• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 15, 2014

ပိုးကရင်စာ သင်ကြပါစို့ အပိုင်း (လေး)

February 15. 2014
Saturday.

ပိုးကရင်စာ သင်ကြပါစို့ အပိုင်း (လေး)

By

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ပိုးကရင်စာ သင်ကြပါစို့ ဆိုတဲ့ခေါင်းစည်းနဲ့ ရေးလာ
လိုက်တာ ဘာလိုလိုနဲ့ အပိုင်း(လေး)ကို ရောက်လာခဲ့ပါပြီ။ အခုထက်ထိ စာသင်တဲ့ဘက်ကိုမရောက်သေးပါဘူး။
စာသင်တာက လွယ်ပါတယ်၊ ရင်ထဲ ဦးဏှောက်ထဲ အသွေးအသားထဲ နောက်ဆုံးထွက်သက်အထိ စာပေကို မြတ်
နိုး တန်ဘိုးထားတတ်ဘို့ကျတော့ မလွယ်ပါဘူး။ လွယ်လွယ်ရလျင် ဘာကိုမျှတန်ဘိုးမထားတတ်တဲ့လူတွေရှိ
ကောင်းရှိနေနိုင်တာမို့ အခုအပိုင်း (လေး)မှာလည်း စာသင်ဖြစ်မယ်မထင်ပါဘူး။

ပြောလိုက်လျင် အလုံးကြီးသက်သက်ပဲ၊ စာမသင်တတ်လျင် မသင်တတ်ဘူးလို့ မပြောဘူးလို့ ပြောကြမှာကို ကြို
မြင်ထားတဲ့အတွက် ကျုပ်ဟာ ကျောင်းဆရာမဟုတ်ဘူးလို့ အစကတည်းက ပြောပြထားပြီးသား မဟုတ်ပါလား။
လွယ်လွယ်လေးရတာကို လေးစားတန်ဘိုးထားရကောင်းမှန်းမသိဘူး ဆိုလျင်တောင် ကျုပ်တို့ အရှေ့ပိုးကရင်ရဲ့
စာ ဘယ်လိုတွေဖြတ်သန်းရပ်တည်ခဲ့ရသလဲဆိုတာကိုတော့ ခပ်ပါးပါးလေး သိထားစေချင်တာက ကျုပ်ရဲ့ဆန္ဒပါ။

တချို့ကျတော့ စာတတ်ချင်လာပြီ ဗျည်းတွေ သရတွေ သင်ချင်လှပြီ။ ဘာတွေလာပြီး အာလူးပေးနေတာလဲ ဆိုပြီး
အားမလိုအားမရ ဖြစ်နေမယ့်မိတ်ဆွေတွေအတွက် အကြံပေးချင်တာက ကျော်ခရော့စ် လုပ်ထားတဲ့ ဆိုက် ကို
သွားလိုက်ပါ။
http://www.khwekabaung.org/
Mouse ထောက်လိုက်ယုံနဲ့ အသံထွက်တွေ စာလုံးတွေ အားလုံးမြင်ရကြားရမှာပါ။
အဲဒီမှာ သွားပြီး လေ့လာလိုက်လျင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။

