Wednesday.
၆၅နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့
By မင်းစိုးစံ
ဗမာ့တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တော်လှန်ရေး ဆိုတဲ့အသုံးအနှုန်း မပါစေနဲ့ ဆိုလို့
တိုင်းရင်းသား ခေါင်းဆောင်တွေက တော်လှန်ရေး ဆိုတဲ့စကားလုံးဟာ မပါမဖြစ် အရေးကြီးတယ်ဆိုပြီး ဆွေးနွေး
ပွဲကြာရတယ်လို့ သတင်းတပုဒ်မှာ ဘတ်လိုက်ရပါတယ်။
“အစိုးရက အဲဒီတော်လှန်ရေး ဆိုတဲ့ စကားလုံး မသုံးစေချင်ဘူးလို့ NCCT ကလူကြီးတွေ ရှင်းပြတော့ အများက
လက်မံဘူး။
အဲဒါလေးတောင်မှ ထည့်လို့မရင် ၊ တခြားအခွင့်အရေး ဘယ်လိုဆက်တောင်းမှာလဲပေါ့။
တော်လှန်ရေး ဆိုတဲ့ စကားလုံးမပါရင် ကျဆုံးသွားတဲ့ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေကို စော်ကားရာရောက်
တယ်။
အများက လက်မခံတော့ နောက်ဆုံးထည့်မယ်လို့ သဘောတူတယ်” ဆိုပြီး အမည်မဖေါ်လိုသူတဦးက ပြောတဲ့အ
ကြောင်း သတင်းထဲမှာ ရေးထားပါတယ်။
ဒီနေရာမှာ ကျုပ်နားလည်ထားတဲ့အတိုင်း ရေးကြည့်ပါရစေ။
အခွင့်အရေးတခု ဆုံးရှုံးနေတာသိလျင် အဲဒီအခွင့်အရေးကို ရအောင်ယူတတ်တာ လူ့သဘာဝပါ။
အဲဒီလို ရယူတဲ့အခါမှာ အနုနည်းနဲ့(ပြောဆိုဆွေးနွေး ညှိနှိုင်း တိုင်ပင်)ရယူ ရတတ်သလို၊ အကြမ်းနည်း(လက်နက်
ကိုင် ခုခံ တိုက်ခိုက်)နဲ့လည်း ရယူရတာမျိုးတွေလည်း ရှိတတ်ပါတယ်။
အနုနည်းနဲ့ပဲ ယူယူ အကြမ်းနည်းနဲ့ပဲ ယူယူ မတရားတဲ့အပြုအမူတွေ အဖြစ်အပျက်တွေကို တရားတဲ့အပြုအမူ တ
ရားတဲ့ အဖြစ်အပျက်မျိုး ရောက်အောင် လုပ်တာဖြစ်တာမို့ အဲဒါကိုတော်လှန်ရေးလို့ ကျုပ်နားလည်ပါတယ်။
တော်လှန်ရေးစကားလုံး မသုံးနဲ့ဆိုတော့ မေးပါရစေ၊ အဲဒီလိုပြောတဲ့လူက ဘယ်လောက်များ တရားနည်းလမ်းကျ
နေလို့လဲ။ စေ့စပ်ညှိနှိုင်းလိုက်ရုံနဲ့ အားလုံးဟာပြောင်းလဲသွားမှာတဲ့လား။
အဲဒီလို မပြေလည်နိုင်မှန်းသိနေလို့ တော်လှန်ရေးဆိုတဲ့ စကားလုံးကို မသုံးလို့မဖြစ်ဘူးဆိုပြီး တိုင်းရင်းသားလက်
နက်ကိုင် တော်လှန်ရေးခေါင်းဆောင်အများစုက အဲဒီအရေးကြီးတဲ့ တော်လှန်ရေး ဆိုတဲ့စကားလုံးကို သုံးဘို့ သ
ဘောတူကြတာဖြစ်သလို လက်နက်ကိုင်တော်လှန်ရေးကာလ တလျှောက်လုံး အသက်ပေးသွားကြတဲ့ ကျဆုံးခဲ့ကြ
ရတဲ့ ခေါင်းဆောင်တွေ ရဲဘော်ရဲဘက်တွေအပေါ် လေးစားတန်ဘိုးထားလို့ ဆိုတာ သိသာထင်ရှားလှပါတယ်။
တော်လှန်ရေးဆိုတာ နှစ်မျိုးနှစ်စားရှိတယ်လို့ ၀ါရင့်နိုင်ငံရေးသမားတစ်ယောက်က ပြောဘူးပါတယ်။
တိုင်းပြည်လွတ်လပ်ရေး(အချုပ်အခြာအာဏာ ရရှိရေး၊ မိမိကံကြမ္မာ မိမိကိုယ်တိုင် ဖန်တည်းရေး)ဖြစ်ပြီး နောက်တ
မျိုးကတော့ လူမှုတော်လှန်ရေး လို့ပြောပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်(ပြည်ထောင်စု ဗမာနိုင်ငံတော်) ငြိမ်းချမ်းရေးရသွားလို့ စီးပွါးရေးတွေလုပ်ကြမယ်၊ စာသင်ကျောင်းတွေမှာ တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်မိခင်ဘာသာစကားကို ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းတွေရေး
ပြီး သင်မယ် အဲဒီအချိန်ရောက်လာလို့ အစိုးရတရပ်က ခွင့်မပြုဘူးဆိုလျင် အဲဒီအချိန်ကျလျင် လူမှုတော်လှန်ရေး
ဆိုတာ ဖြစ်လာဦးမှာပဲ။
အဲဒီလိုဖြစ်လာခဲ့ပြီဆိုလျင် စောစောတုန်းကပြောသလို အနုနည်းနဲ့ရအောင်ယူမယ်။
အနုနည်းနဲ့မရလျင် အကြမ်းနည်းနဲ့ယူပြီဆိုပါစို့။
လက်နက်ကိုင်တဲ့အဖွဲ့အစည်းကို ဘယ်လိုခေါ်မလဲ။
လက်နက်ကိုင်သောင်းကျန်းသူလို့ ခေါ်လို့ရသွားပြီပေါ့။
အစကတည်းကမှ တော်လှန်ရေး ဆိုတာကို မသုံးဘို့ ပြောထားတာကို လက်ခံပြီးတဲ့နောက်တော့ သောင်းကျန်းသူ
လို့ အခေါ်မခံလျင် ဘယ်လိုအခေါ်ခံမှာတုန်း။
ဗမာစစ်အစိုးရက အဲဒီလိုတွေ ကြိုပြင်ထားတာ။
ကရင့်တော်လှန်ရေးရဲ့သက်တမ်း ၆၅နှစ်မြောက်ခဲ့ပါပြီ။ ကရင့်အမျိုးသားခေါင်းဆောင်တွေရဲ့ အမြင်သဘောထားကို နားထောင်ကြည့်ကြပါစို့လား။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Read More
http://panglongburmese.blogspot.com/2014/01/blog-post_22.html