ဇွန်လ ၂၄ရက်က လွတ်လာတဲ့
ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဘတ်ဘို့
ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဘတ်ဘို့
June 26, 2014
Thursday
By မင်းစိုးစံ
လေးစားပါတယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်။
တကယ်လေးစားလို့ လေးစားတဲ့အကြောင်း ရင်ထဲကအတိုင်းပြောတာဖြစ်ပါတယ်။
ကျွက်ကျွက်ဆူနေတဲ့ ရေကို အေးအောင်စောင့်တဲ့အခါ အပူဆိုတဲ့ ကာလတခုကို ဖြတ်သန်းရမှာပါ လို့ ဆိုခဲ့
တဲ့ ဗိုလ်ကြီးဟောင်းရဲ့ စကားကို ကျုပ် ရင်ထဲစွဲနေတဲ့အထိ လေးစားမိပါတယ်။
ဒါကြောင့် ကရင်အထမ်းသမားတယောက်အကြောင်း ပြောပြချင်ပါတယ်။
ဗမာစစ်တပ်က ကရင့်တော်လှန်ရေးသမားတွေကို ထိုးစစ်ဆင်ခဲ့တဲ့တချိန်တုန်းက ကရင်အထမ်းသမားတွေ
ကို စစ်လက်နက်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ မနိုင်ဝန်ကိုထမ်းခိုင်းပြီး ပစ်သတ်တဲ့အချိန်တုန်းကအကြောင်း
လေးပါ။ အဲဒါလေးကို ဘတ်ပြီးတော့ ဒီကနေ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ကျင့်သုံးနေတဲ့စနစ်အပေါ် ချိန်
ထိုးကြည့်ကြပါစို့။
တောတွေ တောင်တွေ ချောင်းတွေ မြောင်းတွေ ကွင်းပြင်တွေကို ဖြတ်ကျော်ရတဲ့ရက်တွေများလာတဲ့အပြင်
နဂိုလ်ကတည်းကမှ မနိုင်ဝန်ကိုထမ်းထားရပြီး မ၀ရေဆာစားနေရတဲ့ စစ်ဆင်ရေးတခုမှာ အထမ်းသမား က
ရင်က အား ပါးပါး လေးလိုက်တာ လို့ သူ့ ကိုယ်သူပြောသလိုလို ညည်းလိုက်သတဲ့။
ဘေးက ဗမာစစ်သားက ကြားတော့ သူထမ်းထားတဲ့ ကျောပိုးအိတ်ကို ကရင်အထမ်းသမားရဲ့ အထမ်းပေါ်
ပစ်တင်လိုက်ပါရောတဲ့။
ဒီလိုထမ်းရင်းနဲ့ နာရီအတော်ကြာတော့ နေကလည်းပူ တောင်အတက်လည်း ဖြစ်နေချိန်မှာ ဗမာစစ်သားက ဘယ်လိုလဲ မောင်ကျော် သိပ်လေးနေလား လို့မေးတော့ ကရင်အထမ်းသမားက လေးတာပေါ့ ဗိုလ်ကြီးရာ လို့ပြန်ပြောသတဲ့။
အဲဒီလိုလည်းပြောရော ခါးမှာပတ်ထားတဲ့ ကျည်ကဒ်ထည့်ထားတဲ့ ခါးပတ်ကိုထပ်ပစ်တင်လိုက်သတဲ့။
အထမ်းသမားခမျာ တောင်အတက်မှာ ပိုလေးတဲ့အထမ်းကိုထမ်းနေယုံကလွဲလို့ ဘာများတတ်နိုင်မှာလဲ။
တောင်ကမ်းပါးယံ တနေရာကိုရောက်လို့ ခဏနားချိန်မှာ ဘယ်လိုလဲ မောင်ကျော် လေးသေးလား လို့ ထပ်
မေးပြန်သတဲ့။ အဲဒီတော့ ကရင်အထမ်းသမားက မလေးပါဘူး ဗိုလ်ကြီး လို့ ပျာပျာသလဲ အဖြေပေးလိုက်ပါ
ရော။ လေးတာပေါ့လို့ပြောလျင် နောက်ထပ်အထုပ်အပိုးတွေ တိုးလာမှာကို စိုးရိမ်ရှာတာကိုး။
