မေခနဲ့ မလိခကို တရုတ်အမည် ဒါရင်း-ဂျီယမ်လို့ သုံးနှုန်း
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စီမံခန့်ခွဲမှုများပြုလုပ်နိုင်ရေး ကမ္ဘာ့ဘဏ်မှချေးငွေထုတ်ပေးရန် အသေးစိတ်လေ့လာစမ်း
သပ်မှုများပြုလုပ်ခဲ့ပြီးနောက် ဧရာဝတီမြစ်ကိုနိုင်ငံတကာနှင့်သက်ဆိုင်သောမြစ် (International River) ဟု သုံးနှုန်းခဲ့သည့်
အတွက် ပြည်သူများစိတ်အနှောင့် အယှက်ဖြစ်ပါက တောင်းပန်ကြောင်း မေလ ၁၆ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် ဧ
ရာဝတီမြစ် ဘက်စုံမြစ်ဝှမ်းစီမံခန့်ခွဲမှုစီမံကိန်းအတွက် အထက် မြန်မာပြည်မှ သဘာဝပတ်ဝန်း ကျင်အရေးဆောင်ရွက်နေ
သည့် အဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။
“ကမ္ဘာ့ဘဏ်ကလူတွေဟာ တရုတ်သြဇာမကင်းဘူးထင်ပါတယ်။
မြန်မာမြစ်မေခနှင့် မလိခကို တရုတ်အမည်ဒါရင်း-ဂျီယမ်လို့ သုံးနှုန်းထားတယ်။
ဒီမြစ်ဟာ တရုတ်ကစသလိုလိုဖြစ်သွားတာ ပေါ့ဗျာ။
လုံးဝလက်မခံနိုင်ဘူး။
ကန့်ကွက်တယ်။
ကမ္ဘာ့ဘဏ်က ဘာသဘောနဲ့ အဆိုပြုလွှာကို ဒီလိုရေးရတာလဲ။
ဖျက်ပေးရမယ်။
မဖျက်ပေးရင် သူတို့ကူညီတဲ့ သန်း ၁၀၀ ကိစ္စကို လုံးဝကန့်ကွက်တယ်။
တရုတ်က မြစ်ဆုံကိစ္စ ပြန်စချင်တဲ့သဘောရှိတယ်”
ဟု အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီအဖွဲ့ဝင် ဦးအုန်း က Hot News သို့ ပြောသည်။
ပထ၀ီအနေအထားအရကြည့်ပါက ဧရာဝတီမြစ်ကို မြန်မာနိုင်ငံအနေဖြင့် ၉၉.၇ ရာခိုင်နှုန်းပိုင်ဆိုင်နေပြီး တရုတ်ပြည် ဘက်
မှ မြစ်လက်တက်နှစ်ခုနှင့် အိနိ္ဒယပြည်ဘက်မှမြစ်လက်တက် တစ်ခုတို့မှာ မေခမြစ်အတွင်းသို့ စီးဝင်နေသည့်အတွက် ၀.၃
ရာခိုင်နှုန်းမှာ အခြားနိုင်ငံများဘက် မှ ဖြစ်နေကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး
တက်ရေး ဦးစီးဌာနမှတာဝန်ရှိသူက ပြောကြားခဲ့ကြောင်းလည်း သိရသည်။
“ပြည်သူကိုစိတ်အနှောက် အယှက်ဖြစ်သွားတယ်ဆိုရင် တောင်းပန်ပါတယ်။
စိတ်မကောင်းလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့Safeguard (ကာကွယ်ပေးရေး) ပေါ်လစီအရနိုင်ငံတွေရဲ့သဘာဝ သယံဇာတတွေ၊ သစ်တောတွေကို ကာ
ကွယ်ဖို့ထည့်သွင်းစဉ်းစားဖို့ တာဝန်ရှိတာကြောင့် ဒီထဲက ပညာရပ်စကားလုံးကို သုံးရတာဖြစ်ပါတယ်”
ဟု ကမ္ဘာ့ဘဏ်အဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်မှ ချေးငွေပေးရန် ရေးဆွဲထားသည့် စီမံကိန်းအဆိုပြုလွှာတွင် ဧရာဝတီမြစ်ရေ ဝေရေလဲနှင့် ပတ်သက်၍ဖော်ပြ
မှုကို ပညာရှင်များကြားအငြင်းပွားမှုများရှိနေကြောင်း သိရသည်။
အာကာဗိုလ်
Copy from http://www.hotnewsweekly.com/node/2456