• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 22, 2014

ငြိမ်းချမ်းရေးဆိုတဲ့စကားလုံး

February 22, 2014
Saturday

ငြိမ်းချမ်းရေးဆိုတဲ့စကားလုံး

By မင်းစိုးစံ

ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးလေးဟာ အင်မတန်ကို ပြောလို့ဆိုလို့ကောင်းပါတယ်။
ဒါပေမယ့် အဓိပ္ပါယ်ကို ကောက်ယူရာမှာတော့(နားလည်မှု) မတူကြပါဘူး။
ငြိမ်းချမ်းတယ်ဆိုတာ တအိမ်ထဲအတူနေပြီး တယောက်အပေါ်တယောက် မကြေမလည်ဖြစ်နေတာတို့ နေရာတိုင်း
အချိန်တိုင်း အကြောင်းအရာတိုင်း(ပြဿနာရပ်တိုင်း) ကိစ္စရပ်မှန်သမျှ မှားတာမှန်တာ၊ ကောင်းတာဆိုးတာ၊ သင့် တာမသင့်တာ၊ ညီမျှမှု ရှိတာမရှိတာ စတာတွေကို ပြောဆိုညှိနှိုင်းဆွေးနွေးတိုင်ပင်ခွင့်မရှိပဲ အားလုံးလိုက်နာကျင့်
သုံးရမယ်ဆိုတဲ့ အစွန်းရောက် တဇောက်ကန်း အိမ်ထောင်ဦးစီးလို အိမ်မျိုးမှာ ဘယ်တော့မျှ ငြိမ်းချမ်းအေးဆေးမှာ
မဟုတ်ပါဘူး။ ဘယ်တော့မျှလည်း ညီညွတ်နိုင်မှာ မဟုတ်ပါဘူး။

အလုပ်ကို အတူတူလုပ်ကြမယ် အစားကို အတူတူစားကြမယ်ဆိုလျင် ဘယ်မိသားစုမျှ ဘယ်ရွာမျှ ဘယ်မြို့မျှ ဘယ်
ပြည်နယ်မျှ ဘယ်တိုင်းနိုင်ငံမျှ ဘယ်အဖွဲ့အစည်းမျှ မငြိမ်းချမ်းပဲမနေပါဘူး။ ဒါကြောင့် ကရင်စကားပုံမှာ ကုက်မ၀့်မှ်
ဟှံင်ဃှုက် အင်းမ၀့်မှ် အ်ုအဲုးထုက် ဆိုတာရှိပါတယ်။ ဗမာလို အဓိပ္ပါယ်က အတူလုပ်တော့ အလုပ်တွင်သည် အတူ
စားတော့ အစားမြိန်သည် လို့ ဆိုပါတယ်။

ဒီစကားပုံရဲ့ အဓိပ္ပါယ်ဟာ အင်မတန်ကို လေးနက်လှပါတယ်။
အတူစားတယ်ဆိုတာ ဘာကိုဆိုလိုသလဲ။
အတူစားတယ်ဆိုတာ ဗမာ စကားပုံမှာ၊ နည်းလျင် မျှ များလျင် အ၀၊ ဆိုသလို မိသားစုအတွင်းမှာ သာတူညီမျှရှိ
ဘို့လိုအပ်ပါတယ်။
သားနှစ်ယောက်ထဲရှိခဲ့တဲ့ ကျုပ်တို့လို အိမ်ထောင်စုမှာတောင် ကျုပ်ညီနဲ့ကျုပ် စကားများကြရသေးတာပဲ။
အခုလို ပြည်ထောင်စု ဗမာနိုင်ငံတော်ကြီးမှာ တိုင်းရင်းသားလူမျိုးစုတွေအများအပြားရှိတဲ့ နိုင်ငံတော်ကြီးမှာ စကား မများ ရန်မဖြစ်ပဲ နေပါ့မလား။

ကျုပ်ညီနဲ့ကျုပ် စကားများတာက ဘာမျှမဟုတ်ပါဘူး။
အမေက ကျုပ်တို့နှစ်ယောက်ထမင်းစားချိန်မှာ အသားဆိုလျှင်လည်း တယောက်ကို နှစ်တုံးဆို နှစ်တုံး၊ သုံးတုံးဆို
သုံးတုံး ကုလားပုံလေးပုံပြီး ကျွေးလေ့ရှိပါတယ်။
အဲဒါ မင်း အသားတုံးက ငယ်တယ်၊ ငါ့ အသားတုံးက ကြီးတယ် ဆိုပြီး ငြင်းခုန်စကားများကြတာပါ။

အမေလုပ်သူဟာ ငါးကိုတုံးတဲ့အခါမှာဖြစ်စေ၊ အသားကိုတုံးတဲ့အခါမှာဖြစ်စေ၊ ညီညီညာညာနဲ့ ပုံစံခွက်တခုထဲက
ရေခဲတုံးလိုဖြစ်အောင် တုံးရမယ့်အနေအထားမျိုးဖြစ်နေပါတယ်။ အချိန်တိုင်း အခါတိုင်း အမြဲတိတိကျကျ ညီညီ
ညာညာ ခုတ်ထစ်လှီးဖြတ်နိုင်တာတော့ မဟုတ်ပါဘူး။ အဲဒီတော့ အစ်ကို ဖြစ်တဲ့ကျုပ်ကို မင်း ညီလေးက မင်းထက်
အသက်ငယ်တယ်၊ ကိုယ်လုံးကလေးကလည်း မင်းထက်ပိုသေးတယ်၊ သူအသားတုံး နည်းနည်းလေးကြီးတာကို ဘာမျှမပြောနဲ့နော်။ သနားပါတယ် သားရယ်။ ဆိုပြီးချော့မော့ပြောတော့ ကျုပ်လည်း ကြေနပ်သွားတာပေါ့ဗျာ။
ကျုပ်ထမင်းပန်းကန်ထဲက အသားတုံး နည်းနည်းလေး ကြီးနေလျင်လည်း ကျုပ်ညီကို ကျုပ်အမေက ချော့လိုက်
တာနဲ့ အားလုံးပြေပြေလည်လည်ဖြစ်သွားတာပါပဲ။
ဒါကတော့ မိဘလုပ်စာကို မှီခိုစားသောက်နေရတဲ့ ဘ၀မှာ ကလေးတွေဘာသာဘာဝ ဖြစ်တတ်တဲ့ အကြောင်းအ
ရာလေးပါ။

