• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, February 17, 2014

လက်ဝှေ့ပွဲကြီး အခုမှစတော့မှာလား

February 17, 2014
Monday

လက်ဝှေ့ပွဲကြီး အခုမှစတော့မှာလား

By မင်းစိုးစံ

 တေးသံရှင် လွှမ်းမိုးဆိုခဲ့တဲ့ သီချင်းတွေထဲက သီချင်းတပုဒ်ရှိတယ်။ ကားပြိုင်ပွဲကြီးအခုမှ စပြီ ဆိုတာလေ။ ကျုပ် ကလည်း အားကျမခံ လက်ဝှေ့ပွဲကြီး အခုမှစတော့မှာလား ဆိုတဲ့ခေါင်းစည်းကိုတင်ပြီး ဒီမိုကရေစီ အကျိုးပြုတပ် မတော် DKBA က ဗိုလ်မှူးဆန်းအောင် နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တို့နဲ့ပတ်သက်တဲ့ သတင်းကိုအ
ခြေခံရင်း အကြောင်းအရာတခုကို ရေးဖြစ်သွားရပြန်ပါပြီ။

လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ နေထိုင်သူတွေကို တပ်ပိုင်မြေနေရာနဲ့ မလွတ်လို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ် ၀ါရီလ ၄ရက် အာရုံတက်ချိန်လောက်မှာ တပ်မတော်၊ရဲတပ်ဖွဲ့နဲ့ စည်ပင်က အဲဒီရွာကအိမ်ခြေ ၄၀၀နီးပါးလောက် ကို ၀င်ရောက်ဖျက်ဆီးခဲ့လို့ အဲဒီရွာကနေပြောင်းလာတဲ့သူတွေ ဘုန်းကြီးကျောင်းမှာခိုလှုံနေကြရပါတယ်။

အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်
မှူးဆန်းအောင် ရောက်လာပြီး ကရင်ပြည်နယ်ကိုခေါ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကို ပြောတော့ ၀န်ကြီးဦးအောင်မင်းက လက်မခံပဲ ပြန်လည်နေရာချပေးနိုင်ရေးအတွက် စဉ်းစားပေးမယ်လို့ပြောတာကို ကျောင်း
တိုက်ဆရာတော်က မိန့်တယ်ဆိုတဲ့သတင်းကို နေရာအချို့မှာ တွေ့လိုက်ရ ဘတ်လိုက်ရပါ တယ်။

ဗိုလ်မှူးဆန်းအောင်ကတော့ ပြောတဲ့အတိုင်းလုပ်လိုက်တာလို့ မြင်ပါတယ်။ ရဲရဲပြော ရဲရဲလုပ် ဆိုတဲ့အတိုင်း အမြင်
မတော်တာကို အမြင်မတော်သလို ၀န်ကြီးဦးအောင်မင်းကို ပြောတာပဲလေ။ ဒါပေမယ့် ၀န်ကြီးဦးအောင်မင်းမှာ နှ
လုံးသွေးကြောကျဉ်းနေတယ်ဗျ။ သူ့နှလုံးက သိပ်ကောင်းတာမဟုတ်ဘူး။ ဆရာဝန်က အနားယူခိုင်းထားတာ။
သူ့စိတ်အနှောင့်အယှက်ဖြစ်သွားလို့ တော်ကြာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)
နဲ့ ဆွေးနွေးပွဲကို မတက်နိုင်လို့ပါဆိုပြီးထပ်ပြီးရွှေ့နေရဦးမယ်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က ဗိုလ်မှူးဆန်းအောင်အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို အ
ခြေခံလူထုတွေရဲ့ အခက်အခဲကိုကူညီနိုင်ဘို့ ခုလိုပြောဆိုတာကို လွယ်လွယ်နဲ့ဘယ်ဘယ်ပေးလိမ့်မလဲဗျာ။
တိုင်းပြည်တိုးတက်ကောင်းမွန်အောင်မလုပ်နိုင်တာသာရှိမယ် အာဏာမြဲဘို့အတွက် ဆောင်ရန်ရှောင်ရန်တွေကို
နားလည်ထားပြီးသားလေ။