ဒီတော့ ဗမာစစ်သားက သူ့သူငယ်ချင်းတွေဘက်လှည့်ပြီး ဟေ့ကောင်တွေ ဒီမောင်ကျော်က သူ့အထမ်းကို
မလေးဘူးလို့ပြောနေတယ် လို့ပြောလိုက်တော့ နောက်ထပ်ကျောပိုးအိတ်ငါးလုံးလာက် အထမ်းပေါ်ကိုထပ်
ရောက်လာပါသတဲ့။
တောင်အဆင်းမှာ ဘယ်လိုလဲမောင်ကျော် သိပ်လေးနေသေးလား လို့ မေးတဲ့အခါမှာ အထမ်းသမားက ဘာမျှမပြောတော့ပဲ ငြိမ်ငြိမ်လေးနေပြီး မနိုင်ဝန်ကို ဒယီးဒယိုင်နဲ့ထမ်းရင်း ဗမာစစ်ကြောင်းချီတက်ရာကို
လိုက်ခဲ့ပါသတဲ့။
တောင်တွေကိုကျော်ပြီး ကွင်းပြင်ကိုဖြတ်မယ့်အချိန်မှာ စောစောက ဗမာစစ်သားက သူ့ကျည်ကဒ်အိတ်နဲ့
ရေဗူးထည့်ထားတဲ့ ခါးပတ်ကိုပြန်ယူလိုက်တဲ့အခါမှာတော့ ကရင်အထမ်းသမားက ဘာပြောလဲဆိုတော့။
တော်တော်ပေါ့သွားတယ် ဗိုလ်ကြီးရယ်၊ ကျေးဇူးတင်လိုက်တာ တဲ့။
ဒီကနေ့ ကျုပ်တို့ပြည်သူထုတရပ်လုံးကို ဗမာစစ်အစိုးရ(မြန်မာအစိုးရ)က အဲဒီလိုနည်းစနစ်နဲ့ အုပ်ချုပ်နေခဲ့
လိုက်တာဟာ ဒီကနေ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ခေတ်အထိ ၀န်ထုပ်ဝန်ပိုးတွေ ဖိနှိပ်မှုတွေ ဆင့်ကဲဆင့်
ကဲနဲ့ တနင့်တပိုးဖြစ်နေတာ အားလုံးကိုယ်တွေ့တွေပါ။ ကဲ ဗိုလ်ကြီးပြောသွားတဲ့ စကားထဲမှာ
“ကျွန်တော်တို့ကတော့ ပြစ်ဒဏ်ကျတဲ့အကျဉ်းသားတွေကို ချုပ်နှောင်ထားတဲ့ဌာနတစ်ခုထက်စာရင် နိုင်ငံ
တစ်ခုအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ သက်မွေးဝမ်းကျောင်းတစ်ခုကို ပြုပြင်ပြောင်းလဲနိုင်တဲ့ဌာနတစ်
ခုအဖြစ် မြင်ချင်တယ်။
အခု အဲဒီအထိတော့ မရောက်သေးဘူးလို့ သိရပါတယ်”
“ကျွန်တော်တို့တိုင်းပြည်မှာ ကြည်ကြည်နူးနူး စိတ်ချလက်ချ အိပ်နိုင်မယ့်အနေအထား မတွေ့ရသေးဘူး။ မဟာသန်္တိသုခအပါအ၀င် အစိုးရရဲ့ထုတ်ပြန်ချက်တွေ၊ တာဝန်ရှိသူတွေ ပြောတဲ့အခါမှာ မျက်နှာထိမျက်နှာ
ထားတွေ တွေ့နေရတယ်။
ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်အတွက် ရတက်မအေးဖြစ်ရတယ်”
အပေါ်က စကားလုံးတွေဟာ ဗိုလ်ကြီးဟောင်းတယောက်ရဲ့ အဖိနှိပ်ခံ အခြေခံပြည်သူလူထုနဲ့ တိုင်းပြည်အ
ပေါ်ထားတဲ့ စိတ်ရင်းစေတနာအမှန်တွေဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ အဲဒီစိတ်စေတနာတွေကြောင့် ဒီ
ကနေ့ ခေါက်ရိုးကျိုးနေတဲ့ စစ်ဘက်အာဏာရှင်တွေကို မိမိကိုယ်ကျိုးကိုစွန့်ပြီး ပြည်သူတွေဘက်က မားမား
မတ်မတ်ရပ်တည်ရင်း ပြုပြင်ပြောင်းလွဲမှုတွေဖြစ်အောင် သတ္တိရှိရှိတိုက်ပွဲဝင်နေတာလို့ မြင်ပါတယ်။
