• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, February 10, 2014

ကရင့်အမျိုးသားရဲ နဲ့ ဗမာရဲ ပူးပေါင်းတော့မယ်

February 10, 2014
Monday

ကရင့်အမျိုးသားရဲ နဲ့ ဗမာရဲ ပူးပေါင်းတော့မယ်

By မင်းစိုးစံ

မှုခင်းနဲ့ပတ်သက်လာလျင် အတူတကွ ပူးပေါင်းဆောင်ရွက်ဘို့ ကရင့်ရဲ နဲ့ ဗမာ့ရဲ ပူးပေါင်းကြမယ်ဆိုတော့ သိပ်
ကောင်းတာပေါ့ဗျာ။
ထိုင်းနိုင်ငံနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် နယ်စပ်မှာ မှုခင်းနဲ့ ပတ်သက်ပြီး ထိုင်းကလိုချင်တဲ့တရားခံက ဗမာနိုင်
ငံရဲ့ နယ်မြေထဲမှာရှိနေလျင် ဗမာ့ရဲက ဘမ်းပေးသလိုဗမာက လိုချင်တဲ့တရားခံဆိုလျင်လည်း ထိုင်းရဲက ဘမ်းပေး
သလိုမျိုး ဗမာ့ရဲ နဲ့ ကရင့်ရဲ ပူးပေါင်းပြီး ဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ကြမယ်ဆိုတော့ သာဓုခေါ်စရာအလုပ်
လေဗျာ။ ကောင်းတာမှ သိပ်ကောင်းတာပေါ့ဗျာ။

ထိုင်းရဲတွေအကြောင်း ကျုပ်ကိုယ်တွေ့လေးတခုလောက် ပြောချင်ပါတယ်။
ကော်မူးရာခေတ်က လို့ပဲဆိုကြပါစို့။
နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဆိုပြီး ထိုင်းနဲ့ကရင် နားလည်မှုယူထားတဲ့ လက်မှတ်တွေနဲ့ ကူးသန်းသွားလာနေကြ
တဲ့ အချိန်ပေါ့ဗျာ။

ကော်မူးရာ(ကရင်နယ်မြေ) ကနေ မဲဆောက်ကို သွားတဲ့အခါ ထိုင်းရွာတွေဖြစ်တဲ့ ဝှေးခလုတ် နဲ့ မဲပ ဆိုတာကိုဖြတ်
ရတယ်။ မဲဆောက် ရောက်ခါနီးမှာ ပုလိပ်ဂိတ် တဂိတ်ရှိတယ်ဗျာ။ ကျာဒမ်း လား၊ ကျိုင်ဒန်း လား၊ ကောင်းကောင်း
တော့မမှတ်မိဘူး၊ အဲဒီပုလိပ်က ဂိတ်မှူး။ အဲဒီပုလိပ်ဂိတ်မှာ လက်မှတ်စစ်တာတွေလုပ်လေ့ရှိတယ်။
လက်မှတ်မပါလျင် ဘတ် ၅၀၀ပေးရတယ်။ လက်မှတ်ပါတယ် နာမည်ခေါ်တာ မှားသွားလျင် ဘတ်ငွေ ၂၀၀ပေးရ
တယ်။ ဗမာပြည်ထဲကနေ မဲဆောက်ကို သွားချင်တဲ့ပုဂ္ဂိုလ်တွေ အထူးသဖြင့်တော့ ကရင်တွေပေါ့ဗျာ၊ရိုးသားတယ်
လို့ပြောမလား၊ အ,တယ်လို့ ဆိုမလား။ နှစ်ခုစလုံးကြောင့်လားတော့မသိဘူး။ လက်မှတ်ပါရဲ့သားနဲ့ ကိုယ့်နာမည်
ကိုယ်တိုင်ပြောရတဲ့အခါ  အဲဒီ ကျာဒမ်း ဆိုတဲ့ပုလိပ်ရှေ့ရောက်တာနဲ့ အ,ထစ်အ,ထစ်ဖြစ်လို့ ပိုက်ဆံတွေပေးနေ
ကြရတာ အများအပြားပါပဲ။

တခါတလေကျပြန်တော့ သူများလက်မှတ်ကိုယူပြီး မဲဆောက်ကိုသွားတာဆိုတော့ နံမည်တွေမှားခေါ်မိတတ်တာ
မျိုးတွေလည်း ရှိတတ်ပါတယ်။ ဘာကြောင့် သူများနံမည်နဲ့ လုပ်ထားတဲ့လက်မှတ်ကို ယူလာရသလဲဆိုတော့ ကိုယ့်
နံမည်နဲ့ ကိုယ်ဆိုလျင် ဈေးကြီးတယ်။ သူများနံမည်နဲ့လက်မှတ်ကို ယူသုံးတော့ ဈေးချိုတယ်။

