• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 1, 2014

ရှင်ကျန်းဝူရူမူချီဘူတာရုံ ဗုံးပေါက်ကွဲ

ရှင်ကျန်းဝေဂါလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဝူရူမူချီမြို့ တောင်ဘက်ဘူတာရုံ၌ ဗုံးပေါက်ကွဲမှု မြင်ကွင်း
Source photo from http://www.google.com/images

1.05.2014

တရုတ်နိုင်ငံ ရှင်ဂျန်းဘူတာတိုက်ခိုက်မှု ၃ ဦးသေ

by ဗွီအိုအေ (မြန်မာပိုင်း)

တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ခရိုင်က မီးရထား ဘူတာရုံတခုမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး လူ ၃ဦး သေ
ဆုံး၊ ၇၉ ဦး ဒဏ်ရာရရှိသွားတယ်လို့ နိုင်ငံပိုင် မီဒီယာက ထုတ်ပြန် ကြေညာပါတယ်။

တိုက်ခိုက်သူတွေဟာ ဓားနဲ့ လူတွေကို လိုက်ပြီး လှီးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဗုံးတလုံးကိုတော့
ဘူတာရုံအထွက် Urumqi မြို့တော်ကိုသွားတဲ့ ဘတ်စ်ကားဂိတ်တို့ကြားမှာ ထောင်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရှင်ဂျန်းကို ၄ ရက်ခရီး သွားရောက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ပြန်လာတဲ့ တရုတ်သမ္မတ Xi Jinping ကတော့ ပြတ်ပြတ်သားသား
အရေးယူမယ်လို့ ချက်ခြင်း ပြောဆိုလိုက်ပါတယ်။

ဒီဒေသက အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက် သမားတွေကို နှိမ်နင်းမယ်လို့ သူကပြောပါတယ်။
အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါကမှတော့ သူတို့လက်ချက် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေး
ပါဘူး။
ရှင်ဂျန်းဟာ တရုတ်မွတ်ဆလင် Uighur ၀ီဂါတွေ နေထိုင်ရာဒေသ ဖြစ်ပါတယ်။

http://burmese.voanews.com/content/xinjing-attack-kills-3/1904979.html


တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်
Source photo from http://www.google.com/images

ရှင်ကျန်းဝူရူမူချီဘူတာရုံ ဗုံးပေါက်ကွဲမှုကြောင့် 
လူ ၃-ဦးသေဆုံး

2014-05-01

ဧပြီလ ၃၀-ရက်နေ့ ညနေ ၅-နာရီခန့်တွင်၊ တရုတ်ပြည်ရှင်ကျန်းဝေဂါလူမျိုးကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ဝူရူမူချီမြို့ တောင်
ဘက်ဘူတာရုံ၌ ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ၊ ယခုအထိလူ ၃-ယောက်သေဆုံးပြီး၊ ၇၉-ယောက်ဒဏ်ရာရရှိခဲ့ကြောင်း
စီအာအိုင်သတင်းအရသိရပါသည်။

ယင်းသတင်းကြားပြီးပြီးချင်းမှာပင်၊တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဌ
ရှီကျင့်ဖိန်က၊ ရှင်ကျန်းခွဲထွက်မှုတိုက်ဖျက်ရေးမှာအချိန်ကြာမြင့်မည်ဖြစ်ပြီး၊ အကြမ်းဖက် တိုက်ဖျက်ရေးစစ်ပွဲတွင်
သတိတရား တခဏမျှ မလျော့ကြရန် ညွှန်ကြားခဲ့ပါသည်။

Copy from http://myanmar.cri.cn/666/2014/05/01/1s30814.htm