ဒီလိုတိုက်ပွဲဝင်တယ်ဆိုတာ ရှေ့တန်းမှာတဘက်နဲ့တဘက် အသက်လုတိုက်ပွဲတွေလို အန္တရာယ်ကြီးမားတဲ့
ရင်ဆိုင်တိုက်ပွဲတွေထက်မပိုဘူး ဆိုလျင်တောင် လျော့မယ်မထင်ပါဘူး။ ဗိုလ်ကြီးဟောင်း ပြောသလို တိုင်း
ပြည်မှာ ကြည်ကြည်နူးနူး စိတ်ချလက်ချအိပ်နိုင်ဘို့ ဆိုတာကို မြို့နေလူထုတွေအနေနဲ့ သဘောပေါက်ပြီးနား
လည်ခံစားတတ်ကြပေမယ့် နယ်စွန်နယ်ဖျားကတိုင်းရင်းသားတွေအနေနဲ့ကတော့ အဲဒီစကားလုံးရဲ့အဓိပ္ပါယ်
ကို နားလည်ဘို့မတတ်နိုင်တော့တဲ့အပြင် မခံစားတတ်တော့တဲ့အထိ ဖြစ်နေခဲ့တာကြာလှပါပြီ။
ဒါကြောင့်မို့လို့လည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အခြေခံပြည်သူလူထုတယောက်အနေနဲ့ လေးစားမိတာ
ပါ။ နောက်တနည်းပြောရလျင် ကျွက်ကျွက်ဆူနေတဲ့ ရေကို အေးအောင်စောင့်နေတဲ့ပြည်သူတယောက်အ
နေနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြည်သူ့ဘက်တော်သား သူရဲကောင်းတယောက်အဖြစ် ဂုဏ်ယူချင်တာ
လည်း ဖြစ်ပါတယ်။
“အရင်ခေတ်ထက်စာရင် ပိုကောင်းလာတာတော့ ရှိပါတယ်။
ကျွန်တော်တို့က နိုင်ငံရေးမှုနဲ့ ရောက်သွားတာဆိုတော့ သီးသန့်တိုက်ထဲမှာ နေရတာဆိုတော့ သာမန်အ
ကျဉ်းသားတွေရဲ့ဘ၀ကို မသိခဲ့ရဘူး”
အဲဒီစကားလုံးတွေကို ကြည့်ခြင်းအားဖြင့် ကရင်အထမ်းသမားက ဗမာစစ်သားကို ကျေးဇူးတင်နေတဲ့ အနေ
အထားမျိုးထက်မပိုပါလားဆိုတဲ့ အမြင်မျိုးလို့မြင်ပါတယ်။
တကယ်တော့ ဗမာစစ်အစိုးရ(မြန်မာစစ်အစိုးရ)အနေနဲ့ ရာဇ၀တ်သားနဲ့ နိုင်ငံရေးသမားကို အတူမထားတာ
က စောစောပိုင်းက ရေးခဲ့တဲ့ ကွင်းပြင်တခုကိုဖြတ်ရတော့မယ့်အချိန်မှာ လိုအပ်လို့ ကရင်အထမ်းသမားရဲ့အ
ထမ်းပေါ်ကနေ ကျည်ကဒ်ထည့်ထားတဲ့ ခါးပတ်ကို ပြန်ယူလိုက်တာပါ။
စေတနာရှိလို့ ကိုယ်ချင်းစာလို့ လူ့အခွင့်အရေးကိုလေးစားလို့ မဟုတ်ပါဘူး။
ဘယ်သူမဆို ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် မိမိကျင်လည်ခဲ့ရတဲ့ဘ၀ကို အမှတ်ရတာ သံယောဇဉ်ရှိ
ကြတာဟာ သဘာဝကျပါတယ်။
မိမိကျင်လည်ခဲ့ရတဲ့ နေရာဒေသက လူတွေကို တိုးတက်ကောင်းစားစေချင်တယ်၊ အမြင်တွေအတွေးတွေ
လုပ်ရပ်တွေ မှန်ကန်စေချင်တာလည်း မဆန်းပါဘူး။ ဒါဟာ လူကိုလူလိုမြင်တတ်တဲ့ လူသားဆန်တဲ့အတွေး
အခေါ်ဖြစ်ပါတယ်။
“ကျွန်တော်က တပ်မတော်သားဟောင်းဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ငြိမ်းချမ်းတဲ့နည်းနဲ့ တပ်မတော်က
