• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, June 20, 2014

ဗမာစစ်အစိုးရ ဘယ်တော့မှ နောက်ပြန်မလှည့်ပါ

Photo from
https://www.facebook.com/445484228902686/photos/a.567693096681798.1073741834.445484228902686/579647845486323/?type=1&theater 


ဗမာစစ်အစိုးရ ဘယ်တော့မှ နောက်ပြန်မလှည့်ပါ

June 20, 2014
Friday

By မင်းစိုးစံ

ဘာသာရေးနဲ့ပတ်သက်လို့ နားမလည်တာရယ်။
သံဃာတော်တွေရဲ့ ၀ိနည်းတွေကို နားမလည်တာရယ်ကြောင့် ဘာတခုမျှ မရေးလို မပြောလိုပါဘူး။
ဦးအံ့မောင်ကတော့ ၀ိနည်းကောင်းကောင်းနားလည်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ကြိုက်တဲ့နေရာ သွားတိုင်လို့ရတယ်လို့ ပြော
နိုင်တာပေါ့လေ။
ရိုးရိုးသူရဲမှ မဟုတ်ပဲ၊ ဘုန်းကြီးသူရဲဆိုတော့ ချွတ်ရအခက်သား။

မဟာ ဆိုတာက ကြီးမြတ်သော (မြင့်မြတ်သော) သန္တိ ဆိုတာက နိဗ္ဗာန်။ သုခ ဆိုတာက ချမ်းသာခြင်း။
အခုတော့ သောက်တလွဲဗမာစစ်အစိုးရကြောင့် ပြည်ထောင်စု ဗမာနိုင်ငံတော်တခုလုံး မြင့်မြတ်အေးငြိမ်းတဲ့ ချမ်းသာ
ခြင်းတွေ ဆိတ်သုဉ်းတော့မယ့်အခြေအနေကိုများ ရောက်သွားလေတော့မလား ဆိုပြီး စိုးရိမ်မိတာအမှန်ပါ။

ဘာကြောင့်စိုးရိမ်ရသလဲဆိုတော့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ပြောပြောနေတဲ့ စကားတစ်ခွန်းဖြစ်တဲ့ ကျွန်တော်တို့
ဘယ်တော့မျှ နောက်ပြန်မလှည့်ပါဘူး ဆိုတဲ့စကားကြောင့်ပါ။
သူတို့ဆိုလိုတဲ့ ဘယ်တော့မျှ နောက်ပြန်မလှည့်ဘူးဆိုတာက ဗမာပြည်တပြည်လုံးက အခြေခံပြည်သူလူထုတွေကို မတရား ဖိနှိပ်အုပ်ချုပ်ဘို့ ဆိုတာကို ဆိုလိုခြင်းသာဖြစ်ပါတယ်။

ပြောတော့ ငြိမ်းချမ်းရေး။
ကချင်ကိုတိုက်တယ်။ ရှမ်းကိုတိုက်တယ်။ တအာင်း ကိုတိုက်တယ်။
မကြာသေးဘူး တနင်္သာရီ (တပ်မဟာ ၄)ဘက်မှာ ကရင်ကို သွေးအေးအေးနဲ့ သတ်ပြတယ်။
ကရင့် အဆင့်မြင့်အရာရှိတယောက်ပြောတာကတော့ စုံစမ်းမယ်လို့ ဆိုပါသတဲ့။
သူတို့ဘက်က(ဗမာစစ်အုပ်စု) လက်မှတ်ထိုးဘို့ အသင့်ပဲတဲ့။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုဘက်က အသင့်မဖြစ်သေးဘူး။
ဘယ်ကြောင့်မဖြစ်ရသေးလဲ ဆိုတာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတလျှောက် အခင်းအကျင်းမှန်သမျှကို စောင့်ကြည့်နေတဲ့
ပုဂ္ဂိုလ်တွေ အသိဆုံးပါ။

သောက်တလွဲ အစိုးရလို့ပြောရတာက
တရုတ်ကို ကြောက်နေရပါတယ် လို့ ပြောလိုပြော။
ဗမာပြည်က ပြည်သူတွေ တရက်ကို ကျပ်ငွေ ၂၀၀၀(နှစ်ထောင်ကျပ်)နဲ့ ရပ်တည်လို့ရတယ်လို့ ပြောတဲ့လူက
ပြော။
တနေ့ ထမင်းတနပ်စားပြီး အကြွေးဆပ် လို့ အကြွေးတောင်းတဲ့လူက တောင်း။
ငြိမ်းချမ်းရေးကိစ္စမှာ ရွှေလက်နဲ့ ခေါ်လို့မလာလျင် ကျည်ဆံကျွေးပစ် လို့ ဆိုတဲ့လူက ဆို။
နယ်လှည့်ပြီး ပါးရိုက်လာတာ ဆိုတဲ့ လူလည်းရှိ။
အခုတခါ ကြိုက်တဲ့နေရာ တရားသွားစွဲ ဆိုတဲ့လူကလည်း ဆိုနေပါပြီ။
ဒီလောက်ဆို ဗမာစစ်အစိုးရ ပြောပြောနေတဲ့ ဘယ်တော့မျှ နောက်ပြန်မလှည့်ဘူး ဆိုတဲ့စကားကို သဘောပေါက် နားလည်လောက်ပြီလို့ ထင်ပါတယ်။ 

