• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, June 19, 2014

မြန်မာ ကာယအလှမယ်


အေးချမ်းမိုး
Source photo from http://www.google.com/images

မြန်မာ ကာယအလှမယ်

June 19, 2014 Thursday

By မင်းစိုးစံ

ကာယအလှ ဆိုတော့ မိမိမှာရှိနေတဲ့ ကိုယ်ခန္ဓာအစိပ်အပိုင်းတွေရဲ့ အချိုးအဆစ်ပြေပြစ်မှုကို ခေါ်တယ်ဆိုတာ အား
လုံးအသိပါ။
ယောက်ျားဆိုလည်း ယောက်ျား။ မိန်းမ ဆိုလည်း မိန်းမ။ သူ့အလှနဲ့သူ သူ့ဘ၀နဲ့သူ။
ယောက်ျားဆိုတာ မိန်းမချောချောလျင် မြင်ရတာ သိပ်အဆင်မပြေဘူး။
ကနွဲ့ကလျနဲ့ဆို ပိုတောင်ဆိုးသေး။
မိန်းကလေးကျတော့ မိန်းမချောလေးဆိုပေမယ့် သိပ်နွဲ့လွန်းလျင် မကောင်းပြန်ဘူး။
ဒါကတော့ ကျုပ်ရဲ့ ရှုထောင့်ပါ။

နောက်တခုက ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အဆီထူပြီး ဆူဖြိုးနေတာကြီးက ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်သလို ပိန်လိန်ချောက်ကပ်နေတာမျိုးကလည်း ကျန်းမာရေးအတွက် ရင်မောစရာပါ။
ဟေ့ ပိန်ပိန် ၀၀ အဓိက ကျန်းမာဘို့ပဲ။ လို့ ဘယ်လိုပဲပြောကြပေမယ့် အဆီနည်း အသားကျစ်ပြီး ကျန်းမာနေတာက
အသက်ပိုရှည်မယ်လို့ ထင်ပါတယ်။
ဝတဲ့လူဟာ ပိန်တဲ့လူထက်အသက် ပိုတိုတယ် ဆိုတာ ကြားဘူးကြမှာပါ။

လွန်ခဲ့တဲ့ တနင်္လာနေ့တုန်းက BBC က ကိုမိုးမြင့်တင်ဆက်တဲ့ မိုဘီဂျီနို လူငယ်အစီအစဉ်က မမေသွယ်မောင်နဲ့ မေး
မြန်းခန်းတခုကြောင့် မြန်မာ ကာယအလှမယ် ဆိုတာ မေသွယ်မောင်လို အလှမျိုးကမှ တကယ့် ကျန်းမာရေးနဲ့ပြည့်စုံ
တဲ့ လူသားတယောက်လို့ ဆိုလိုက်လျင် ဗိုက်ပူပူ ရွှဲရွှဲ၊ ပါးဆုံ့ဖေါင်းဖေါင်း လည်ဂုတ်တိုတိုနဲ့ ဂုဏ်သရေရှိလူကြီးမင်း နဲ့
ဂုဏ်သရေရှိ အမျိုးသမီးကြီးတွေကို ဘယ်လိုပြောလျင်ကောင်းမလဲ။

ငယ်ငယ်ရွယ်ရွယ် ဆိုတော့ တမျိုးပေါ့၊ အခုက အသက်ကြီးလာပြီလေ ဘယ်လိုလုပ်ပြီး ငယ်ငယ်တုန်းကလို ကြည့်
ပျော်ရှုပျော်ရုပ်မျိုး ဘယ်ရှိနိုင်ပါတော့မလဲဟဲ့ သေနာကြီးရဲ့လို့ ပြောကြမလား။
အသက်အရွယ်ကို ထည့်မတွက်လို့ မရတာတော့ မှန်ပါတယ်။ သို့သော် ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ တေးသံရှင် ရုပ်ရှင်
မင်းသား ၀င်းဦးပြောသွားတဲ့ စကားတခွန်းရှိပါတယ်။ ဇရာဆိုတာ လွန်ဆန်လို့မရဘူးဆိုပေမယ့် ထိန်းထားလို့ရတယ်
ဆိုသလို ကျုပ်တို့အားလုံး လိုတာထက် ၀သင့်တာထက်(၀ဘာဝက ဖန်တည်းထားတဲ့) မ၀အောင်တော့ ဂရုစိုက်ပြီး
နေထိုင် ကျင့်ကြံနိုင်ကြပါတယ်။

ခင်ဗျားကရော တကယ်ကျန်းမာရေးနဲ့ပြည့်စုံတဲ့လူလား လို့ ကျုပ်ကိုမေးလျင် ကျုပ်က မိတ်ဆွေတို့ထက် ပိုဆိုးတဲ့လူပါ။
လမ်းပေါ်လျှောက်သွားလျင် လေတင်းနေတဲ့ ပူဖေါင်းကြီးတလုံး လိမ့်နေသလိုပါပဲ။

မြန်မာပြည်က ကာယအလှမယ် အေးချမ်းမိုးရဲ့ အလှနဲ့ အမေရိကန်က( မြန်မာပြည်ဖွါး) ကာယအလှမယ် ဖြစ်တဲ့ မ
မေသွယ်မောင် ရဲ့အလှကို ယှဉ်ကြည့်ကြပါစို့။

အေးချမ်းမိုး
Source photo from http://www.google.com/images 

အေးချမ်းမိုး
Source photo from http://www.google.com/images 

မေသွယ်မောင်
Source photo from http://www.google.com/images

မေသွယ်မောင်
Source photo from http://www.google.com/images

မေသွယ်မောင်
Source photo from http://www.google.com/images

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)