တိုတိုပြောရလျင် အဲဒီ ကျာဒမ်း ဂိတ်ကိုလွန်သွားတာနဲ့၊ ကုလားသချိုံင်းဆိုတာရှိတယ်၊ အဲဒီသင်္ချိုင်းအလွန်မှာ အခု ပန်းခြံလုပ်ထားတဲ့နေရာ၊ အလျင်တုန်းက နွားတွေအရောင်းအ၀ယ်လုပ်တဲ့ နွားကွင်း။ အဲဒီနားမှာ ထိုင်းရဲတွေက လက်မှတ်စစ်တတ်တယ်။ တယောက်ထဲပဲ။ ဆိုင်ကယ်တစီးနဲ့။ အဲဒါလက်မှတ်လည်း ရှိတယ်။ တခြားဘာအပြစ်မျှ
မရှိဘူး။ အဲဒါ ဘတ် ၅၀တောင်းတယ်ဗျာ။ဘာကြောင့်ပေးရမလဲလို့မေးလျင် သူ့ဆိုင်ကယ်ကို ဆီဖြည့်မလို့ပါတဲ့။ မပေးလျင် လက်ထိပ်ခတ်မယ်ပေါ့လေ။ ဒါမှမဟုတ်ဘူးဆိုလျင်လည်း ပိုင် လုံးဖတ် ဆိုတဲ့( ပုလိပ်ရုံးမှာ ဖြေရှင်းမယ်) စကားနဲ့လူကို ခြိမ်းခြောက်တယ်။ ပုလိပ်ရုံးကို သွားမယ်ဆိုလျင် အချိန်လည်းကုန်မယ်။ အလုပ်လည်းပျက်မယ် ဆို
တော့၊ ဘတ်၂၀လောက်ပဲယူပါလို့ပြောလျင် မိတ်ဒိုက် ဖွန်ခါထွန်း  (မရဘူး ငါရှုံးတယ်) ဆိုပြီး မရ,ရ,အောင် မပေး
ပေးအောင် လုပ်တော့တာပဲ။

ကဲ အဲဒါ ထိုင်းရဲနော်။ ထားလိုက်ပါတော့ သူတို့ပိုင်တဲ့ သူတို့နိုင်ငံမှာ ကိုယ်က နားလည်မှုနဲ့ ၀င်ထွက်သွားလာနေရ တာ။ ဗမာ့ရဲအကြောင်း ကျုပ်ကိုယ်တွေ့လေးပြောဦးမယ်။
ကျုပ် နယ်စပ်ကနေပြီး ရန်ကုန်ကိုပြန်သွားတဲ့အချိန်။ မှတ်မှတ်ရရ ၁၉၈၂ခုနှစ်၊ ဗဟန်းမြို့နယ်ရဲ့ ဥက္ကဌဟောင်း မန်း
ငွေအောင်တို့ အသံလွှင့်ရုံကို ၀င်စီးတဲ့ အချိန်ပေါ့။

ကျုပ်လည်း ရန်ကုန်မှာကြာကြာမနေရဲတာနဲ့ ပြန်လာတော့ မော်လမြိုင်ကနေ ကျုံဒိုးကို ပြန်ဘို့ အမှတ် ၄ ဘောတံ
တားပေါ်မှာ သင်္ဘောစောင့်နေတုန်း ညီလေး အစ်ကိုယ့်နဲ့ ခဏလောက် လိုက်ခဲ့ပါဆိုပြီး လ္ဘက်ရည်ဆိုင်တခုရဲ့
ချောင်ကျကျ စားပွဲခုံမှာ ထိုင်ခိုင်းရင်း ကျုပ်ကိုယစ်တော့တာပဲ။ ဘယ်မှာနေလဲ။ မှတ်ပုံတင်ပြစမ်း။ မင်းဘာအလုပ်
လုပ်လဲ။ ဘယ်ကနေ ပြန်လာတာလဲ။ ဘာသွားလုပ်တာလဲ။ မှန်မှန်ဖြေ လိမ်ဘို့မကြိုးစားနဲ့။  ငါတို့က သတင်းအတိ
အကျ ရထားတာ။ မင်းမှာငွေ ဘယ်လောက်ပါလဲ။ ပြစမ်း။ ဆိုပြီး ကျုပ်အိတ်ကို မွှေပါရော။ သူနဲ့အတူ ပါလာတဲ့လူ က သေနတ်ကို ပေါ်တင်ထုတ်ပြပြီး မင်း ငါတို့ကိုဘာမှတ်သလဲ။ ဒီမှာတွေ့လား။ သံလွင်မြစ်ထဲ မျှောပစ်လိုက်လို့ ချီး
တောင်စားလိုက်ရမှာမဟုတ်ဘူး။ ဘာညာဆိုပြီး ကျုပ်အိတ်ထဲက ၂၅ကျပ်တန်နှစ်ထောင်အုပ်ငါးအုပ်ထဲက လေး
အုပ် ယူသွားပါရော။
ကဲ ဘယ်မှာသွားတိုင်မလဲ။ အခြေအနေကလည်း ရုတ်ရုတ်သဲသဲ၊ ကိုယ်ကလည်း ကော်မူးရာကနေ ရန်ကုန်ကိုသွား
ပြီး ပြန်လာတဲ့အချိန်။
ဗမာ့ရဲအကြောင်း ပိုပြီးသိချင်သေးလျင် အဲဒီမှာ http://phutarmite.blogspot.com/2013/10/october-29-2013-tuesday-ob-objective.html သွားဘတ်ကြည့်နိုင်ပါတယ်။

