• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, March 9, 2014

ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ငြိမ်းချမ်းရေးဘာကြောင့် ကြန့်ကြာတယ်

March 8, 2014
Saturday

 ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်

ငြိမ်းချမ်းရေးဘာကြောင့် ကြန့်ကြာတယ်

By မင်းစိုးစံ

ဘလော့ဂ် မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျား။
စိတ်ကူးမိတာလေးတခု ရေးပြချင်လို့ပါ။ ကြိုက်တဲ့လူ ရှိချင်မှရှိမယ်။ မကြိုက်တဲ့လူတော့ ရှိကိုရှိလိမ့်မယ်။
စိတ်ကူးဆိုကတည်းက စိတ်ထဲ ရှိတာကို တွေးနေ ပြောနေ လုပ်နေတာဆိုတော့ ဘယ်သူတဦးတယောက်ရဲ့စိတ်
ကူးကိုများ လူအားလုံးကလက်ခံကြိုက်နှစ်သက်နိုင်လို့လဲ။ ကြိုက်နှစ်သက်မိတယ်ဆိုလျင်တောင် အလုံးစုံကိုကြိုက်
ချင်မှ ကြိုက်တာ။ ကျုပ်လည်း လူထဲကလူလေဗျာ ကျုပ်လိုစိတ်ကူးမျိုးဆို ပိုပြီးလူတွေမကြိုက်မှာပေါ့။

ဥပမာဆိုပါစို့ လူမှာ ငွေကြေးကျိကျိတက်ချမ်းသာတဲ့လူတွေရှိတယ်။ ငွေကြေး ကုန်းကောက်စရာမရှိအောင် ဆင်းရဲ
တဲ့လူတွေရှိမယ်။ အဲဒီလူတန်းစားနှစ်ရပ်ကြားမှာမှ ငွေကြေးအချမ်းသာကြီးမချမ်းသာတဲ့ လူချမ်းသာတွေရှိသလို
ဆင်းရဲပေသော်လည်း ကုန်းကောက်စရာမရှိလောက်အောင် မဆင်းရဲတဲ့လူလည်းရှိမှာပဲ။
အဲဒီလိုပဲ သခင်ဖြစ်နေတဲ့လူ၊ ကျွန်ဖြစ်နေတဲ့လူ။ ပညာတတ်၊ ပညာမဲ့။ ရုပ်ဆိုးတဲ့လူ၊ ရုပ်ချောတဲ့လူ။ အကျင့်သိက္ခာ
မြင့်မြတ်တဲ့လူ၊ အကျင့်သိက္ခာနိမ့်ကျတဲ့လူ။ အဲဒီလိုလူတွေကြားထဲမှာမှ စောစောကပြောခဲ့တဲ့အတိုင်း ကြားရောက်
နေတဲ့လူတန်းစား ဆိုတာလည်း ရှိမှာအမှန်ပါပဲ။
ကျုပ်စိတ်ကူးနဲ့ လူတွေကို ခွဲခြမ်းလိုက်မိပါတယ်။ အထက်တန်းစား။ အလတ်တန်းစား။ အောက်တန်းစား။ လူတန်း
စား သုံးရပ်ပေါ့ဗျာ။ လူတန်းစား သုံးရပ်ထဲမှာမှ အထက်တန်းစားကိုသုံးရပ်။ အလတ်တန်းစားကိုသုံးရပ်။ အောက်
တန်းစားကို သုံးရပ်ထပ်ခွဲလိုက်တော့ လူတန်းစားကိုးရပ်ဆိုပါတော့။

