရင်းလောက်ရေထဲမှာ ကံကောင်းလို့မသေတာ။
ကျုပ်က သူ့ဘေးမှာဆိုတော့ ရေငုတ်နေတာအတော်ကြာတာပဲဆိုပြီး ဆွဲထူလိုက်လို့ပေါ့။
မဟုတ်လျင် ဒီလူဘ၀ပြောင်းပြီ။

နောက်တယောက်ကတော့ မြှုံးဖေါ်ပြီးပြန်လာတဲ့ လူတယောက်ဗျ။ သူ့ကျတော့ မရဘူးသေတာပဲ။
အရက်မူးမူးနဲ့ ရလာတဲ့ငါးတွေကို လက်နဲ့ကိုင်ပြီးငါးခေါင်းကို သွားနဲ့ကိုက်တာ။
ငါးပြေမဆိုတော့ ဆူးထောင်ကလည်းရှိ။ လူက အရက်မူးမူးနဲ့ဆိုတော့ အဲဒါငါးက ပါးစပ်ထဲကနေ လည်ချောင်းထဲ
ရောက်သွားပါရော။
ကျုံဒိုးဆေးရုံကိုရောက်တော့ လည်ချောင်းကိုခွဲပြီးထုတ်တာ တပိုင်းပဲရတယ်၊ နောက်တပိုင်းက လည်ချောင်းမှာပဲ
ကျန်နေတဲ့အတွက် လက်လျှော့လိုက်ရတယ်။
အဲဒါ အရက်ကြောင့်မသေသင့်ပဲ သေရတဲ့အဖြစ်တွေ။

အရက်သန့်တယ်ဆိုပေမယ့် ကျုပ်တို့ရွာနဲ့အနီးဆုံးရွာတရွာက အရက်ကျတော့  လူကိုဒုက္ခအပေးဆုံးပါဗျား။
အရက်ချက်တဲ့အခါမှာ ပုလဲဝဲ(ဓါတ်မြေသြဇာ)ထည့်ချက်ပါသည် တဲ့။
အရက်ကိုကြည့်လိုက်လျင် ကြည်နေတာပဲ။ ပုလင်းကိုလှုပ်လိုက်လျင် ပူပေါင်းလေးတွေနဲ့။
အားပါးပါး ပြင်းလိုက်တာ ဦးရေအတိုင်းပဲ။ ဈေးက ရိုးရိုးအရက်နဲ့တန်းတူဆိုတော့ သောက်လိုက်ကြတာ။

နောက်တမျိုးကျတော့ ရန်ကုန်ကနေလာတယ်ဆိုလား။ ဘာလား။
အရက်ခဲ တဲ့။ အဲဒါတွေကို ရေနဲ့လျောပြီးရောင်းကြတာ။
ကျုံဒိုးက စားသောက်ဆိုင်တွေမှာ ဘုံးပေါလအောပဲ။ သောက်ခါစမှာ ဘာမျှမဖြစ်ဘူး အေးဆေးပဲ။
ကြာလာတော့ သွားတာပဲ။

အရက်သောက်ခြင်းအပြစ်ခြောက်ပါး

ဥစ္စာယုတ်ခြင်း၊
ငြင်းခုံများစွာ၊
ရောဂါထူပြော၊
ကျော်စောမဲ့တုံ၊
မလုံအင်္ဂါ၊
ပညာနည်းရှား၊
ဤခြောက်ပါးကား၊ သောက်စားသေစာ အပြစ်တည်း။
(သိင်္ဂါလောဝါဒဆုံးမစာ)

အရက်သောက်ခြင်း အပြစ်ခြောက်ပါးတဲ့။ သေနိုင်တာတော့ မပါဘူး။ ဒါပေမယ့် အရက်ကြောင့်သေရတဲ့လူတွေအ
များအပြားရှိတာကတော့ ဘယ်လိုမျှငြင်းလို့မရပါဘူး။
အရက်က သူ့ဘာသာပုလင်းထဲမှာ ရှိနေတာပဲ။ လူက သွားသောက်တာကိုး။ အပြစ်ရှိတာက လူမှာပဲရှိတာ။
ဒါကြောင့် အရက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေဆိုတာကလည်း ပုလင်းပုံစံအမျိုးမျိုး ဗူးပုံစံအမျိုးမျိုးနဲ့ ထုတ်ပြီး
ရောင်းလိုက်တာများ သောက်ချင်စရာကောင်းလိုက်ပါဘိ။

Vodka အရက်ကို AK 47 ပုံစံနဲ့ထုတ်ပြီးရောင်းတာမျိုးလေး တွေ့ဘူးကြမယ်ထင်တာပဲ။
မမြင်ဘူးသေးတဲ့လူတွေအတွက် အောက်ကရုပ်သံဖိုင်မှာ VOA သတင်းနဲ့တွဲပြီး ကူးယူတင်ပြပေးလိုက်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)