ဘာကြောင့်လဲဆိုတော့ ကျုပ်အချက် နှစ်ချက်မြင်တယ်။
(၁) အချက်က ချမ်းသာလျင် ဘယ်သူမျှ လက်နက်မကိုင်ဘူး ဆိုတဲ့သူ့စကားက ရှိထားတယ်လေ။
(၂)အချက်ကတော့ ဒုက္ခသည်များပြန်လည်နေရာချထားရေး အစီအစဉ်မှာ ဒုက္ခသည်တွေပြန်လာလျင် သူတို့အ
တွက်နေစရာမြေကွက်၊ စိုက်ပျိုးစားသောက်ဘို့ မြေနေရာ၊ တူရွင်း၊ ပေါက်တူး၊ ပေါက်ပြား၊ ထုတ်ပေးမယ်။
ရောက်ခါစ ၁နှစ်တန်သည်ဖြစ်စေ ၂နှစ်တန်သည်ဖြစ်စေ စားနပ်ရိက္ခာအကူအညီပေးမယ်။
စိုက်ပျိုးဘို့လိုအပ်တာတွေဖြစ်တဲ့ မျိုးစေ့တွေ ဓါတ်မြေသြဇာတွေ စီစဉ်ပေးမယ်။
လယ်မလုပ်ချင်ဘူးဆိုလျင် စက်ရုံတွေမှာ အလုပ်လုပ်နိုင်အောင် စက်မှုဇုံတွေ ဖွင့်ပေးမယ်။ မစားရ၀ခမန်း ပြောထားတာ ပူပူနွေးနွေးကြီးရှိ သေးတယ်လေ။ စကားတွေ ကျွံထားတာ နည်းနည်းနောနောမျှမ
ဟုတ်ပဲ။
မြေမြှုပ်မိုင်းတွေ ရှင်းထားပေးမယ် ဆိုတာ ပါလား မပါဘူးလားတော့ ကျုပ်လည်း သတိမထားမိဘူး။

အခုလို ဘုန်းကြီးကျောင်းဝင်းထဲမှာ ဖြစ်ကတတ်စန်း နေနေကြရတဲ့ အခြေခံပြည်သူတွေကို လူကိုလူလို့မြင်တဲ့ ဗိုလ်
မှူးဆန်းအောင်က လူသားချင်းစာနာစိတ်အပြည့်နဲ့ စေတနာထားပြီးကူညီမယ့်ကိစ္စဟာ သာမန်အရပ်သား အနေနဲ့
ဝမ်းမြောက်ဝမ်းသာစရာ မင်္ဂလာ သတင်းဖြစ်စေပေမယ့်၊ ၀န်ကြီး ဦးအောင်မင်းတို့လို မတရားသဖြင့်တိုင်းပြည်အုပ်
ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်အတွက် ကတော့ ငယ်ထိပ်မြွေပေါက်ခံရမှာထက် ဆိုးတဲ့သတင်း ဆိုးကြီးဖြစ်နေပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြောပြီးရင်း ပြောရင်း ပြောနေရင်းကနေ ပြောနေတဲ့ဟာတွေက ပြောသလိုဖြစ်မလာပဲ လူ
ထုကြိုတင်တွက်ဆထားတဲ့အတိုင်း ဖြစ်ဖြစ်လာနေလေတော့ ဗိုလ်မှူးဆန်းအောင်ပြောသလို နေစရာမရှိတဲ့ လူတွေ
ကို အေးဗျာ ဆိုပြီး ခွင့်ပြုကြည့်လိုက်ပါလား အရပ်ရပ်နေပြည်တော် ကြားလို့မှမတော်ဆိုသလို ဦးသိန်းစိန်အစိုးရကို
ကမ္ဘာ့အသိုင်းအ၀ိုင်းက ဘာတွေပြောလာမလဲ။ ကမ္ဘာ့အလည်မှာ ဘယ်လိုမျက်နှာပြမလဲ။
အခုမှ လူရာအသွင်းခံရဘို့ရှိနေတုန်း ပြည်တွင်းထဲကလူထုတွေ နယ်စပ်မှာသွားနေကြရပြီဆိုတဲ့သတင်းသာ ထွက်
သွားလို့များကတော့ ခွေးကတက်ပြန် ရောက်သွားမပေါ့ဗျာ။
 တခုတော့ရှိတယ်ဗျ။ လက်ပံတောင်းတောင်ကိစ္စတုန်းက ဘုန်းကြီးတွေကို ဂတိပေးသွားတာလေးမှတ်မိကြမလား
မသိဘူး။ ဂတိပေးပြီးတာနဲ့ မီးလောင်ဗုံးစာကျွေးပစ်လိုက်တာလေ။  သူတို့အားလုံး လူမှန်နေရာမှန်ပဲ။