အဲဒီလိုလူတန်းစား ကိုးရပ်ထဲမှာ သခင်လိုလူဆိုတာ ဘယ်လိုလူလဲ ကျွန်စိတ်ပေါက်နေတဲ့ လူဆိုတာဘယ်လိုလူမျိုး
လဲ။ ပညာတတ်တဲ့လူဆိုတာ ဘယ်လိုလူမျိုးလဲ။ ပညာမဲ့တဲ့လူဆိုတာ ဘယ်လိုပုံမျိုးလဲ။ အကျင့်သိက္ခာမြင့်မြတ်တဲ့
လူ အကျင့်သိက္ခာမဲ့တဲ့လူ ဆိုတာတွေက ဘယ်လိုလူတန်းစားမျိုးလဲ။ စသည်ဖြင့်ပေါ့လေ အဲဒီလိုခွဲခြမ်းစိပ်ဖြာလိုက်
တဲ့အခါ ချမ်းသာတဲ့လူတိုင်း သခင်စိတ်မရှိနိုင်သလို ဆင်းရဲတဲ့လူတိုင်းမှာ ကျွန်စိတ်မရှိကြပါဘူး။ အကျင့်သိက္ခာပိုင်း
မှာလည်း ထို့နည်းအတိုင်းပါပဲ။ ပညာ ဆိုတဲ့နေရာမှာ အတွေးအခေါ်ပညာနဲ့ အတတ်ပညာဆိုပြီး နှစ်မျိုးရှိတဲ့အထဲ
က ချမ်းသာတဲ့လူတိုင်းမှာ ပညာရှိမဖြစ်နိုင်သလို ဆင်းရဲတဲ့လူတွေတိုင်းမှာလည်း ပညာမမဲ့ကြပါဘူး။

ဒါဆိုလျင် ပြန်ချုပ်လိုက်တဲ့အခါ ပြည်ထောင်စု ဗမာနိုင်ငံတော်(ပြည်ထောင်စု မြမ္မာနိုင်ငံတော်)ထဲမှာ လူတန်းစား
ဘယ်နှစ်မျိုးရှိပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ဘယ်လိုတွေရှိနေလို့ အကျင့်သိက္ခာပိုင်းမှာ ဘယ်လိုတွေဖြစ်နေသလဲဆို
တာ ပြန်တွေး ကြည့်လိုက်တော့ ကျုပ်အမြင်ပြောရလျင် ရှေ့အလားအလာက သိပ်မကောင်းလှပေဘူး။ လိမ်လည်မှုတွေ ဓါးပြမှုတွေ လူသတ်မှုတွေ မုဒိန်းမှုတွေ စတာတွေအပြင် မြေသိမ်းမှုတွေ မျက်ရည်ပင်လယ်ဝေနေ
ကြရတဲ့ဘ၀တွေ လမ်းဘေးရောက်နေရ တဲ့လူတွေ အဲဒီလိုသတင်းမျိုးတွေက မကြားချင်အဆုံး မမြင်ချင်အဆုံး မ
ဟုတ်ပါလား။

အဲဒီလိုလူတွေရဲ့ မိသားစုဘ၀တွေထဲမှာ ကလေးသူငယ်တွေဆိုတာရှိပါတယ်။
ကလေးပဲကွာ ဘာမျှနားမလည်ပါဘူး၊ မသိပါဘူးဆိုပြီး အမှုမဲ့အမှတ်မဲ့နေကြတာမျိုးက အနာဂတ်အတွက် ထိတ်
လန့်စရာကောင်းလှပါတယ်။
ကျုပ်ဆိုလျင် ငယ်ငယ်လေးထဲက ဗမာစစ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခံစားလာခဲ့ရတာဆိုတော့ ဒီကနေ့
အထိ ဗမာဆိုလျင်သိပ်ပြီးအထင်မကြီးချင်ဘူး။ လုပ်ခဲ့တာက သူတို့အဘိုးအဘွားတွေလေကွာ အခု အခြေအနေ
တွေက အားလုံးပြောင်းလဲနေပါပြီ မင်းတို့ကရင်တွေခံစားခဲ့ရသလို ဗမာတွေလည်း ခံစားရတာပါပဲ ဆိုတာကို သိနေ
ပေမယ့် မသိစိတ်က ဗမာတွေအပေါ်ဒီကနေ့အထိ သံသယစိတ်နဲ့ ပြောဆိုဆက်ဆံ နေမိတုန်းပါ။
ကျုပ်ကို အပြစ်မြင်မလား။ ပြည်မကြီးမှာနေတုန်းကလည်း ဗမာတွေရဲ့ ချိုးဖဲ့ပြောဆိုတာကိုခံခဲ့ရတယ်၊ ပြည်နယ်ကို
ရောက်ပြန်တော့ ဗမာစစ်တပ်ရဲ့ ရက်စက်မှုကိုကိုယ်တိုင်ကြုံရတယ်၊ ဒီမိုကရေစီတိုက်ပွဲဝင်တွေပါလို့ ကိုယ့်ကိုယ်ကို
သတ်မှတ်ထားတဲ့ ဗမာတွေနဲ့ပေါင်းမိပြန်တော့လည်း ခေါင်းတစ်လုံးအတင်ခံရပြန်တယ်။ ကျုပ်မှာအပြစ်ရှိတယ်ဆို
လျင် တောင်းပန်ပါတယ်။

