• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, February 11, 2014

ခေတ်သစ် မဟာဇနက္ကမင်း

February 11, 2014
Tuesday.

ခေတ်သစ် မဟာဇနက္ကမင်း


ကျုပ်တို့ကြားဘူးနားဝရှိခဲ့ဘူးတဲ့ မဟာဇနက္ကဆိုတာ ဇွဲလုံ့လနဲ့ဉာဏ်ပညာ ရင့်သန်တဲ့ပုဂ္ဂိုလ်၊ ပင်လယ်ပြင်မှာ လေ
မုန်တိုင်းမိပြီး သဘောင်္ပျက်ခါနီးအချိန်မှာတောင် ခေါင်းအေးအေးထားပြီး စံနစ်တကျတုန့်ပြန်သွားပုံက လက်ဖျားခါလောက်စရာ မဟုတ်လား။
ခုနှစ်ရက်လုံးလုံး ပင်လယ်ထဲမှာ လက်ပစ်ကူးတယ်။
အဲဒီတော့ လူအတော်များများရဲ့ စိတ်ထဲမှာ အဲဒီခေတ်တုန်းက ဂရင်းနစ်စံချိန်ဆိုတာသာ ရှိခဲ့လျင် မှတ်တမ်းတင်ခံရ
နိုင်ကောင်းရဲ့ ပေါ့လေ။

မဟာဇနက္ကမင်း ပင်လယ်ထဲမှာ ခုနစ်ရက်မျောနေတာထက် အခု ၁၃လ လောက်ပင်လယ်ထဲမှာ အသက်ရှင်တဲ့ လူ
ကိုတော့ ဂရင်းနစ်စံချိန်တင်ကြလိမ့်မယ်ထင်တာပဲ။

ကဲပါဗျာ အောက်က ရုပ်သံဖိုင်လေးကို နားဆင်ကြည့်ကြပါ။
အသံကိုတော့ ရေဒီယိုသြစ်တြေးလျားက ယူထားတာပါ။
ဓါတ်ပုံကိုတော့ သိတော်မူကြတဲ့အတိုင်း Google မှာရှာပြီး တင်ထားတာပါ။


ပြည့်ပြည့်စုံစုံ လေ့လာမှတ်သားချင်တယ်ဆိုလျင်တော့ဖြင့် အောက်က လိပ်စာအတိုင်း သွားရောက်ကြည့်ရှုနိုင်ပါ
ကြောင်းပါခင်ဗျား။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)