• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, April 24, 2014

တရုတ် ဂျပန် အမေရိကန်

 ပုံစာ- ဂျပန် ဘုရင်၊ ဘုရင်မနဲ့ အိုဘားမားတို့ ညစာစားပွဲမှာ တွေ့ရစဉ်။

အရှေ့ တရုတ်ပင်လယ်ထဲက ဂျပန်တို့ အုပ်ချုပ်ထားတဲ့ ကျွန်းစုကို အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်
စစ်တပ်က အကာအကွယ်ပေးနေတာဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက တရုတ်ကို သတိပေး
လိုက်ပါတယ်။
ဂျပန်ကို လာခဲ့တဲ့ သူ့ခရီးစဉ် ဒုတိယနေ့မှာ အမေရိကန်ရဲ့ ရပ်တည်မှုကို နောက်တစ်ကြိမ် ထပ်ပြောလိုက်
တာ ဖြစ်ပါတယ်။
တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ အဲဒီ ကျွန်းစု အနီးကို တရုတ်သင်္ဘော
တွေ ကပ်လာလေ့ရှိပြီး အဲဒီကျွန်းတွေအပေါ် ဂျပန်ရဲ့ထိန်းချုပ်မှုကို တရုတ်က မကြာခဏ စိန်ခေါ်လေ့ရှိပါ
တယ်။
ဒါ့အပြင် တရုတ် နိုင်ငံခြားရေးဌာနကလည်း အဲဒီကျွန်းစုကို သူတို့ ပိုင်တာပါလို့ ထပ်ပြောထားပါတယ်။

http://www.bbc.co.uk/burmese/world/2014/04/140424_obama_asia.shtml


တျောက်ယွီကျွန်းအား
ဂျပန်-အမေရိကန် လုံခြုံမှုထိန်းသိမ်းရေးစာချုပ်နှင့်ဆက်စပ်ရာအဖြစ် ထည့်သွင်းမည်ဆိုခြင်း တရုတ်ပြတ်သားစွာဆန့်ကျင်

2014-04-24

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူချင်ကန်းက ယမန်နေ့၂၃ရက်နေ့ သတင်းစာရှင်းလင်း
ပွဲတွင် အမေရိကန်သမ္မတအိုဘားမားက တျောက်ယွီကျွန်းသည် ဂျပန်-အမေရိကန်လုံခြုံမှုထိန်းသိမ်းရေးစာ
ချုပ်ပါ သတ်မှတ်ချက်နှင့်ကိုက်ညီသည်ဟုဆိုခဲ့ကြောင်း၊ ထည့်သွင်းရေးနှင့်ပတ်သက်၍ တရုတ်အနေနှင့်
ပြတ်သားစွာဆန့်ကျင်ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်သည် ပိုင်နက်နယ်မြေအချုပ်အခြာပိုင်ခွင့်ပြဿနာအပေါ် ရပ်တည်ချက်မထားသည့် သက်ဆိုင်ရာကတိခံဝန်ချက်
ကို လိုက်နာသင့်ကြောင်းပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။


Copy from http://myanmar.cri.cn/