ဆိုလိုချင်တာက မိဘတွေ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေတာကိုမြင်ကြရတဲ့ ကလေးသူငယ်တွေရဲ့ နုနယ်လှတဲ့သူတို့ တတွေရဲ့ အတွေးထဲမှာ ငါတို့အိမ်ကိုဖျက်တဲ့လူရဲ့အဖေက သူ့အဖေ။ ငါတို့မိသားစု ဘ၀ပျက်အောင်လုပ်တာ သူ့အ
ဖေ ဆိုတဲ့စိတ်အစွဲအလန်းတွေက သူတို့တတွေအရွယ်ရောက်လာတာနဲ့ ပျောက်ပျက်သွားမယ်ဆိုလျင်တော့ မ
ထောင်းသာပေဘူးပေါ့။ ဆက်ရှိနေကြဦးမယ်ဆိုလျင် ဘယ်လိုရှေ့ဆက်ပြီး အလုပ်အတူလက်တွဲလုပ်ကြမှာလဲ။
အလုပ်အတူတွဲမလုပ်နိုင်ရာကနေ အတူမနေနိုင်ဖြစ်လာပြီဆိုလျင်တော့ တော်လှန်ရေးဆိုတာက ရှိနေဦးမှာပဲ။
အဲဒါကိုကြိုမြင်ထားလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လို့သာသုံးဘို့၊ တော်လှန်
ရေးဆိုတဲ့ စကားရပ်ကိုမသုံးဘို့ လက်ရှိစစ်အစိုးရက အတည်ဖြစ်အောင်လုပ်နေတာများလားလို့တောင် ယူဆစရာ
ဖြစ်နေပါတယ်။

တိုင်းပြည်ဆင်းရဲတာက ပြည်သူတွေ သမာအာဇီဝနည်းနဲ့ မလုပ်ကိုင်မစားသောက်ကြလို့၊ သီလမမြဲလို့၊ ဘယ်မြဲမ
လဲ စားဘို့တောင် အနိုင်နိုင်၊ အူမ,မတောင့်တော့ ဘယ်လို သီလ,စောင့်မတုန်း။ သီလ,မစောင့်တဲ့အတွက် သမာ
အာဇီဝ,နည်းနဲ့ လုပ်ကိုင် စားသောက်အောင် ဥပဒေအရ အရေးယူနေရတာ။
အဲဒီ ဥပဒေကြောင့် အဲဒီလိုလုပ်မှ အဆင်ပြေမှာ၊ ဒါကြောင့် လာဘ်ပေး လာဘ်ယူတွေဖြစ်လာတာ။
နှစ်တွေကြာလာတော့ အကျင့်ပျက်ခြစားမှုတွေက ယဉ်ကျေးမှုတခုလိုဖြစ်နေတာ။
အဲဒီလို ဥပဒေမဲ့ လုပ်ရပ်ကြောင့် တိုင်းပြည် ဆင်းရဲတွင်းနက်နေတာ။ အဲဒီလိုနဲ့ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဆိုသလို ဖြစ်နေပြန်ရော။ မာကာခင်မှာကတော့ ပြည်တွင်းစစ်ကြောင့်ပါ
ဆိုတဲ့ လေသံ စစ်အစိုးရ ပါးစပ်ပေါက်ကနေ ပုတ်အက်အက်အနံ့နဲ့ထွက်လာတယ်။ အရင့်အရင်တုန်းကတော့ ဗမာ
ပြည်မှာ ပြည်တွင်းစစ်မရှိပါဘူး။ လက်နက်ကိုင်သောင်းကျန်းသူတွေကြောင့် တိုင်းပြည်ဆင်းရဲနေရတာပါ ဆိုပြီးဇွတ်
အော်နေခဲ့တာလေ။

