• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, April 26, 2014

နိုင်နိုင်းဆီက အကယ်ဒမီစကားကြားရပြီ



နိုင်နိုင်းဆီက အကယ်ဒမီစကားကြားရပြီ

Post 26 April 2014

By ရဲရင့်မင်းခန့်(မြစ်မခ)

အနုပညာသက်တမ်းရင့်လာသည်နှင့်အမျှ ဇာတ်လမ်းရွေးချယ်မူကို ပိုမိုဂရုစိုက်၍ဇတ်ကားများရိုက်ကူးလာသည့် သရုပ်
ဆောင် နိုင်နိုင်းမှ အကယ်ဒမီမရသေးသည့်အတွက် ပရိသတ်အပေါ်မှာ တာဝန်မကြေဟု ပြောဆိုလိုက်သည်။

''ပရိသတ်ကိုပြောချင်တာက ကျွန်တော်လုပ်ခဲ့တဲ့ အနုပညာသက်တမ်းက အရမ်းကြာနေပါပြီ။ တစ်ခုပဲ ပရိသတ်အပေါ်
တာဝန်မကြေသးဘူး။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ အကယ်ဒမီရလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ရအောင် ယူပါမယ်''
ဟု ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် နိုင်နိုင်းက ပြောသည်။

ယခုအချိန်တွင်သရုပ်ဆောင်တစ်ယောက်ဖြစ်နေသော်လည်း ဒါရိုက်တာအလုပ်ကိုလည်း ၀ါသနာပါကြောင်းနှင့် ဇာတ်လမ်း
များကို ဂရုတစိုက်ရွေးချယ် လက်ခံရိုက်ကူးနေကြောင်း နိုင်နိုင်းက ပြောသည်။ 

''ကျွန်တော်ရှေ့က ရှိက်ခဲ့တဲ့ကားတွေနဲ့ ရိုက်ခဲ့တဲ့နေရာတွေ တော်တော်များများလည်း အကုန်ထပ်နေပြီ၊ ကြည့်လိုက်တာနဲ့
ဒါကဘယ်နေရာဆိုတာ အကုန်သိနေတယ်၊ ဒီဇာတ်လမ်းစလာပြီဆိုတာနဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေကလည်း ခန့်မှန်းမိနေ
ပြီဆိုတော့ ပရိသတ်အတွက်အသစ်မဟုတ်ဘဲ ဒါတွေပဲထပ် ရိုက်ထပ်ရိုက် ဆိုတော့ ကျွန်တော်အတွက်လည်း မကောင်း
ဘူး။ ပရိသတ်အတွက်လည်းမကောင်းဘူး'' ဟု သရုပ်ဆောင် နိုင်နိုင်းကပြောသည်။

ထို့ကြောင့် ပညာပေးနှင့်ပညာပေးဇာတ်ကား မဟုတ်ပါက ဖျော်ဖြေရေးပိုင်းနှင့်ပရိသတ်မြင်တွေ့နေကျ မဟုတ်သည့် ဇာတ်
လမ်းများကိုရိုက်ကူးသွားမည်ဖြစ်ကြောင်းနှင့် ယခင်ဇတ်ရုပ်များနှင့်မတူပဲ ကွဲပြားအောင်ဖန်တီးရန် မလွယ်သေးကြောင်း၊ ပ
ညာပေး၊ဖျော်ဖြေရေးအပိုင်းလေးနှင့် ထိန်းသိမ်းရမည်ဖြစ်သလို ဗုဒ္စဘာသာယဉ်ကျေးမှုနှင့်လည်း အရမ်းကွဲထွက်၍ ရိုက်ကူး
၍ မရသေးကြောင်း ၄င်းကဆိုသည်။

“ဗမာကားတွေက ဇတ်လမ်းတွေ ကွဲကွဲပြားပြားကို မဖြစ်သေးဘူး၊ ဗမာကားကြည့်ရင် (၁၀)နှစ်အောက်သမီးကအစ ဘယ်
လိုဇာတ်သိမ်းမယ်ဆိုတာ သိနေတယ်၊ သရုပ်ဆောင်တွေအနေနဲ့ ဇာတ်ရုပ်ရွေးရိုက်တာ ကောင်းပါတယ်”
ဟု ကမာရွတ်မြို့နယ်နေ မသစ်သစ်မင်းက ပြောသည်။

Copy from http://www.myitmakhamediagroup.com/news/entertainment/1708-2014-04-26-04-55-21