• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 1, 2014

အစိုးရနှင့် ကေအိုင်အို အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြီးမှသာ တွေ့ဆုံနိုင်ဖွယ်ရှိ

ကေအိုင်အေတပ်ဖွဲ့ဝင်များကို ၎င်းတို့၏ စခန်းတစ်ခုတွင် ၂၀၁၃ ခုနှစ်အတွင်း တွေ့ရစဉ်။
 ကောင်းထက်/မြန်မာတိုင်း(မ်) 

အစိုးရနှင့် ကေအိုင်အို

အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြီးမှသာ

တွေ့ဆုံနိုင်ဖွယ်ရှိ

အိအိတိုးလွင်

Thursday, 01 May 2014

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် ပတ်သက်ပြီး ယခု
လဆန်းပိုင်းတွင် အစိုးရနှင့် နှစ်ဖွဲ့တည်းတွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုဘက်က ကမ်းလှမ်းထားသော်လည်း အာဆီယံထိပ်
သီးဆွေးနွေးပွဲပြီးမှသာ အစိုးရဘက်က လက်ခံတွေ့ဆုံနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(ကေအိုင်အို)က တိုက်ပွဲများနှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်ဖက်
ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဥက္ကဌ
ဦးအောင်မင်းထံ ဧပြီလ ၂၉ ရက်နေ့က စာဖြင့် တရားဝင် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

''ကေအိုင်အိုဘက်က ဦးဆွမ်လွတ်ဂမ် အမည်နဲ့ မေလ ၁ဝ ရက်၊ ၁၁ ရက်မှာတွေ့ဖို့ ကမ်းလှမ်းတယ်။ ဦးအောင်မင်းတို့ဘက်ကတော့ ဘာမှအကြောင်းမပြန်ရသေးဘူး။
ဒါပေမဲ့ လက်ခံရရှိကြောင်းတော့ စာပြန်ထားပါတယ်။
မေလ ၁ဝ၊ ၁၁ ရက်က အာဆီယံထိပ်သီးအစည်းအဝေး ရှိတော့ ကမ်းလှမ်းချက်အတိုင်း တွေ့ဖို့မဖြစ်နိုင်ဘူး။
အစည်းအဝေးပြီးမှပဲ တွေ့နိုင်မယ်။
NCCT ဘက်ကလည်း ၁၉၊ ၂ဝ ရက်လောက်မှာ အစိုးရနဲ့တွေ့ဖို့ အဆိုပြုထားတာရှိတော့ သူတို့နဲ့မတွေ့ခင် ကြားထဲလောက်
တော့ တွေ့နိုင်မှာပါ"
ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေက ပြောသည်။

၁၇ နှစ်ကြာတည်တံ့ခဲ့သည့် အပစ်ရပ်စဲရေးစာချုပ် ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း အစိုးရနှင့်ကေအိုင်အိုတို့သည် တရုတ်ပြည်နယ်
စပ်၊ ရွှေလီမြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့တိုင် အပစ်
ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပေ။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ကေအိုင်အိုဘက်က တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)
အဖွဲ့ဝင်အနေဖြင့်သာ ပါဝင်ဆွေးနွေးလျက်ရှိသော်လည်း သင်္ကြန်ကာလအတွင်း အရှိန်မြင့်တက်ခဲ့သည့် တိုက်ပွဲများကြောင့်
ထပ်မံဆွေးနွေးရန် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချူပ် ဂွမ်မော်ကမူ အစိုးရအနေဖြင့် စစ်ရေးအရ ဖိအားပေးလာပါကတစ်နိုင်ငံ
လုံး အပစ်ရပ်စဲရေးကို လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ၎င်း၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း သတိပေး
ပြောကြားလိုက်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် တစ်
နိုင်ငံလုံး အပစ်ရပ်စဲရေးဆွေးနွေးမှုအတွက် တင်းမာမှုများဖြစ်ပေါ်လာနိုင်ကြောင်း ဧပြီလ ၂၉ရက်နေ့ NCCT အစည်းအဝေး
အပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု အရှိန်မပြတ်အောင် ကျွန်တော်တို့ ဆွေးနွေးပွဲတွေ လုပ်ချင်တဲ့ သဘောဖြစ်
ပါတယ်"
ဟု ဆွေးနွေးပွဲ ကမ်းလှမ်းချက်အပေါ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်သည်။