တိုင်းပြည်ငြိမ်းချမ်းသာယာသွားလျင်တော့ အားလုံးကောင်းသွားမှာပါဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေဘက်ကြည့်လိုက်ပြန်တော့ တဘက်က ဆွေးနွေးနေသလို တဘက်ကနေ ကျည်ဆံတွေပေးနေပြန်
ရော။
အခုလက်ရှိ အစိုးရလက်ထက်မှာ တကယ်ပဲငြိမ်းချမ်းမလားဆိုပြန်တော့ အစိုးရကနေ အကောင်အထည်ဖေါ်နေ
တဲ့ငြိမ်းချမ်းရေးဟာ သိသာထင်ရှားတဲ့ အနေအထားမှာမရှိဘူးလို့ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့
ဥက္ကဌ ခွန်မြင့်ထွန်းက “မြန်မာ့ငြိမ်း ချမ်းရေးဖြစ်စဉ် ဖွံဖြိုးရေးနှင့် သဘာဝအရင်းအမြစ်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေး
နွေးပွဲစကားဝိုင်းမှာ
“ကျနော်တို့မြင်တာကတော့ ပြောင်းလဲမှုဆိုတဲ့ စကားလုံးတစ်ရပ်ပေါ်မှာ မူတည်ပြီးတော့လုပ်နေကြတဲ့ ဒီနေ့ ငြိမ်း
ချမ်းရေးဖော်ဆောင်မှုတွေဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေ မရှိသေးဘူး၊ ပြောင်းသလိုလို မပြောင်းသ
လိုလို ဖြစ်နေတဲ့အချက်တွေ ရှိတယ်”
ဆို ပြီးပြောသွားပါတယ်။