ကဲ ဗမာ့ရဲ အကြောင်းပြီးတော့ အမေရိကန်ရဲ အကြောင်းပြောပြမယ်။
စိန့်ပေါ်မြို့ရဲ့ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမှာ။
ကျုပ်နဲ့ လူတစ်ယောက် ထိုင်းနိုင်ငံကနေပြီး အမေရိကန်နိုင်ငံကိုအချြေနေထိုင်ကြမယ့် ဒုက္ခသည်မိသားစုကို စောင့်
နေတဲ့အချိန်ပေါ့။
အဲဒီမိသားစုတွေပါလာတဲ့ လေယာဉ်နောက်ကျမယ်၊ ဆိုပြီး တီဗွီမျက်နှာပြင်မှာပေါ်နေတာမို့ လာစောင့်နေတဲ့ လူတ
ချို့ အိပ်ချင်လို့ပြန်သွားကြပေမယ့် ကျုပ်တို့နှစ်ယောက်ထဲ ဧည့်ကြိုနေရာတလျှောက် လမ်းသလားနေလိုက်တာ အ
တော်လေးကြာသွားတယ်။

အဲဒီအချိန်မှာ အရပ်ဝတ်နဲ့ လူတယောက် ရောက်လာပြီး သူဟာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတယောက်ဖြစ်တဲ့အ
ကြောင်း ကဒ်ပြားထုတ်ပြပြီး သူ့နာမည်ကိုမိတ်ဆက်ပါတယ်။ ပြီးတော့ နည်းနည်းလေး မေးခွင့်ပြုပါ တဲ့။
ကျုပ်ပုံစံက မသင်္ကာစရာ ပေါက်နေလို့ထင်ပါရဲ့။
ဆံပင်ရှည်ရှည်ထားတယ်၊ မျက်နှာတ၀ိုက် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွေှ့း၊ ပါးဖုံးမွှေးတွေနဲ့။
ပြီးတော့ လေယာဉ်ကွင်းထဲက မှန်သားပြင်မှာ လေယာဉ်အစီအစဉ်တွေပြထားတာကို လိုက်ရေး လိုက်မှတ်၊ ဖုံး
ဆက်ပြီး လေယာဉ်ဆိုက်တော့မယ့်အကြောင်း အမြန်ဆုံးလာဘို့ အိမ်ကိုပြန်အကြောင်းကြားဆိုတော့။

ကဲ အဲဒါက အမေရိကန်ရဲ။
ကရင်ရဲအကြောင်း သိချင်သေးလား။
ကျုပ်ကို ကရင်ရဲ မေးတာမြန်းတာ မခံရဘူးလို့ မသိပါဘူးဗျာ။ စစ်ဘက်အရာရှိတွေမေးတာတော့ ခံရဘူးပါတယ်။
ကရင့်အမျိုးသားရဲတွေ ဗမာ့ရဲနဲ့ပူးပေါင်းတာလည်း ပူးပေါင်းတာပေါ့ဗျာ။
သို့သော် တခုတော့ သတိပေးပါရစေ။

မနုဿကျော်ဝင်း ရေးခဲ့တဲ့ စာကြောင်းလေးပါ။
ကြာတော့ အတော်ကြာပြီဗျ။ သူရေးထားတာက
သူ့ကြောင့်ပျက်ဆီးသော သင် မဖြစ်စေပဲ၊ သင့်ကြောင့် သူ တော်လာပါစေ။ တဲ့။
ကရင့်အမျိုးသားရဲဘော် ရဲမေတွေအားလုံး တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်
နိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)