• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, April 29, 2014

ဲပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က နယ်လှည့်ပြီးပါးရိုက် မွန်ပြည်နယ်ဝန်ကြီး ဦးအုန်းမြင့်က အဆဲခံ




ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က နယ်လှည့်ပြီးပါးရိုက်
မွန်ပြည်နယ်ဝန်ကြီး ဦးအုန်းမြင့်က အဆဲခံ


“နယ်လှည့်ပြီးပါးရိုက်လာတာ”ဟုဆိုသော ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ပြီးနောက် “မကျေနပ်လို့ရှိရင်
ကျွန်aတာ့်ကို လာဆဲပါ။ အဆဲခံပါ့မယ်”ဟု မွန်ပြည်နယ်ဝန် ကြီးချုပ်ဦးအုန်းမြင့်ကပြောလာပြန်သည်။

ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းသည်ဧပြီ (၂၅)ရက်နေ့တွင် သထုံမြို့၊ သုဝဏ္ဏခန်းမဆောင်
၌သထုံခရိုင် (၄)မြို့နယ်ပါတီစုံတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ၀န်ကြီးချုပ်ဦးအုန်းမြင့်က
အခုတင် ပြသူများအနေနဲ့ ၎င်းကို ဆဲလိုပါက ၎င်းအနေဖြင့်အဆဲခံနိုင်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရ
သည်။

ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းသည် တပ်မတော်တာဝန်ထမ်းဆောင်ခဲ့စဉ်က တာဝန်ကျခဲ့
ဖူးသော သုဝဏ္ဏ ဘုမိသထုံမြို့သို့ရောက်ရှိခိုက်ပါတီများနှင့်တွေ့ဆုံဆွေးနွေးရာတွင် မွန်ပြည်နယ်ဝန်ကြီး ဦး
အုန်းမြင့်အပါအ၀င် (၄)မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဖိတ် ကြားထားသည့်ဧည့်သည်များ
တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မြို့နယ်အလိုက် အသီးသီးတင်ပြ
လိုပါက တင်ပြနိုင်ပါကြောင်း ပြောကြားပြီးနောက် မြို့နယ်အလိုက် (၄)မြို့နယ် ပြဿနာများကိုတင်ပြခဲ့ကြောင်း
သိရသည်။

အဆိုပါတင်ပြမှုအပေါ်မွန် ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က
“တင်ပြသူများအနေနဲ့ ကျွန်တော့် ကို မကျေနပ်လို့ဆဲလိုပါက ကျွန်တော့်ရုံးဝကနေထိုင်ပြီး ဆဲရင်လည်း ကျွန်
တော်နားထောင်ပေးပါ့မယ်။ ကျွန်တော်အဆဲခံနိုင်ပါတယ်”
ဟုတင်ပြသူများကို တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက
“ကျွန်တော့်အနေနဲ့ကတော့ အဆဲမခံနိုင်ဘူး။
အဆဲခံနိုင်တဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ကို ဆဲကြည့်ကြပေါ့”
ဟုပါတီစုံတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆဲခံနိုင်ပါတယ် ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ရပ်မိ
ရပ်ဖတစ်ဦးအား မေးမြန်းရာတွင်
“၁၉၉၂ခုနှစ်ကတည်းက ကျွန်တော်တို့ရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထကျောင်းကလေးဟာ ၂၀၁၂ခုနှစ်ရောက်
တော့ အိမ်ဖြစ်သွားတဲ့ကိစ္စ၊ ကူညီဖြေရှင်းပေးပါလို့ ပြည်ထောင်စုလွှတ်တော်နာယကကို တင်ပြတဲ့အခါမှာ
မွန်ပြည်နယ်ဝန်ကြီးချုပ်က စိတ်တိုလာတဲ့အနေအထားနဲ့ ဒီစကားကို ထပြီးပြောလိုက်တာပါ”
ဟု ပေါင်မြို့နယ်လက်ပံကျေးရွာမှ ဦးငွေသိမ်းက အတည်ပြုပြောကြားသွားသည်။

စိုးဝင်းနိုင်

Copy from http://www.hotnewsweekly.com/node/2297