ဟာဒယနှလုံး ရွှင်ပြုံးနိုင်ပါစေ
By မင်းစိုးစံ
သတင်းတွေကြားရတာ တော်တော်ကို စိတ်မသက်မသာဖြစ်ရပါတယ်။
ရေကြီးတဲ့သတင်း၊ မီးတောင်ပေါက်တဲ့ သတင်း၊ အသေခံဗုံးခွဲလို့ လူတွေအစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးရတဲ့
သတင်း၊ အဆောက်အဦးပြိုကျလို့ လူတွေပိတ်မိနေတဲ့သတင်း။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းပြုလို့ ကိုယ့်
မိသားစုကောင်းစားရေး လုပ်နေတဲ့ အကြောင်း၊ တဘက်က ငြိမ်းချမ်းရေးစကားပြော တခြားတဘက်ကနေ သစ်ခိုး
ထုတ်မှုနှိမ်နင်းရေးခေါင်းစဉ် အောက်ကနေ စစ်ရေးနဲ့ထိန်းချုပ်ဘို့အတွက် နယ်မြေလုတဲ့သတင်း။ ကိုယ့်နိုင်ငံသား
အချင်းချင်း ကျူးကျော်တဲ့ သူတွေဆိုပြီး တဲတွေဖြိုချ အိမ်တွေဖြိုပစ်၊ မြေထိုးစက်တွေနဲ့ မြေလှန်၊ စတဲ့စတဲ့သတင်း
တွေကိုကြည့်ပြီး နဂိုလ် ကတည်းကမှ မရှည်တဲ့ဟာ တိုတိုလာတယ်။ စိတ်ကိုပြောတာပါ။
ကလေးတွေကတော့ ပြောတာပေါ့။ သတင်းတွေနားထောင် စိတ်တွေတို၊ ကိုယ်ကလည်း ဘာမျှမကူနိုင်၊ သူ လည်း
အကျိုးမရှိ ကိုယ်လည်းအကျိုးမရှိ။ ဘလော့ဂ်တွေရေး အညောင်းမိ။ ကိုယ်အလေးချိန်က တိုး။ သွေးတိုး ဆီးချို၊ နှ
လုံး၊ ကျောက်ကပ်၊ အသည်း၊ အကြော၊ စတာတွေက ပျက်စီး။ နောက်ဆုံးခရီးက နီးသည်ထက်နီးလာ။
တရားလေးဘာလေး နားထောင်ပြီး ကျင့်ကြံအားထုတ်ပါလား ဆိုပြီးတော့ ကိုယ့်အတွက်စိုးရိမ်သူတွေက အကြံပေး
တိုက်တွန်းတာမျိုးတွေ ရှိပေမယ့်၊ ဟာသပြောတတ်တဲ့ ကရင်အမျိုးသားကြီးတယောက်ပြောသွားတဲ့ ဟာသတခုကို
သွားပြီးအမှတ်ရမိတယ်။
ကရင်အမျိုးသားကြီးပြောထားတာကို မရေးခင်မှာ ကျုပ်ကြားခဲ့ဘူးတဲ့ ဟာသတွေထဲက တချို့ကိုရေးပြပါရစေ။
အပြောင်းအလွဲလေး ဖြစ်သွားအောင်လို့ပါ။
ကျုပ်က ထိုင်းနယ်စပ်မှာအနေများတဲ့ အတွက် ထိုင်းနဲ့ဆက်စပ်နေတဲ့ ဟာသကိုသာ ကြားဘူးခဲ့တဲ့အတိုင်း ရေးပြ
မှာ ဖြစ်ပါတယ်။
မဲ့ပင်ညောင် (ကိစ္စမရှိဘူး)
အခါတပါး၌ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဘန်ကောက်သို့ ထိုင်းစကားကို တစ်လုံးတပါဒမျှ နားမလည်သော ကရင်အ
မျိုးသားတဦးသည် နှစ်ရှည်လများ စာမလာသတင်းမကြားရသည့် သမီးပျိုလေးအားစုံစမ်းမေးမြန်းရန် အဝေးပြေး
လိုင်းကားစီး၍ ဘန်ကောက်သို့ထွက်လာခဲ့ပါ၏။
အစစ်အဆေး၊ အမေးအမြန်း၊ အရှာအဖွေ၊ အဖြုတ်အချွတ်၊ အလွန်သန်သည့် စစ်ဆေးရေးဂိတ်သို့ရောက်သည့် အ
ခါ၌
