မွန်အစိုးရက စစ်အစိုးရမဟုတ်ဘူးဟု
မွန်ဝန်ကြီးချုပ် ဦးအုန်းမြင့် ဆို
မော်လမြိုင်မြို့၌ စစ်တပ်မှသိမ်းယူထားသောမြေများအနက် တစ်စိတ်တစ်ဒေသကို မူလပိုင်ရှင်ထံသို့ပြန်
လည်ပေးအပ်ရာတွင် တောင်သူတချို့မှာ စိုက်ပျိုးလုပ်ကိုင်ခွင့်သက်သေအထာက်အထား မပြသနိုင်သော
ကြောင့် လယ်မြေပြန်မရရှိသူများရှိနေဆဲဖြစ်သည်ဟု သိရသည်။ စစ်တပ်မှ လယ်မြေထုတ်ပေးခြင်းကို မေ
လ(၂၃)ရက် နေ့လယ် (၁)နာရီက မွန်ပြည်နယ်အစိုးရရုံးရှိ အောင်ဆန်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်
နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် လွှတ်တော်ဥက္ကဋ္ဌအပါအ၀င်ခရိုင် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ၀င်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် လယ်စိုက်တောင်သူများ တက်ရောက်ခဲ့သည်။
တောင်သူများအနေဖြင့် စိုက်ပျိုးလုပ်ကိုင်နေကြောင်း သက်သေခံအထောက်အထားဖြင့် လျှောက် ထားမှုမ
ရှိခြင်းကြောင့် ယာယီလုပ်ကိုင်ခွင့်လက်မှတ် မထုတ်ပေးနိုင်ရခြင်းဖြစ်ကြောင်း၊ စစ်တပ် မြေပြန်လည်ပေး
အပ်ရာတွင် မော်လမြိုင်မြို့ ကော့နက်နှင့် ကော့လှာရွာရှိ တပ်ရင်း (၉)ခုမှ ပြန်အပ်မြေ (၄၂၅.၆၄) ဧကရှိ
သော်လည်း လယ်မြေလုပ်ကိုင်နေသည့် သက်သေအထောက်အထားတင်ပြနိုင်သည့် ပိုင်ရှင် (၁၃) ဦးထံ
သို့ မြေဧက (၁၁၀.၉၅) ဧကအတွက် ယာယီလုပ်ကိုင်ခွင့် (ပုံစံ-၃) ကို ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။
“မွန်ပြည်နယ်အစိုးရက ပြည်သူလူထုကတင်မြှောက်ထားတဲ့ အစိုးရဖြစ်ပါတယ်။
စစ်အစိုးရမဟုတ်ပါဘူး။
ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီနယ်သားတွေဖြစ်ပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်လည်း လူထုအကျိုးပြုလုပ်ငန်းတွေကို လူထုဗဟိုပြုအုပ်ချုပ်ရေးစနစ်နဲ့အညီ အုပ်ချုပ်
နေပါတယ်”
ဟုဝန်ကြီးချုပ် ဦးအုန်းမြင့်ကပြောသည်။
“အခုလို လယ်ပြန်ရတာကျွန်မ အရမ်းဝမ်းသာပါတယ်။
အရင်က လယ်မရတော့ ဥယျာဉ်ခြံစိုက်ပျိုးပြီးတော့ပဲ လုပ်ကိုင်စားသောက်နေရတယ်။
ကျွန်မတို့အခုလယ်ပြန်ရတာ နောက်ကျနေပြီ ဒါပေမယ့် အတတ်နိုင်ဆုံးကြိုးစားပြီးလုပ်ကိုင်သွားမယ်”
ဟုကော့လှာကျေးရွာမှ တောင်သူ ဒေါ်ခင်သန်းကပြောသည်။
မွန်ပြည်နယ်အတွင်း၌ စစ်တပ်မှသိမ်းယူထားသည့် မြေများမှ (၃၅၇၉.၆၄) ဧကကိုပြန်လည်ပေးအပ်မည်ဖြစ်
ပြီး မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ် (၅)ခုမှ လယ်ဧက (၂၃၈၀.၈၅)ဧကကို မေလအကုန်တွင်နောက်ဆုံး
ထား၍ ယာယီလုပ်ကိုင်ခွင့် (ပုံစံ-၃)ထုတ်ပေးမည်ဖြစ်ရာ ဒီဇင်ဘာလတွင် အမည်ပေါက်ရရှိရေးအတွက်
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ခရိုင်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူကဆိုသည်။
ချိုမာအောင်-မော်လမြိုင်(မြစ်မခ)
Copy from http://www.hotnewsweekly.com/node/2487