• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, March 10, 2014

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ခုနစ်)

March 11 2014
 Tuesday

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ခုနစ်)

By မင်းစိုးစံ

ကရင်ဘာသာစာပေမှာ သရ ၁၄မျိုးရှိပါတယ်။
မိမိကလေးကို စာသင်ပေးတဲ့ မိဘတွေအနေနဲ့ ဒါမှမဟုတ် မျိုးဆက်သစ်တွေကို စာသင်ပေးတဲ့ ကျောင်းဆရာ ဆ ရာမတွေအနေနဲ့ အသံထွက်တွေ မသဲမကွဲဖြစ်နေတာမျိုးကနေ ကင်းဝေးစေဘို့အတွက် သရ ၁၄လုံးရဲ့ အသံတွေ
ကို စာလုံးများနဲ့တကွ ဖေါ်ပြပေးလိုက်ပါတယ်။

ကရင်တယောက်က ဗမာလိုမပီတာ ဘာမျှမဖြစ်ပေမယ့် ကရင်တယောက်ဖြစ်ပြီး ကရင်လိုမပီတာမျိုးကတော့ ဂုဏ်
ယူစရာမဟုတ်ပါဘူး။ ဒါကြောင့် အသံကို သေသေခြာခြာနားထောင်ဘို့ လိုသလို စာလုံးတွေကိုလည်း သတိထားရ မှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကြားသံ ဆိုတဲ့ အသံတသံနဲ့ သူ့အသံကိုရေးထားတဲ့ စာလုံးတွေကို သတိချပ်ဘို့ အင်မတန်
အရေးကြီးလို့ ဖြစ်ပါတယ်။ အဲဒီ ကြားသံကို ဆရာအတော်များများ သဲသဲကွဲကွဲ ရွတ်ဆိုပြတာမျိုး မကြားမိတာမို့ အ
ခုလို နောက်နောင်တွေမှာ မဖြစ်အောင် ဂရုပြုကြဘို့ အထူးလိုအပ်ပါတယ်။
ဒါမှ မျိုးဆက်သစ်တွေဟာ စာပေကို အသံမှန်မှန် သတ်ပုံမှန်မှန် ၀ါကျမှန်မှန် ရေးသားရွတ်ဆိုနိုင်ကြမှာဖြစ်ပါတယ်။


ကျေးဇူးတင်ထိုက်သူ မှန်သမျှကို တယောက်မကျန်ကျေးဇူးတင်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)