ဦးဆန်းဆင့် နေတဲ့မြို့က ဥတ္တရသီရိ။
လူဝတ်အလဲ ခံလိုက်ရတဲ့ ဆရာတော်ရဲ့ ဘွဲ့က ဥူးဥတ္တရ။
ဒီတော့ ဘုရားရှင်လက်ထက်က အာဇာနည်အမျိုးသမီး ၁၀ဦးထဲက ဥတ္တရာ ဆိုတဲ့ အမျိုးသမီးကြီးတဦးအကြောင်း
သွားပြီး သတိရမိတယ်။
ဥတ္တရ နဲ့ ဥတ္တရာ မတူပေမယ့် စာလုံးပေါင်းအသံထွက်က သိပ်မကွာလို့ ဆက်စပ်ပြီးတွေးလိုက်မိတာပါ။
ဒီနေရာမှာ ဥတ္တရာ ဆိုတဲ့အမျိုးသမီး နှစ်ဦးရှိပါတယ်။
အကြားအမြင်ဗဟုသုတအရာမှာ ဘွဲ့တံဆိပ်ရတဲ့ ဥတ္တရာနဲ့  ဈာန်ဝင်စားရာမှာ ဘွဲ့တံဆိပ်ရတဲ့ ဥတ္တရာ တို့ဖြစ်ပါတယ်။

ဈာန်ဝင်စားရာမှာ ဘွဲ့တံဆိပ်ရတဲ့ ဥတ္တရာဟာ ဘုရားရှင်နဲ့တကွ သံဃာတော်အရှင်သူမြတ်တွေကို အလှူအတန်းပေး
နိုင်ဘို့ သူ့ခင်ပွန်းအတွက် ပြည့်တန်ဆာမ တဦးကို ကိုယ်တိုင်ငှားပေးတယ်တဲ့ဗျား။
လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး အလှူအတန်းလုပ်နိုင်ဘို့ လို့ ဆိုပါတယ်။
ပြီးတော့ ပြည့်တန်ဆာမကိုလည်း သူ့ခင်ပွန်းကို ကိုယ့်လင်လိုသဘောထားပြီးပြုစုဘို့(၀န်ဆောင်မှုပေးဘို့) မှာသတဲ့။
နောက်တော့ ပြည့်တန်ဆာမက သူများလင်ကို အပိုင်လိုချင်တာနဲ့ သူများမယားကို ဆီပူနဲ့ လောင်းသတ်ပါရော။

ဗမာစကားပုံမှာ သူ့မယားလိုချင်လျင် သူ့လင်ကို လှံနဲ့ထိုးရဲရတယ် ဆိုတာပဲရှိပြီး သူ့လင်လိုချင်လျင် သူ့မယားကို ဆီပူ
နဲ့ လောင်းသတ်ရဲရတယ် ဆိုတဲ့စကားပုံတော့ မကြားမိပေါင်။
သို့ပါသော်လည်း သဘောတရာချင်းက အတူတူပဲမဟုတ်ပါလားဗျာ။

အခုလည်း မဟာ သန္တိသုခ ကျောင်းတော်ကြီးကို မောင်ပိုင်စီးချင်တာနဲ့ သောက်တလွဲအစိုးရထဲက လောဘသားတွေ
မလုပ်သင့်မလုပ်ထိုက်တာ လျှောက်လုပ်ကုန်ပြီလို့သာ ပြောချင်တာပါပဲ။
စစ်အုပ်စုတွေ ကံဆိုတာ အမြဲတမ်းမကောင်းနိုင်ဘူး ဆိုတဲ့စကားကို သတိမရနိုင်လောက်အောင် လောဘဇော တိုက်နေရှာပါပေါ့လား။
ပြည့်တန်ဆာမရဲ့ နာမည်က ဘာတဲ့၊ ဦးဆန်းဆင့်နေတဲ့မြို့နဲ့ နာမည်ခပ်ဆင်ဆင်လေး။
သီရိမာ တဲ့။


မဟာသန္တိသုခ ဟူသည့် ပါဠိအဓိပ္ပါယ်အား မြန်မာပြန်ဆိုပေးသည့် Minnesota  ဓမ္မသုခကျောင်းတွင် သီတင်းသုံးနေ
တော်မူသည့် ဆရာတော် အရှင် ဥတ္တမ လင်္ကာရ အား အထူး ကျေးဇူးတင်ရှိပါသည်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)