နေစရာမရှိတဲ့ လူထုကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်မှူးဆန်းအောင် ရောက်လာပြီး က
ရင်ပြည်နယ်ကိုခေါ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုပြောတဲ့သတင်းလေးနဲ့တင် ကျုပ်လိုဒုက္ခ
သည်တယောက်တောင်မှ အံ့သြသွားသေးတာပဲ မျက်စေ့ကြီးနားကြီးတဲ့ နိုင်ငံရေးသမားတွေက အမျိုးမျိုး ပြောလာ
ပေတော့မပေါ့။ အဲဒါနဲ့တင်ပြီးသွားလျှင်တော့ တော်သေးတာပေါ့လေ၊ နေပြည်တော်ကစစ်အုပ်စု ရှက်ရမ်း ရမ်းမ
လာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
ဟိုတချိန်တုန်းက ဒီလိုသာပြောကြည့်ပါလား။ 
ဒါကြောင့်ကျုပ်က လက်ဝှေ့ပွဲကြီး အခုမှစတော့မလား လို့တွေးမိလို့ အခုလိုရေးလိုက်တာပါ။

လက်ဝှေ့ပွဲကြီး စတာ မစတာအသာထားပြီး ကိုယ့်နေရပ်ရင်း ကိုယ်ပြန်ဘို့ ပြောနေတဲ့ဒုက္ခသည်တွေ ညောင်သီး
လည်းစား လေးသံလည်း နားထောင်ကြပါ၊ အခုလို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်မှူး
ဆန်းအောင် နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောတာဆိုတာကို ကိုယ့်နဲ့မဆိုင်သလိုမနေကြပါနဲ့၊ ကျုပ်တို့
တတွေ ပြည်တွင်းပြန်နေကြလျင် ၀န်ကြီး ဦးအောင်မင်း ပြောခဲ့သလိုဖြစ်လာလျင်တော့ တိုင်းထက်အလွန်ပေါ့။

 ဖြစ်မလာဘူးဆိုလျင် ဘယ်လိုလုပ်ကြမလဲ။ ပြည်တွင်းကို ပြန်ပို့ပေးမယ်လို့ ပြောနေတဲ့ စီစဉ်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို ညီညီညာညာတောင်းဆိုဘို့လိုတာက ကျုပ်တို့ကို ဗမာပြည်ထဲပြန်မပို့ခင်မှာ မြေကြီးပေါ် အိမ်
ဆောက်ပြီး နေရတဲ့အဖြစ်ကလွတ်အောင် မြေမလိုတဲ့အခြားအိမ်ဆောက်ပြီးနေနိုင်တဲ့ပညာနဲ့ မြေကြီးပေါ်မှာ စိုက်
ပျိုးစားသောက်နေရတဲ့ အဖြစ်ကလွတ်အောင် မြေမလိုတဲ့ စိုက်ပျိုးရေးနည်းပညာ တွေကို သင်ကြားပေးဘို့ အထူး
တောင်းဆိုထားကြပါ။
ဘာကြောင့်လဲဆိုတာကို သိချင်လျင်ဖြင့် အောက်က ရုပ်သံဖိုင်လေးကိုသာ ကလစ်ကြည့်လိုက်ကြပါ။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Read more http://www.7daynewsjournal.com/article/9353