အအေးမိဝေဒနာ ဒါတွေစားပြီး ဒါတွေရှောင်ပါ
တချို့စားစရာတွေကို အအေးမိနေတဲ့အချိန်မှာစားရင် ရောဂါပိုပြင်းထန်လာစေနိုင်လို့ တတ်နိုင်သလောက် ရှောင်သင့်ပါ
တယ်။
အချိုကဲသောမုန့်
အဆီဓာတ်များတဲ့ သစ်သီးတွေရော အချိုမုန့်ရောကိုပါ အအေးမိချိန်မှာ ရှောင်သင့်ပါတယ်။
အချိုဓာတ်ဟာ တံထွေးကို တိုးလာ စေလာနိုင်တဲ့အပြင် ဗိုက်လည်း ပြည့်တင်း လာစေနိုင်ပါတယ်။
အချိုဓာတ် များတဲ့ သစ်သီးတွေကတော့ သရက်သီး၊ စပျစ်သီး၊ လိုင်ချီးသီး၊ ကြံ၊ နာနတ်သီး၊ ဆီးသီး စတာတွေ ဖြစ်ပါတယ်။
ဆား များတဲ့ စားစရာ
ဆား နည်းအောင်စားရင် ဖောက်ဓာတ်(အင်ဇိုင်း) တိုးများလာစေနိုင်ပြီး ခံတွင်းနဲ့လည်ချောင်းနေရာမှာ ချွဲဆဲလ်တွေကို ထိန်း
သိမ်းနိုင်ပါတယ်။
ဒါပေမယ့် အအေးမိတဲ့အခါ ဆား မစားဘဲနေရင်လည်း မရပါဘူး။
ချွေး ထွက်တဲ့အခါ ကိုယ်ခန္ဓာထဲမှ ဆိုဒီယမ်ဓာတ်အချို့ဆုံးရှုံးတတ်လို့ ဆားနဲ့ဆိုဒီယမ်ဓာတ်ကို ပြန်ဖြည့်စွက်ဖို့ လိုအပ်ပါ
တယ်။
အအေးမိချိန်မှာ နေ့စဉ် ဆား ၅ ဂရမ်ထက် မများအောင် စားသင့်ပါတယ်။
စပ်လွန်းတဲ့ စားစရာ
ငရုတ်သီး အပါအဝင် စပ်လွန်းအားကြီးတဲ့စားစရာတွေ စားရင် အစာအိမ်နဲ့အူ လည်ပတ်မှုအခြေအနေကို ပိုမို ရှုပ်ထွေးလာ
စေနိုင်ပြီး ပြင်းထန်လာရင်တော့ အော့အန်တတ်ပါတယ်။
အရမ်းခါးတဲ့ ရေနွေးကြမ်းနဲ့ ကော်ဖီ
အရမ်းခါးတဲ့ ရေနွေးကြမ်းနဲ့ ကော်ဖီ သောက်ရင် တစ်ခါတလေ အစာအိမ်နဲ့ အစာပြွန်ထဲက စားစရာတွေ ပြန်စီးဝင်စေတတ်
ပါတယ်။
အစာမစားတဲ့နည်းနဲ့အအေးမိရောဂါကို ကုသနိုင်တယ် ဆိုတာကိုတော့ မယုံပါနဲ့။ အစားအစာ မစားရင် သွေးအဆီဓာတ်နဲ့
ခုခံစွမ်းအားကို ကျဆင်းစေတဲ့အတွက် ရောဂါ သက်သာစေရေးအတွက် အကျိုးရှိနိုင်မှာ မဟုတ်ဘူး။
copy from http://myanmar.cri.cn/666/2014/05/21/1s31170.htm