ရှမ်းပြည်နယ် ၀န်ကြီးချုပ်စ၀်အောင်မြတ်က တောင်ကြီးမြို့ တိုင်းရင်းသားမီဒီယာညီလာခံမှာ ဘယ်လိုပြောသွားသ
လဲဆိုတော့
“ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ တစ်ဖက်နဲ့တစ်ဖက်မငြိမ်းချမ်းလို့ ငြိမ်းချမ်းအောင်ဆောင်ရွက်
ကြတာပဲဖြစ်တယ်။ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုလို့ရှိရင် ငြိမ်းချမ်းတဲ့စကားပြောဖို့ဆိုလို့ရှိရင် လက်နက်တွေကိုင်ပြီး
ငြိမ်းချမ်းရေးစကားပြောနေမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ ကျနော်တို့ အဲ
လို ယူဆပါတယ်” တဲ့ဗျား။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကျတော့ တသက်လုံးလက်နက် ကိုင်လာတဲ့လူတွေကို ချက်ခြင်းကြီး လက်နက်
စွန့်ခိုင်းလို့မဖြစ်ဘူး ဆိုတော့ ကဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ဘယ်လိုတွေဖြစ်လာမှာလဲ။
လက်နက်ကိုင်ရတာဘာကြောင့်လဲဆိုတာ တွေးစရာဖြစ်လာပါတယ်။ ဗမာ့တပ်မတော်က လက်နက်ကိုင်တာက
တိုင်းရင်းသားတွေကို လူမျိုးတုန်းသုတ်သင်ဘို့၊ တိုင်းရင်းသားတွေလက်နက်ကိုင်ရတာက မိမိလူမျိုးကို အမျိုးမျိုး
အနိုင်ကျင့်ရက်စက်နေတဲ့ ဗမာစစ်တပ်ရန်က ကာကွယ်ဘို့။ နှစ်ပေါင်းခြောက်ဆယ်ကျော်လောက် တိုက်နေခဲ့ကြ
တာ အားလုံးအသိပဲ။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောသွားတာနောက်တခုက ချမ်းသာလျင် ဘယ်သူမျှ လက်နက်မကိုင်ဘူး တဲ့။ တိုင်းရင်းသားတွေဘက်ကတော့ရှင်းတယ်၊ ကိုယ့်လူမျိုး အမျိုးမပြုတ်ဘို့ လက်နက်ကိုင်ကြတယ် ခုခံစစ်အတွက်
တော်လှန်စစ်အတွက် လက်နက်ကိုင်ကြတယ်။ ဒါဆိုဗမာ့တပ်မတော်က လက်နက်ကိုင်တာက တိုင်းရင်းသားတွေ
ကို အမျိုးဖြုတ်ဘို့မဟုတ်ဘူးဆိုလျင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောပုံအရ ဗမာ့တပ်မတော်ကြီးခမျာ မ
ချမ်းသာလို့ များလားပေါ့။ ဘာမချမ်းသာတာပါလိမ့်။ ပညာမချမ်းသာတာလား။ သိက္ခာမချမ်းသာတာလား။ အတွေး
အခေါ်မချမ်းသာတာလား။ အတတ်ပညာမချမ်းသာတာလား။ ကျွန်စိတ်ပေါက်နေတဲ့ စစ်ခေါင်းဆောင်တချို့ကြောင့်
လား။ ခေါက်ရိုးကျိုးနေတဲ့ လူတစုအတွက်လား။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် စ၀်အောင်မြတ်စကားကို ပြန်ကောက်ကြရအောင်၊ ငြိမ်းချမ်းရေးနှောင့်နှေးကြန့်ကြာနေရတာဟာ လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးစကားပြောလို့ ဆိုလျင် ဗမာ့တပ်မ
တော်ကလည်း လက်နက်တွေစွန့်မယ် တိုင်းရင်းသားတွေဘက်ကလည်း လက်နက်မကိုင်ဘူး ဆိုမှငြိမ်းချမ်းရေး
က မြန်ဆန်မှာလို့ ဆိုလိုသလိုဖြစ်မနေဘူးလား။
တိုင်းရင်းသားတွေ ဘက်ကတော့ လက်နက်က ဗမာစစ်တပ်လောက်မများတဲ့အတွက် ပြဿနာက သိပ်မရှိဘူး။
ပြောသာပြောရတာ လက်နက်ကိုင်တော်လှန်ရေးအင်အားစု အားလုံးပေါင်းလိုက်လျင် လက်နက်တွေက သိပ်တော့
နည်းမယ်မထင်ဘူး။ ဗမာ့တပ်မတော်မှာရှိနေတဲ့ ဂျက် တိုက်လေယာဉ်တို့ ရေငုပ်သင်္ဘောတို့ဆိုတာက အလှကြည့်
ဘို့မဟုတ်ဘူးလေ။ ဟိုတလောတုန်းက ဓါတုစက်ရုံဆိုတဲ့ သတင်းကိုကြည့်လျင် အဲဒီဓါတုစက်ရုံဆိုတာကိုလည်း
မေ့ထားလို့မဖြစ်ပြန်ဘူး။
ဒီတော့ ငြိမ်းချမ်းရေးဘာကြောင့်ကြန့်ကြာရတယ် ဆိုတာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စ၀်အောင်မြတ်ပြောခဲ့တဲ့အ
တိုင်းသာ တကယ်မှန်မယ်ဆိုလျင် ဂျာအေးသူ့အမေရိုက်သီချင်းလို လုံးလည်ခြာလည်လိုက်နေမှာတော့ အသေအ
ချာပါပဲ။

ဒီကနေ့ ဗမာအစိုးရ(မြမ္မာအစိုးရ) လုပ်နေပုံက တိုင်းရင်းသားတွေအနေနဲ့ စစ်အင်အားဖြည့်တင်းထားရုံကလွဲပြီး အ
ခြားနည်း လမ်းမရှိတော့ဘူးဆိုတာကို တွေးမြင်မိကြောင်းပါခင်ဗျား။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ရှမ်းပြည်နယ် ၀န်ကြီးချုပ်စ၀်အောင်မြတ် နှင့် ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဌ ခွန်မြင့်ထွန်း တို့၏
ပြောစကားများကို အောက်ဖေါ်ပြပါ လိပ်စာမှ ကူးယူထုတ်နှုတ် သုံးစွဲထားခြင်းဖြစ်ပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/1089-2014-03-05-
07-16-31.html