• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, February 2, 2014

ပိုးကရင်စာ သင်ကြပါစို့ အပိုင်း(တစ်)

February 02, 2014
Sunday

ပိုးကရင်စာ သင်ကြပါစို့ အပိုင်း(တစ်)

By မင်းစိုးစံ

ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေခင်ဗျား။
ကျုပ်ကို ဆရာမန်းကိုကိုက ပိုးကရင်စာကို အင်တာနက်ပေါ်တင်ဖြစ်အောင် တွန်းအားပေးလိုက်တဲ့အတွက် အခု
အချိန်ကစပြီး မတတ်တခေါက်သိနားလည်ထားတဲ့ ပိုးကရင်စာကို ရုပ်သံဖိုင်များနဲ့အတူ တင်ပြပါတော့မယ်။
အသံကိုကြားတာနဲ့ မျက်နှာကိုပိတ်ကန်ချင်တဲ့လူတွေကို အသိပေးလိုက်ချင်တာကတော့ ကျုပ်နာမည် စသန်းမြင့်
ပါခင်ဗျား။

တချိန်တုန်းက ဘားအံခရိုင် စည်းရုံးရေးဌာန လက်အောက်မှာရှိတဲ့ ဖွဲ့စည်းတည်ဆောက်ရေးနဲ့ ပညာပေးရေးဌာနရဲ့
ဌာနတာဝန်ခံဟောင်းတဦးဖြစ်ပြီး အရှေ့ပိုးကရင် စာပေနဲ့ယဉ်ကျေးမှုဖေါ်ထုတ် မြှင့်တင်ထိန်းသိမ်းရေးကော်မီတီရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်ခဲ့သလို အရှေ့ပိုးကရင်အခြေခံမူလတန်းကျောင်းရဲ့ ဥက္ကဌဟောင်းလည်းဖြစ်
ခဲ့ပါတယ်။

ဘားအံခရိုင် စည်းရုံးရေးဌာနမှာ စည်းရုံးရေးမှူးကြီးက ပဒိုမန်းစိုးတင့်ဖြစ်ပြီး ဥက္ကဌကတော့ မန်းသောင်းတင်ဖြစ်ပါ
တယ်။ အခုလိုမိတ်ဆက်လိုက်ရခြင်းကတော့ အရှေ့ပိုးကရင်ကျောင်းနဲ့ ကျောင်းဆရာဆရာမတွေကို အမျိုးမျိုးဖိ
အားပေးပြီးနှိပ်ကွပ်ခဲ့တဲ့သူတွေ ရှိနေသေးမယ်ဆိုလျင် ရပ်တန်းကရပ်အောင်လို့ဖြစ်ပါတယ်။

အရှေ့ပိုးကရင် စာပေနဲ့ယဉ်ကျေးမှုဖေါ်ထုတ်မြှင့်တင်ရေးကော်မီတီရဲ့ ဥက္ကဌကတော့ ဘ၀နတ်ထံပျံလွန်တော်မူ
သွားပြီဖြစ်တဲ့ အုမ်းပျန်ဒုက္ခသည်စခန်းက ဆရာတော်မန်းဉာဏ၀ရဖြစ်ပါတယ်။
ဒုဥက္ကဌကတော့ မန်းခိုးလုံ(ဆြာ့ မာန်ခေါဟ်လုင်) ကရင့်အနုပညာလောကမှာ လူကြမ်းမင်းသားအဖြစ်နဲ့ နာမည် ကြီးဖြစ်တဲ့ ပြဇာတ်နဲ့တေးရေးဆရာဖြစ်ပြီး တတိယ ဥက္ကဌကတော့ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီဖြစ်တဲ့ ဆရာ မန်းချစ်ခင်ဖြစ်ပါတယ်။ ဝှေးခလုတ်ဒုက္ခသည်စခန်းရဲ့ ဒုဥက္ကဌတာဝန်ကိုပါပူးတွဲ ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပါတယ်။

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မန်းခိုးလုံဟာ ပြည်တွင်းကိုပြန်သွားပြီးနောက်ပိုင်း ဆရာမန်းချစ်ခင်က
ဒုဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
မန်းချစ်ခင် ဆိုသူကတော့ ဘားအံခရိုင် သစ်တောဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ မန်းတင်ဝင်းရဲ့ ဘခင်ဖြစ်ပါ
တယ်။
မိတ်ဆက်တာတွေကို ခဏရပ်ပြီး ပိုးကရင်စာဘက်ကို လှည့်ကြပါစို့။

ကျုပ်ဟာ ကျောင်းဆရာတယောက်မဟုတ်တဲ့အတွက် အနယ်နယ်အရပ်ရပ်ကိုရောက်နေကြတဲ့ မိဘများအနေနဲ့ပဲ
ဖြစ်ဖြစ် ကရင်လူငယ်လေးတွေကို ပိုးကရင်စာ သင်ပေးနေသူတွေပဲဖြစ်ဖြစ် ကိုယ်တိုင်လေ့လာချင်သူတွေပဲဖြစ်ဖြစ်
အလိုအပ်ဆုံးလို့ ထင်ရတာတွေက စတင်ဖေါ်ပြတင်ဆက်သွားမှာဖြစ်ပါတယ်။

အဲဒါကတော့ ဆရာကိုင်စာအုပ်လေးထဲက အကြောင်းအရာတွေကို ထပ်ဆင့်ဖေါ်ပြပေးထားတာဖြစ်ပြီး တစုံတရာ
အားနည်းချွတ်ချော်မှုများရှိခဲ့လျင် အဲဒီအမှားဟာ ကျုပ်ရဲ့အမှားသာဖြစ်တဲ့အတွက် ပညာရှင်များအနေနဲ့ ဝေဘန်
ထောက်ပြပေးစေလိုကြောင်းပါခင်ဗျား။

ပထမဆုံးအနေနဲ့ ပိုးကရင်တွေရဲ့ သစ္စာအဓိဌာန်ကို ဖေါ်ပြပေးပါ့မယ်။
အဓိပ္ပါယ်က
လူမျိုးတမျိုးရဲ့အသက်သွေးကြောဖြစ်တဲ့ စာပေနဲ့ရိုးရာယဉ်ကျေးမှုတွေကို ရှေးကရင်လူကြီးသူမတွေကအမွေအနှစ်
အဖြစ် ပြည့်စုံကုံလုံစွာ ပေးအပ်ခဲ့တာကြောင့် ကရင်မျိုးမပြုတ်ချင်လျင် ကရင်တိုင်း ကရင်တိုင်း တစ်ယောက်မကျန် စာပေ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို ကြိုးစားသင်ယူကြပါ။ ကျန်းမာပါစေ။ 

အဲဒီသစ္စာအဓိဌာန်ကို စာမသင်ခင်မှာ ဦးစွာပထမ နှလုံးသွင်းရွတ်ဆိုကြဘို့ လိုအပ်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)