စာပေဆိုတာ စကားလုံးကို ခိုင်အောင် လုပ်တာဖြစ်ပါတယ်။ စကားသံဆိုတာက နေရာဒေသကိုလိုက်ပြီး မသိမ
သာနဲ့တမျိုး သိသိသာသာတမျိုး ကွဲပြားသွားတတ်ပါတယ်။ အဲဒီတော့ ကရင်တွေမှာ စာပေတမျိုးတည်းဖြစ်စေဘို့
ကြိုးစားကြမယ့် ပညာရှင်တွေကိုတော့ အားနာနာနဲ့ပြောရမယ်ဆိုလျင် လာမယ် ကြာမယ်။
ဥပမာလေး တခုပြောပြပါ့မယ် တကယ့် ပါးပါးလေးထဲက ပါးပါးလေးပါ။
နင့်ကို ငါချစ်တယ် အရှေ့တိုင်းပိုးကရင်လို ယယ်အဲနယ်။
စကောကရင်လို ယါအဲ့နာ။
အနောက်တိုင်းပိုးကရင်လို ယယ့်အိုင်နာ။
ငါ့လက်ငါ့ခြေထောက် ယယ်ကျူးယယ် ခေါင်း။ ယါကျု ယါခေါ့။ ယယ့်စူယယ့်ခန်။
ဒီလိုအသံထွက်မျိုးဆိုလျင်တော့ စာပေအရေးအသားမှာ ပြဿနာ နည်းနိုင်ပါတယ်။
သို့သော်လည်း ခြင်ထောင် ဆိုတဲ့စကားလုံးမှာတော့
အရှေ့တိုင်း ပိုးကရင်လို သုန် လို့ခေါ်တယ်။
စကောက ရင်(စဝှော်)လို ပေ့ပေါ်(ပေပေါ်)။
အနောက်တိုင်းပိုးကရင်လို တနောင်။ စာနဲ့ပေနဲ့ ဘယ်လိုလုပ်ပြီး တမျိုးတည်းရေးပြီး နားလည်အောင်လုပ်မှာလဲ။ ဒါက ကျုပ်လိုလူပြိန်းတယောက်ရဲ့ အမြင်ပါ။ ပညာရှင်တွေအနေနဲ့ကတော့ အခက်အခဲ ရှိနိုင်မယ်မထင်ပါဘူး။
ပါးပါးလေးမှ တကယ့်ပါးပါးလေးပါ။

ဒီကနေ့ ကရင်တွေ အထူးသဖြင့် ပိုးကရင်တွေ စကားပြောဆိုရာမှာ မိခင်ဘာသာစကားတွေကြားအခြား စကား
လုံးတွေ တနေ့ထက်တနေ့ တဆထက်တဆ အသုံးများလာတာ တွေ့ရမြင်ရကြားနေရပါတယ်။ ပြည်တွင်းမှာနေ
တဲ့ ကရင်တွေ၊ ထိုင်းကိုရောက်နေတဲ့ ကရင်တွေ အမေရိကန်က ကရင်တွေကိုတော့ စာရင်းထဲမထည့်တော့ပါဘူး။
ဥပမာ ဗမာလို ဈေးသွားမယ်ဆိုတာကို ဗမာပြည်က ကရင်တွေ ဘယ်လိုပြောသလဲ။ မယ်လေ ဈေး။
ရုပ်ရှင် သွားကြည့်မယ်ဆိုလျင် မယ်လေယိုးဖန် ယုပ်ရှင်။
ရေအိမ်တက်မယ်ဆိုလျင် မလေ အိန်သာ့။
ထိုင်းက ကရင်တွေ ကျတော့ ဈေးသွားမယ်ဆိုတာကို မယ်လေ တလာ။
ရုပ်ရှင်သွားမယ်ဆိုလျင် မယ်လေဒူးနန်။ 
ရအိမ်တက်မယ်ဆိုလျင် မယ်လေဟောင့်နန်း။
ရုပ်ရှင်၊ အိမ်သာ၊ ဈေး ဆိုတဲ့ အခေါ်အဝေါ်တွေက ကရင်လိုမရှိလို့မဟုတ်ပါဘူး။ ရှိရှိကြီး နဲ့ မသုံးကြတာပါ။
ရုပ်ရှင် ကို ဆယ်ဂေါင်မန့် လို့ခေါ်ပါတယ်။
အိမ်သာ ကို ဟိုင်ဒိုင် လို့ ပြောကြပါတယ်။
ဈေး ကို ဖျာ့ လို့ သုံးကြပါတယ်တဲ့ ခင်ဗျား။

