• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, April 25, 2014

ယောက်ျားအလိုရှိသည်


တခါတလေ အပျင်းပြေသဘောမျိုး အရွှမ်းအသောလေးတွေနဲ့ ထိတွေ့ခံစားကြည့်နိုင်အောင် ကြိုးစားကြည့်
မိတယ်။
အဲဒီလိုကြိုးစားကြည့်ရင်းနဲ့ အရွှမ်းအသောတွေဆိုတာ စိတ်ထဲမှာရွှင်နေတယ်၊ မြူးးနေတယ်ဆိုလျှင် တကယ်
ကို ပီတိဖြစ်စရာ ရယ်မောစရာလို့ ခံစားရပေမယ့် စိတ်ထဲနောက်တောက်တောက်ဖြစ်နေတဲ့ အခါမျိုးမှာကျ
တော့ တော်တော်ကို အော်ကလီဆန်စရာကောင်းတဲ့ အဓိပ္ပါယ်မဲ့စကားလုံး အကြောင်းအရာတွေလို့ နား
လည်ခံစားမိတတ်ပါတယ်။

အခုလည်း ဟာသလေးတခုကို ရှာဖွေပြီး မိတ်ဆွေတွေကို မျှဝေပေးလိုက်ပါတယ်။
ကြိုက်သလိုသာ လွတ်လွတ်လပ်လပ် ခံစားနိုင်ကြောင်းပါခင်ဗျား။



ယောက်ျားအလိုရှိသည်

မို့မို့သော် ဘာသာပြန်သည်

အထီးကျန်နေတဲ့ အသက် ၇၀ အရွယ် မုဆိုးမ တစ်ဦးဟာ နောက်တစ်ကြိမ် လက်ထပ်ဖို့ အချိန်ကျရောက်ပြီလို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဒါကြောင့် သတင်းစာထဲမှာ ကြော်ငြာထည့်လိုက်ပြီး
"ယောက်ျား တစ်ဦး အလိုရှိသည်။
ကျွန်မနဲ့ ရွယ်တူ ဖြစ်ရမည်။
ကျွန်မအား မရိုက်သူ ဖြစ်ရမည်။
အနားတွင် ပြေးလွှားနေတတ်သူ မဟုတ်ဘဲ အိပ်ရာထဲတွင် စွမ်းဆောင်ရည်ကောင်းသူ ဖြစ်ရမည်။
လျှောက်လွှာကို လူကိုယ်တိုင် လာရောက် လျှောက်ထားရမည်"
လို့ ရေးသားထားပါတယ်။

နောက်တစ်နေ့မှာတော့ တံခါးဘဲလ်တီးသံ ကြားလိုက်ရပြီး တံခါးဖွင့် လိုက်တဲ့အခါ ၀ှီးလ်ချဲပေါ်မှာ ထိုင်နေ
တဲ့ ငွေရောင်ဆံပင်ပိုင်ရှင် လူကြီးမင်းတစ်ဦးကိုတွေ့လိုက်ရတာကြောင့် အဘွားကြီးဟာ တုန်လှုပ်သွားပါ
တယ်။
အကြောင်းကတော့ အဘိုးကြီးမှာ ခြေတွေ၊ လက်တွေ မရှိလို့ပါပဲ။

"ရှင့်ကို စဉ်းစားပေးဖို့ ကျွန်မကို တကယ်မေးမှာ မဟုတ်ဘူး .. ဟုတ်တယ်မဟုတ်လား"
လို့ မုဆိုးမကြီးက မေးလိုက်ပြီး
"ရှင့်ကိုယ်ရှင် ပြန်ကြည့်ပါဦးရှင်။ ခြေထောက်တွေ မရှိတာတောင်မှ" လို့လည်း ပြောလိုက်ပါတယ်။ အဘိုးကြီးက ပြုံးလိုက်ပြီး
"ဒါကြောင့်မို့ ငါဟာ မင်းအနားမှာ ပြေးလွှားနေမှာ မဟုတ်ဘူးလေ" လို့ ပြောလိုက်ပါတယ်။

"ရှင်မှာလက်တွေလည်း မရှိဘူးလေ" လို့ အဖွားကြီးက အော်ပြောလိုက်တဲ့အခါ
"ဒါကြောင့်မို့ မင်းကို ဘယ်တော့မှ ရိုက်နိုင်မှာ မဟုတ်ဘူးပေါ့" လို့ အပြုံးနဲ့ ပြန်ပြောလိုက်ပါတယ်။
အဘွားကြီးဟာ မျက်ခုံးပင့်လိုက်ပြီး အဘိုးကြီးကို စိုက်ကြည့်ကာ
"ရှင်အိပ်ရာထဲမှာရော စွမ်းဆောင်နိုင်ပါ့မလား" လို့ မေးလိုက်ပါတယ်။
အဘိုးကြီးဟာ ပြုံးလိုက်ပြန်ပြီး
"ဘဲလ်ကို တီးတာ ကိုယ်လေ .. ဟုတ်တယ်မဟုတ်လား" လို့ ပြောလိုက်ပါတယ်။

ဒီလိုနဲ့ လာမယ့် စနေနေ့ကို မင်္ဂလာဆောင်ဖို့အတွက် ရက်သတ်မှတ် လိုက်ပါတယ်။

Copy from
http://myanmar.mmtimes.com/index.php/home-page/144-the-pulse/10046-2014-04-23-08-27-32.html