တာဝန်ထမ်းဆောင်တဲ့ ခေါင်းဆောင်များနဲ့ထိဆက်ပြီးတော့ တိုင်းပြည်အတွက် အတတ်နိုင်ဆုံး၊ အညင်သာ
ဆုံး ငြိမ်းချမ်းစွာကူးပြောင်းနိုင်ဖို့အတွက် ရှာဖွေပေးချင်ပါတယ်။
အရင်အတိုက်အခံလုပ်နေတဲ့ဘ၀ကနေပြီး လွှတ်တော်နိုင်ငံရေးနဲ့ အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေမှာ ပူးပေါင်း
ပြီး ဖြည့်စွက်ပေးတဲ့ နိုင်ငံရေးဆက်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ပြီးထွက်လာခဲ့တာပါ”
ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ကျုပ်အနေနဲ့ အတိုက်အခံသမားတယောက်လို့ မမြင်ပါဘူး။
ကျုပ်မြင်တာကတော့ ကျွက်ကျွက်ဆူနေတဲ့ရေကို အေးအောင်စောင့်ရင်း ရေဆူအောင်လောင်စာဖြည့်နေတဲ့
လူတွေကို လိုက်ပြီးပညာပေးနေတာလို့မြင်ပါတယ်။
အင်မတန်ကို ထိရောက်တဲ့လုပ်ဆောင်ချက်တွေပါ။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်လို ပုဂ္ဂိုလ်တွေရဲ့ စွမ်းဆောင်မှု
တွေကြောင့် မတရားအသိမ်းခံထားရတဲ့ လယ်မြေအမြောက်အများထဲက အချို့ပြန်ရလာတယ်၊ ယာယီလုပ်
စားခွင့်တွေရှိလာတယ်။
နောက်တခုက ဗိုလ်ကြီးဟောင်းနေမျိုးဇင်လို ပုဂ္ဂိုလ်တွေကြောင့် ဗမာစစ်အစိုးရ(မြန်မာအစိုးရ)အနေနဲ့ လုပ်
ချင်သလို လုပ်လို့ရတဲ့အနေအထားကို လျှော့လျှော့ပေါ့ပေါ့လုပ်ရတာမျိုးတွေ ဖြစ်လာပါတယ်။
ဒီလိုလုပ်လာတာဟာ လူထုကို သနားလို့ ကိုယ်ချင်းစာလို့ တိုင်းပြည်သာယာဝပြောစေချင်လို့ မဟုတ်ပါဘူး။
ကရင်အထမ်းသမားရဲ့အထမ်းပေါ်က ကျည်ကဒ်ထည့်ထားတဲ့ ခါးပတ်ကို လိုအပ်လို့ပြန်ယူလိုက်တဲ့ အနေအ
ထားမှာပဲရှိနေပါသေးတယ်။
တကယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်အနေနဲ့ အရင်အတိုက်အခံလုပ်နေတဲ့ဘ၀ကနေပြီး လွှတ်တော်နိုင်ငံ
ရေးနဲ့ အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေမှာ ပူးပေါင်းပြီး ဖြည့်စွက်ပေးတဲ့ နိုင်ငံရေးဆက်လုပ်မယ် ဆိုလျင်တော့
ဖြင့် ကျွက်ကျွက်ဆူနေတဲ့ရေကို အေးအောင်စောင့်နေတဲ့ ကျုပ်တို့လို ပြည်သူတွေအတွက် ရေကိုအမြဲတမ်း
ဆူပွက်နေအောင် မီးပြင်းတိုက်နေတဲ့လူတွေကို ပညာပေးဆုံးမနေတဲ့ပြည်သူ့သားကောင်းတယောက် လက်
လွှတ်ဆုံးရှုံးလိုက်ရပြီလို့ ထင်မြင်ယူဆမိကြောင်းပါ ခင်ဗျား။
ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၏ ပြောစကားများကို http://www.hotnewsweekly.com/node/2761 မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)