ကိုယ့်မိခင်ဘာသာစကားမှာ မရှိတဲ့ စကားလုံးအသုံးအနှုံးတွေကို မသုံးတာက အကြောင်းမဟုတ်ပါဘူး။ ရှိနေပါ လျှက်မသုံးပဲနေတာဟာ လူမျိုးတမျိုး ပျောက်ဘို့ မျိုးတုံးဘို့ ဆိုတာအသေအချာပါပဲ။ ဒါကြောင့်လည်း စာပေဆို တာကို မဖြစ်မနေတတ်မြောက်ထားကြဘို့ အထူးလိုအပ်ပါတယ်။ အဲဒီလို ကိုယ့်မိခင်ဘာသာစာပေကို သင်ကြား ကြရာမှာ ရှေးလူကြီးတွေ တခေတ်ပြီးတခေတ် လက်ဆင့်ကမ်းဘယ်လိုကြိုးစားရုန်းကန်ခဲ့ရတယ် ဆိုတာကို သိ နားလည်ထားမှသာ စာသင်ယူကြတဲ့ ကလေးငယ်တွေအနေနဲ့ လေးစားမြတ်နိုး တန်ဘိုးထားရကောင်းမှန်း သိ နားလည်လာတာနဲ့အလျှောက် မိမိတို့စာပေ တည်တံ့ခိုင်မြဲတိုးတက်လာမှာဖြစ်တယ်လို့ ယူဆယုံကြည်ပါတယ်။

ခေတ်အဆက်ဆက်က ဆိုလိုက်တာနဲ့ နှာခေါင်းမရှုံ့လိုက်ပါနဲ့။
လွန်ခဲ့တဲ့ နှစ် ၂၀၊ လောက်က အကြောင်းအရာလေးကိုပဲ ပြောမှာပါ။ အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပျံလွန်တော်မူ
သွားခဲ့တဲ့ ဆရာတော် မန်းဉာဏ၀ရ ကြိုးပမ်းခဲ့ပုံတွေကို တွေးကြည့်နိုင်အောင်လို့ပါ။ ဘယ်လောက်အထိ အချိန်
ပေးရသလဲ၊ ဘယ်လောက်ခက်ခဲလိုက်မလဲ ဆိုတာ။
အခုလို ပုံနှိပ်ရေးနိုင်တဲ့ အချိန်လည်းမဟုတ်သလို ဘယ်အစိုးရအဖွဲ့အစည်း ဘယ်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းစီ
က ဘာအကူအညီမျှမရပဲ မယူပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ကျားကုတ်ကျားခဲ ကြိုးစားခဲ့လို့သာ ဒီကနေ့ ကျုပ်တို့ တတွေရဲ့
ကရင်စာလုံးတွေကို ကွန်ပျူတာစက်ပေါ်ရိုက်နိုင်တဲ့အထိရောက်ခဲ့ရတာပါ။
အဲဒီလိုသာမကြိုးစားခဲ့ကြဘူးဆိုလျင်ဖြင့် အခုလို မြင်နိုင်တွေ့နိုင်၊ မြင်ရတွေ့ရ၊ သင်ရဘတ်ရ တော့မှာမဟုတ်ပါဘူး။ ကရင် ဂဏန်းသင်္ချာနံပါတ်တွေကိုလည်း တွေ့ရမြင်ရပါလိမ့်မယ်။

အခုဆို ကွန်ပျူတာပေါ်မှာ နံပါတ်တွေကို ရေးနိုင်ကြပါပြီ။ အင်္ဂလိပ်နံပါတ်တွေ ဗမာနံပါတ်တွေရှိနေပြီပဲ ကရင်နံ
ပါတ်ကို သုံးဘို့မလိုပါဘူး ဆိုတဲ့၊ ကရင်တယောက်ကို ဗမာကျောင်းသားများစခန်းမှာတွေ့ခဲ့ဘူးတယ်။ ကိုယ့်မှာရှိ
တာကို ထုတ်မသုံးပဲ သူများဟာကို သုံးတဲ့အကျင့်က သိပ်မကောင်းဘူးထင်တယ်။
ရှိတာထုတ်မသုံးလျင် ကြွက်ပျင်းထက်ဆိုးပြီပေါ့၊ ကြွက်ပျင်းဆိုတဲ့အမျိုးက ကိုယ့်ကျင်းကို ကိုယ်တိုင်မတူးဘူး၊ သူ
များကျင်းလိုက်အောင်းတတ်တဲ့သတ္တ၀ါလေ။ သူများကျင်းဆိုတော့ မပင်ပမ်းဘူးပေါ့။ သို့သော် မြွေကျင်းထဲ အောင်း
မိလို့ကတော့များ အမျိုးပြုတ်ပြီသာမှတ်။