ဒီကနေ့ နိုင်ငံရေးတွေလုပ်ကြတယ်။ အဖွဲ့အစည်းတွေဖွဲ့ကြတယ်။ ပြည်သူလူထုအတွက် လုပ်ကြကိုင်ကြတယ်။
အလုပ်တခုခုလုပ်ပြီဆိုလျင် အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ်အကျိုးဆိုတာ တနေ့မဟုတ်တနေ့ တခုမဟုတ်
တခု ရလာမှာအမှန်ပဲ။
နည်းတာများတာ နှေးတာမြန်တာ၊ ဒါက တပိုင်း။
အတူလုပ်က အလုပ်တွင်သည် ဆိုတဲ့အတိုင်း ကိုယ်စွမ်းတဲ့နေရာကနေ လုပ်ကြတဲ့အတွက် အဖွဲ့အစည်းတခုရဲ့ ဦး
တည်ရည်မှန်းချက်တွေ အောင်မြင်ဖြစ်ထွန်းလာပြီးတဲ့နောက်ပိုင်း အကျိုးကျေးဇူးကို မျှဝေခံစားကြရာမှာတော့ အ
တူတူစားက အစားမြိန်သည် ဆိုတဲ့အတိုင်း ကျုပ်တို့တတွေ သာတူညီမျှခွဲဝေစားသောက်ခဲ့ကြပါရဲ့လား။
အခွင့်အရေးတွေ တန်းတူရယူတာမျိုးတွေ ရှိခဲ့ပါရဲ့လား။
အလုပ်တွေလုပ်တုန်းက အတူတူလုပ်ပြီး ရလာတဲ့အကျိုးအမြတ်ကို ညီတူညီမျှ မခွဲဝေမစားတတ်တဲ့နောက် အခွင့်
ရေးတွေ ကွာခြားလာတဲ့နောက် ခွါပြဲကြပြီပေါ့။
အဲဒီကျတော့မှ ငါတို့ ပြန်ပြီးပေါင်းကြရအောင်လို့ လုပ်လို့မရတော့ဘူး။ ညီညွတ်ကြစို့လို့ လေချိုသွေးလို့ မရနိုင်သ
လို ဖြစ်လည်းမဖြစ်နိုင်တော့ဘူး။
အဲဒီ မညီမျှမှုဟာ နှစ်ပေါင်းကြာလေလေ ပြန်ပြီး စုစည်းရ ပြောရဆိုရ ခက်လေလေပဲ။
ဒါကြောင့် ကရင်စကားပုံမှာ ဆိုထားသလို လုပ်ကြကိုင်ကြတုန်းက အတူလုပ်လို့ အောင်မြင်လာပြီးမှ အကျိုးအမြတ်
ကို ခွဲဝေတဲ့နေရာမှာ အားနည်းချို့ယွင်းချက်ရှိတဲ့အတွက် အစေးမကပ်နိုင်ကြတာဖြစ်ပါတယ်။ ဒါကတော့ အဖွဲ့အ စည်းအလိုက် လုပ်ကြကိုင်ကြတာပါ။

ဒီကနေ့ ငြိမ်းချမ်းရေးလား အပစ်အခတ်ရပ်စဲရေးလား စည်းလုံးညီညွတ်ရေးလား အမျိုးသားပြန်လည်ရင်ကြားစေ့
ရေးလား အဲဒါတွေကျတော့ မတူတဲ့အဖွဲ့တွေအမျိုးမျိုးကို ပြန်စုရမှာဆိုတော့ ပိုခက်တာပေါ့လေ။
ပိုဆိုးတာက စေတနာမမှန်တဲ့အပြင် ကလိန်ကကျစ်လုပ်ရမှ နေသာထိုင်သာရှိတတ်တဲ့ အကျင့်ကိုမဖျောက်ဖျက်နိုင်
ရုံမက လူသားအချင်းချင်း မျိုးဖြုတ်ပစ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်နေမယ်ဆိုလျင်တော့ အားလုံးကိုယ်ကျိုးနည်းကြမှာအ
မှန်ပဲ။

ဘယ်သူတွေက ဘယ်လိုစေတနာမျိုးတွေရှိသလဲဆိုတာ ကိုယ့်ကိုယ်ကို ကိုယ်အသိဆုံးပါ။
အောက်က ရုပ်သံဖိုင်ထဲမှာ KNU KNLA PC အဖွဲ့ ဗိုလ်မှူးချုပ် ဒေါက်တာ တီမိုသီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်
ရှုမြင်ထားတာလေးတွေကို နားဆင်ကြည့်ရှုနိုင်ဘို့ ကောက်နှုတ်တင်ပြထားပါတယ်။





ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)