ထိုင်းရဲ။ ။ ပိုင်ထိနိုင်။ (ဘယ်ကိုသွားမလို့လဲ)
ကရင်အမျိုးသား။ ။ ဗဟူးတျာ့။ (မသိဘူး)
ထိုင်းရဲ။ ။ ချုအလိုင်း။ (နံမည် ဘယ်လိုခေါ်သလဲ)
ကရင်အမျိုးသား။ ။ ဗဟူးတျာ့။ (မသိဘူး)
ထိုင်းရဲ။ ။ယူထိနိုင်။ (ဘယ်မှာနေလဲ)
ကရင်အမျိုးသား။ ။ဗဟူးတျာ့။ (မသိဘူး)
ထိုအဖြေကြောင့် ထိုင်းပုလိပ်သည် ကရင်အမျိုးသား၏ပါးပြင်များပေါ်သို့ဘယ်ပြန်ညာပြန်လက်ဝါးစာကျွေးပစ်လေ
တော့၏။
သမီးဇောဖြင့်စိတ်သောက ရောက်နေရသည်သာမက မိမိမရောက်ဘူးသည့် အရပ်ဒေသ၊ မိမိနားမလည်သည့် ဘာ
သာစကားကြောင့် ၀မ်းနည်းပက်လက်ဖြင့် ထိုင်းရဲအား အော်ပြောပစ်လိုက်သည်မှာ
မဲ့ပင်ညောင် (ကိစ္စမရှိဘူး)
ဟူ၍ဖြစ်လေသတည်း။
စကားချပ်
ထိုင်းဘာသာဖြင့် ကိစ္စမရှိပါဘူး ဆိုသည်ကို မဲ့ပင်လိုင် မသိပါဘူး ဆိုသည်ကို မဲ့လူးလျန့် ဟုပြောကြသော်လည်း
ထိုစဉ်အခါက မဲဆောက်ရှိ ထိုင်းအများစုသည် မဲ့ပင်ညောင်။ ဗဟူး ဟု ပြောဆို လေ့ရှိခဲ့ကြပါသည်။
နောက်တခါ ဒီလိုပုံမျိုးမရိုက်နဲ့
အခါတပါး၌ အရက်အလွန်မူးနေသော ကရင်အမျိုးသားတဦးသည် ဘန်ကောက်မှ မဲဆောက်သို့အဝေးပြေး လိုင်း
ကားစီးလျှက် မဲဆောက်သို့ ပြန်လာခဲ့လေ၏။
အစစ်အဆေး၊ အမေးအမြန်း၊ အရှာအဖွေ၊ အဖြုတ်အချွတ်၊ အလွန်သန်သည့် စစ်ဆေးရေးဂိတ်သို့ ညာဉ့်သန်း
ကောင်သန်းလွဲ အချိန်တွင်ရောက်သည့်အပြင် အလွန်မူးနေသည့် ထိုင်းရဲသည် ကင်းတဲအတွင်းမှ ဘိုသီဘတ်သီ
ထွက်လာပြီး မှတ်ပုံတင်ပြစမ်း ဟုပြောသဖြင့် ကရင်အမျိုးသားက အိပ်ကပ်အတွင်းမှ ယာထမ်းကျိုင်း ဟုအမည်ရ
သည့် ထိုင်းနိုင်ငံထုတ် အကိုက်အခဲပျောက်ဆေးမှုန့်ထုပ်ကို မူးမူးဖြင့်ထုတ်ပေး လိုက်လေသည်။
ဆေးမှုန့်ထုပ်ပါအရုပ်သည် နဖူးပြောင်ပြောင် ခေါင်းရှည်ရှည်ပုံဖြစ်လေသည်။
ထိုဆေးထုပ်ကို ကြည့်လျှက် ထိုင်းရဲက ကရင်အမျိုးသားအား နောက်နောင်မှတ်ပုံတင်၌ ဤဓါတ်ပုံပါ ပုံစံမျိုးမရိုက်
ရန် ကရင်အမျိုးသားအားမှာကြားလျှက် ဆေးထုပ်အားပြန်ပေးပြီး ဒယီးဒယိုင်ဖြင့် ကင်းတဲသို့ပြန်ဝင်သွားလေတော့
၏။
ဒါကတော့ ကျုပ်ကြားဘူးတဲ့ ဟာသ လေးတွေထဲက အချို့ပါ။
ကရင်ဘာသာစကားကနေ ဗမာဘာသာစာပေကို ရေးသားပြောဆိုတာကြောင့် ရယ်(ရီ)စရာမကောင်းဖြစ်နိုင်ပါ
တယ်။ ကျုပ်ရဲ့ဘာသာပြန်ဆိုမှု ညံ့ဖျင်းမှုလို့ပဲ သဘောထားပါတယ်။
နာကျည်းကြေကွဲစရာဇာတ်လမ်းတွေကိုတော့ အခု လောလောဆယ်မှာမရေးချင်သေးပါဘူး။