စာလုံးတွေကို အသေအချာကြည့်ပါ။ ပုံနှိပ်စာလုံးလား၊ လက်နဲ့ရေးထားတာလား။ အဲဒါကိုကြည့်ခြင်းအားဖြင့် အ
ခြေခံသင်ပုန်းကြီး စာအုပ်ကို အစကနေအဆုံး ဘာသာပြန်ရေးထားတာ ဘယ်လိုစိတ်ဓါတ်မျိုးလဲဆိုတာ ခန့်မှန်း တွက်ဆနိုင်ပါလိမ့်မယ်။
ဘာသာပြန်တာနဲ့ ပတ်သက်ပြီး ဆရာစံမင်းမင်း(ကွယ်လွန်)နဲ့ ကျုပ်အခြေအတင် စကားများခဲ့ဘူးပါတယ်။ ကျုပ်က ဆရာစံမင်းမင်းကို စာလုံးတွေပြင်လိုကြောင်းပြောတော့ ကျုပ်ကို နဂိုလ်ကတည်းက မှေးနေတဲ့သူ့မျက်လုံးနဲု့ ကျုပ်
ကိုမှေးပြီးကြည့်ရင်း
နေပါဦး မင်းက စာလုံးတွေပြင်ရအောင် ဒီစာအုပ်ကို မင်းကိုယ်တိုင်ပါဝင်ပြီး ရေးခဲ့တာလား။
မင်းက ဘယ်လောက် နားလည်နေလို့လဲ။
ဆိုပြီး ပြောပါလေရောဗျာ။ ကျုပ်လည်းအောင့် သက်သက်နဲ့ စိတ်ဆိုးပြီးဘာမျှပြန်မပြောပဲနေလိုက်တယ်။
ရေးထားတဲ့လက်ရေးမူက ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်တဲ့ ဆရာတော် မန်းဉာဏ၀ရရဲ့ လက်ရေးမူပဲဖြစ်ပါတယ်။

ကျုပ်က အဲဒီတုန်းက လူငယ်လေ အရာရာတိုင်းမှာ လူတတ်ကြီးလုပ်ချင်နေခဲ့တာ။
သို့သော်လူကြီးလုပ်တဲ့လူက လူငယ်ကို
အော် အေးကောင်းသားပဲကွ။ ဘယ်နေရာတွေကို ပြင်မှာတုန်း။ လို့ပြောပြီးလမ်းကြောင်းလေးဖွင့်ပေးလိုက်၊ ပြီး
တော့မှ အေး ဒီဟာက ဒီလိုရှိတယ်ကွ၊ ဟိုဟာကဖြင့် ဟိုလိုရှိတယ်ကွ ဆိုပြီးပြောဆိုဆွေးနွေးပေးမယ်ဆိုလျင် လုပ်
ချင်ကိုင်ချင်စိတ်တွေရှိတဲ့ လူငယ်တွေအနေနဲ့ နေသာထိုင်သာရှိသွားပြီး လူကြီးနဲ့လူငယ်ပိုမိုနားလည်လာကြမှာ အ
မှန်ပဲ။

မိတ်ဆွေတို့လည်း လေ့လာကြည့်ပါ။ စာအုပ်ထဲက ဘာသာပြန်ထားတဲ့ ဗမာစာလုံး တွေထဲက ဘယ်စာလုံးတွေကို
တော့ဖြင့် ပြင်သင့်တယ်ဆိုတာကို အထောက်အထားလေးတွေနဲ့ ရှင်းလင်းပေးဘို့ မေတ္တာရပ်ခံပါရစေ။ ဘာကြောင့်လဲဆိုတော့ ကရင်တယောက် ဗမာစကားမပီတာထက် ဗမာတွေနားလည် အောင်ပြောနိုင်ဘို့ လိုတယ်
လေ။ မိတ်ဆွေရဲ့အမြင်ကို ကျုပ်ရဲ့ Email နဲ့လည်းရေးပို့နိုင်ပါတယ်။
လိပ်စာက minsoesan09@gmail.com ဖြစ်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)