 ကေအိုင်အိုဘက်က ပေးပို့ထားသော အကြောင်းကြားစာအရ နှစ်ဖက်တွေ့ဆုံခြင်းအားဖြင့် အမြင်သဘောထား ဖလှယ်
ခြင်း၊ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်နေသည့် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်ကို ပိုမိုအဆင်ပြေကြောင်း ဖော်ပြထားသည်။

အဆိုပါဆွေးနွေးပွဲသို့ NCCTအပါအ၀င် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဗီးယား၊ တ
ရုတ် သံတမန် မစ္စတာ ၀မ်ယင်ဖန်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီတို့အား ဖိတ်ကြားသွား
မည်ဖြစ်ကြောင်း သိရသည်။

http://myanmar.mmtimes.com/index.php/national-news/10169-2014-05-01-10-54-24.html

မေလ ကုန်ပိုင်း၌
တွေ့ဆုံဆွေးနွေးကြရန်စီစဉ်ထားသော်လည်း အစိုးရ၏သဘောထား တင်းမာနေဆဲ

Wednesday, 30 April 2014

by ရွှေဟင်္သာသတင်းဌာန

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း ရရှိရန် အတွက် နှစ်ဖက် ကိုယ်စားလှယ်များ ဒုတိယအကြိမ် ရန်ကုန်
မြို့၌ လာမည့် မေလကုန်ပိုင်း၌ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားသော်လည်း ယခုအထိ ၄င်းစာချုပ်နှင့် ပတ်
သက်၍ အစိုးရ၏သဘောထားမှာ တင်းမာနေဆဲဖြစ်ကြောင်း နိုင်ဟံသာက ဆိုပါသည်။

“ကျွှန်တော်တို့ ပြောရမယ်ဆိုရင်တော့ ဒီ (၇)ခန်းလုံးမှာ ကိုယ့်ဘက်က သဘောတူတာရော မတူတာတွေရော ထည့်သွင်း
ရေးဆွဲထားရတယ်။
အစိုးရဘက်ကလည်း အလားတူပဲ။
နှစ်ဖက်စလုံး သဘောတူထားတဲ့အချက်တွေက အနည်းငယ်ပဲပါသေးတယ်၊ ပြောရမယ်ဆိုရင်တော့ ဒီစာချုပ် မူကြမ်းအပေါ် ညှိနှိုင်းရရှိထားတဲ့ နှစ်ဖက်သဘောတူနိုင်တဲ့အခြေအနေ အင်မတန်နည်းပါး ပါသေးတယ်”
ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

အစိုးရနှင့် တပ်မတော်တို့၏ သဘောထားမှာမူ တိုင်းရင်းသားတို့၏ တောင်းဆိုနေသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း
ခွင့်ပါဝင်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေး ဆိုသည့် ရပ်တည်ချက်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး အတွက် လက်ရှိ ၂၀၀၈ ၏ တည်ဆဲ ဥပဒေအတိုင်း အကောင်အထည် ဖော်ရေးတို့မှာ တင်းမာနေဆဲသဘောထားများ ဖြစ်ကြောင်း
နိုင်ဟံသာက ထောက်ပြပြောဆိုသွားခဲ့သည်။

“အရေးကြီးတဲ့အချက်တချို့ ကျွှန်တော်ထုတ်ပြောရမယ်ဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဆိုတာကို သူတို့ဘက်က
လက်မခံဘူး၊ အဲလို အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံဘူးဆိုရင် ကျွှန်တော်တို့ဘက်ကလည်း လက်
ခံဖို့ခက်တယ်၊ တော်လှန်ရေး ၊ ပြည်တွင်းစစ် ဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်မခံဘူး။
ကျွှန်တော်တို့ လက်နက်ကိုင်တွေကို အကြမ်းဖက်သောင်းကျန်းသူလို့ပဲ သတ်မှတ်ချင်တဲ့သဘောမျိုး။
 နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရပ်တည်ချက်မူ (၆)ချက်အရ ကျွှန်တော်တို့ လက်နက်စွန့်ရမယ်။
ဒါတွေဟာ အရေးကြီးတဲ့အချက်တွေပဲ”
ဟု နိုင်ဟံသာမှ ပြောသည်။

အထူးသဖြင့် ဦးစီးချုပ်၏ ရပ်တည်ချက် တပ်မတော်မူ (၆)ချက်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးအား
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ အရသာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရန် ဆိုထားကာ တရားမျှတမှု မရှိသော ၂၀၀
၈ဖွဲ့စည်းပုံ အောက်၌ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း နိုင်ဟံသာက ဆိုပါသည်။

Read more http://www.phophtawnews.org/burmese/index.php/news/internal-news/item/1166-2014-04-30-11-35-59.html