• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, February 4, 2014

အရူးတွေဦးဆောင်တဲ့ ဗမာအစိုးရ

February 04, 2014
Tuesday

အရူးတွေဦးဆောင်တဲ့ ဗမာအစိုးရ

By မင်းစိုးစံ

ပြည်ထောင်စု မြန်မာနိုင်ငံတော် (ပြည်ထောင်စုဗမာနိုင်ငံတော်)ကို အုပ်ချုပ်နေတဲ့လူတွေထဲမှာ အရူးတွေ၊ သုံးစား
လို့မရတဲ့လူတွေ တက်ပြီးနေရာယူထားတော့ ခပ်ရိုင်းရိုင်းပြောရလျင် ကျုပ်တို့တိုင်းသူပြည်သားတွေဟာ အရူးကို
လင်လုပ်နေရသူတွေ အရူးနဲ့အိမ်ထောင်ကျနေရတဲ့သူတွေလို ဖြစ်နေပါပေါ့လားနော်။

YouTube ထဲမှာကြည့်လိုက်တော့ ပြောပုံဆိုပုံတွေက အရက်မသောက်တတ်တဲ့ လူငယ်လေးက တစ်ကျပ်ဘိုး
လောက်သောက်ပြီး တစ်ရာဘိုးလောက်မူးပြနေသလိုပဲ။ သူပြောတဲ့အထဲမှာ သူဟာ မကွေးမြို့ကတဲ့။ မကွေးမြို့စွန် မြသလွန်မှာ သူမူးခဲ့တာတွေ ဆိုလား။ မကွေးမြို့စွန် မြသလွန်မှာ သူမူးခဲ့တာလေ ဆိုလား။
တော်တော် သောက်မယ့်ပုံပဲ။

၂၀၀၉ခုနှစ် သြဂုတ် လလယ်ပိုင်းကနေစပြီး စိတ်ဖောက်ပြန်လာတဲ့အတွက် အရင်လ(၂၂)ရက်ကနေ (၂၅)ရက်
အထိ နေပြည်တော်မှာပြုလုပ်တဲ့ တိုင်းမှူးတွေ၊ တပ်မမှူးတွေရဲ့အစည်းဝေးမှာ ကစထ မှူးတာဝန်ကနေ အနားပေး
ခံလိုက်ရသလို ၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီ လဆန်းပိုင်းက နေပြည်တော်မှာလုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့ အာ
ဏာဆက်ခံရေး အစီအစဉ်ကို ပြန်ပြီးဝေဖန်မိလို့ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့ ဦးအုန်းမြင့်များလား။

ဘာကြောင့်လဲဆိုလျင် စစ်တပ်ထဲမှာ အုန်းမြင့်နှစ်ယောက်ရှိပြီး တယောက်က သတ္တုတွင်းဝန်ကြီးဌာနက အုန်းမြင့်
ဖြစ်တယ်လို့ပြောပါတယ်။ နှစ်ယောက်လုံးသုံးစားလို့မရဘူးလို့လည်း တပ်မတော်ထဲက လူငယ်အရာရှိတဦးက ဆို
ထားလေတော့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ဖြစ်မှာပေါ့နော်။

ဒီလို လူကြီးလူကောင်းမဆန်တဲ့အပြောမျိုးနဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတာကို ခပ်ယဉ်ယဉ်လေးဥပမာပေးရ
မယ်ဆိုလျင် ဟိုသင်းဗျာ ပလ္လင်ပေါ်ခွေးတက်ထိုင်နေတာကို အောက်ကကြည့်နေရသလိုပဲ။
အပြာကတော့ ကောင်းသလားမမေးနဲ့၊ သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့အစိုးရတဲ့ လျှာအရိုးမရှိတိုင်းလျှောက်ပြော
နေတာများ။

တစ်ယောက်ထဲက ပြောနေတာလားဆိုတော့ မဟုတ်ပေါင်။
ရွှေလက်နဲ့ ခေါ်လို့မလာလျင် ကျည်ဆံကျွေးလိုက် ဆိုတဲ့လူ။
တနေ့ထမင်းတနပ်ထဲစားပြီး အကြွေးဆပ်စမ်း ဆိုတဲ့လူ။
လျှပ်စစ်ဓါတ်အားတွေ ပိုနေလို့ နိုင်ငံခြားကိုရောင်းနေရတယ်လို့ ပြောတဲ့လူကပြော။



အောက်က ၀န်ကြီးဦးအုန်းမြင့်ပြောသွားတာလေးတွေကို ကောက်နှုတ်တင်ပြထားပါတယ်။




ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Read more


http://arzarni.blogspot.com/2011/02/blog-post_3890.html

http://komoethee.blogspot.com/2009/07/blog-post_9092.htm

justfreeman.blogspot.com/2009/10/blog-post_5441.html