စောစောတုန်းက ကရင်အမျိုးသားကြီးတဦးပြောခဲ့ဘူးတဲ့ အကြောင်းအရာကို ဆက်ပြီးရေးလိုက်ပါတယ်။ ထိုင်းပုလိပ်(ထိုင်းရဲ)တွေက အကြောင်းမရှိအကြောင်းရှာပြီး ငွေတောင်းတာ၊ အချုပ်ထဲထည့်တာ၊ ခြိမ်းခြောက်ဟိန်း
ဟောက်တာတွေကို ခံရဖန်များတဲ့ ကရင်အမျိုးသားကြီးက
"ငါတို့ကရင်တွေ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေနိုင်တဲ့တနေ့ ငါကရင်ပုလိပ်လုပ်ပြီး ဟောဒီ ကော်မူးရာဂိတ်မှာထိုင်စောင့်
မယ်။
ငါတို့နယ်မြေထဲကိုဝင်လာတဲ့ ထိုင်းတွေကို သူတို့ငါ့ကိုလုပ်ခဲ့သလို ပြန်လုပ်မယ်။
ပြီးတော့ ထိုင်းအမျိုးသမီးတွေဆိုလျင်လည်း မဲဆောက်ကနေ ဘန်ကာက်ကို သွားတဲ့ဂိတ်မှာ ထိုင်းပုလိပ်တွေ ငါတို့
တိုင်းပြည်က အမျိုးသမီးတွေကိုလုပ်သလို ငါပြန်လုပ်မယ်ကွ။"
အဲဒီလိုပြောတော့ လူတယောက်က
"အဲဒါက ဘယ်တော့ဖြစ်လာမှာလဲမသိဘူး။
အဲဒီအချိန်မှာ ခင်ဗျားအသက် က ၈၀ကျော် ၉၀ ဆို ထိုင်းပုလိပ်တွေ ကျုပ်တို့သမီးပျိုတွေကို လုပ်သလိုမျိုး ထိုင်းမ
တွေကို ခင်ဗျားဘာပြန်လုပ်နိုင်မှာတုန်း" လို့ဆိုတော့ "အေး အဲဒီအချိန်ရောက်လို့ ငါ့အနေနဲ့ ထိုင်းမတွေကို ဘာမျှမ
လုပ်နိုင်တော့ဘူး ဆိုလျင်လည်း ကွမ်းတံတွး(ကွမ်းသွေး)နဲ့ ထွေးထည့်ပစ်မယ်ကွ" လို့ ဆိုသလို ကျုပ်လည်း အခု
ဘာမျှမလုပ်နိုင်ပေမယ့် စာရေးနိုင်တယ်လေ။
ဒီတော့ ဗမာစစ်အာဏာရှင်တွေကျုပ်ကိုလုပ်ခဲ့သလို ပြန်လုပ်ဘို့ အင်အားတွေအခြေအနေတွေ မရှိနိုင်တော့ပေမယ့်
လို့ သူတို့လုပ်သမျှမကောင်းတာမှန်သမျှ ကွမ်းသွေးနဲ့ထွေးပစ်သလို သတင်းတွေနားထောင်ပြီး ရေးနေမှာပဲ။
သူလည်းအကျိုးမရှိ ကိုယ်လည်းအကျိုးမရှိပေမယ့် အောက်ခြေပြည်သူလူထုအတွက် အလုပ်လုပ်နေကြတဲ့ တာ ၀န်သိ တာဝန်ရှိ သမိုင်းသတိရှိတဲ့ ခေါင်းဆောင်တွေ သတိထားမိတန်ကောင်းရဲ့ ဆိုတဲ့စေတနာလေးပါ။
ခဏထားလိုက်ပါ။ ကျုပ်က ရေဒီယိုလိုင်းပေါင်းစုံကို နားထောင်တဲ့လူဆိုတော့ ရေဒီယိုသြစ်တြေးလျား ကနေ ထုတ်
လွှင့်တဲ့အစီအစဉ်တခုမှာ ဟာသတိုလေး တခုကိုကြားလိုက်ရတာနဲ့ စိတ်ထဲပျော်သလိုလိုဖြစ်သွားလို့ အဲဒီဟာသကို
မိတ်ဆွေတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
အဲဒီဟာသတိုလေးကို ရေးပို့ပေးသူကတော့ ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ်နေ အငြိမ်းစားဝန်ထမ်းတဦးဖြစ်တဲ့ ဦးကျော်
စွာ ပါတဲ့ဗျား။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)