• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, June 28, 2014

နှစ်ထပ်ကွမ်းဒုက္ခသည်တဦး၏ မှတ်တမ်း

Source photo from http://www.google.com/images

နှစ်ထပ်ကွမ်းဒုက္ခသည်တဦး၏ မှတ်တမ်း

June 27, 2014
Friday

By မင်းစိုးစံ

ဘာရယ်လို့တော့မဟုတ်ပါဘူး။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို ဗမာပြည်ပြန်ပို့ဘို့ အသံတွေထွက်
နေလို့ ဟိုးတချိန်တုန်းက အကြောင်းအရာအများကြီးတွေထဲက တခုလောက်ချရေးချင်စိတ်ပေါ်လာလို့ပါ။
ကျုပ်တို့ ခေတ်တုန်းက စစ်ပြေးဒုက္ခသည် နိုင်ငံရေးဒုက္ခသည် ဆိုပြီးကန့်သတ်ထားတာရှိသဗျ။ ဘယ်သူတွေ
က ဘယ်လိုသတ်မှတ်ပြီး ကန့်သတ်သလဲဆိုတာတော့ ကျုပ်လည်းမသိပါဘူး။

စစ်ပြေးဒုက္ခသည် ဆိုတာက ဗမာစစ်တပ်နဲ့ ကရင်စစ်တပ် တိုက်ပွဲဖြစ်တယ်။ နေစရာ စားစရာ ပြေးစရာမရှိ
တော့လို့ ထိုင်းနိုင်ငံထဲ ၀င်နေတဲ့ လူတွေကိုခေါ်တာဖြစ်ပြီး၊ နိုင်ငံရေးဒုက္ခသည်ဆိုတာက ၈ရက် ၈လ ၁၉၈၈
ခုနှစ်အရေးအခင်းမှာ နယ်စပ်ကိုထွက်လာကြတဲ့ လူတွေကို ဆိုလိုတာလို့ အကြမ်းဖျဉ်းသိရပါတယ်။

ကျုပ်က ဗမာစစ်သားတွေနဲ့ ကရင်စစ်သားတွေတိုက်ပွဲဖြစ်တော့ နေစရာ စားစရာ ပုန်းစရာမရှိတော့လို့ ထိုင်း
နိုင်ငံထဲ စစ်ပြေးဒုက္ခသည်ဘ၀နဲ့ အတော်ကြာကြာနေလာပြီးမှ မနီလွိုင်မြန်မာကျောင်းသားစခန်းထဲကို နိုင်ငံ
ရေးဒုက္ခသည်အဖြစ်နဲ့ ရောက်လာခဲ့သူဖြစ်ပါတယ်။
ကျုပ်တို့ UNHCR မှာ ဒုက္ခသည်အဖြစ်လျှောက်လွှာတင်တော့ P O C, Border case, Reject, ဆိုပြီး သုံးမျိုး
သုံးစားခွဲတဲ့အချိန်ပါ။
ကျုပ်နားလည်သလောက်က P O C ဆိုတာက နယ်စပ်ဒုက္ခသည်စခန်းမှာနေလို့ မဖြစ်နိုင်လောက်တဲ့ အနေ
အထားမျိုးရောက်နေတဲ့လူကို သတ်မှတ်တာဖြစ်ပြီး၊ နယ်စပ်မှာနေလို့ ဘာအန္တရာယ်မှ မရှိနိုင်တဲ့လူကိုတော့
Border case လို့သတ်မှတ်သလို Reject ဆိုတာကတော့ သူတို့ကိုယ်ရေးရာဇ၀င်က ခိုင်လုံတဲ့အထောက်
အထားမရှိတဲ့လူကို သတ်မှတ်တာဖြစ်ပါတယ်။
P O C သမားတွေက UNHCR ကသတ်မှတ်ထားတဲ့အတိုင်း ထောက်ပံ့ကြေးတွေ ရိက္ခာတွေ ဆေးဝါးကုသ
ခွင့်တွေရပေမယ့်လို့ ကျန်တဲ့ပုဂ္ဂိုလ်တွေကျတော့ အရာရာတိုင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြရတဲ့ အ
နေအထားပါ။

 ကျုပ်တို့ မနီလွိုင်မြန်မာကျောင်းသားများစခန်း ထဲကိုရောက်သွားခါစတုန်းက ချိုင့်ဆွဲ  တန်းစီပြီးထမင်းထုတ်
စားနေရပါပြီ။ ကြက်ဒူးဆစ်ရိုး နဲ့ မုန်လာဥကို ရေလုံပြုတ်ပြီး အကျွေးခံရတဲ့ ဘ၀မျိုးပါ။ အတိအကျပြောကြေး
ဆိုလျင် ခေတ်ကုန်နေပြီ။ ကျောင်းသားတွေရတဲ့ အဆင့်အင်မတန် နိမ့်နေပြီလို့ ဆိုလိုတာပါ။
ဟိုးအရင်တုန်းကဆိုလျင် မနက်စာကိုဘာနဲ့စားမလဲ။ မတည့်တဲ့အသား၊ မကြိုက်တဲ့အသား၊ မစားတဲ့အသား
စားချင်တဲ့အသား မှာစားလို့ရတယ်၊ အသေအခြာကို ချက်ကျွေးတာလို့ ကျောင်းသားဟောင်းတွေက ဆိုကြ
ပါတယ်။ ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုတော့ ကျုပ်တို့က နောက်မှရောက်လာတာဆိုတော့ အတိအကျမ
ပြောနိုင်ဘူး။ ဒါပေမယ့် ကျုပ်တို့ရောက်ခါစ တလလောက်အတွင်းမှာ အသားဟင်းတွေ စားရဘူးတာတော့ သတိထားမိတယ်။

အဲဒီလိုတွေဖြစ်လာပြီး နောက်ပိုင်းမှာတော့ ကိုယ့်ဘာသာကိုယ်ချက်စားမယ်ဆိုပြီး ၀ိုင်းပြီးဆန္ဒပြလိုက်ကြတဲ့
အခါမှာ COERR အဖွဲ့က ဆန်တွေ ဆီတွေ အသား ငါး ဟင်းသီးဟင်းရွက် မီးသွေး ဆား၊ ကြက်ဥ တွေပေး
ပါတယ်။ လူတကိုယ်စာ ၇ရက်အတွက် ဆန် ၃ကီလိုခွဲ။ ကြက်ဥ ၃လုံး။ ကြက်ရိုး ၃တုံး။ ငါးပိ ၁ထုပ်။ ဆား ၁
ထုပ်။ စိမ်းစားငါးပိ ၁ထုပ်။ ဆီ ၁ထုပ်။ ဟင်းသီး ဟင်းရွက် (သင့်ရုံ)။ မီးသွေး ၁ထုပ်။
ဟင်းသီးဟင်းရွက်တွေကို ကျုပ်တို့စခန်းထဲမှာ ဈေးပေါပေါနဲ့ လိုသလောက်ရနိုင်တော့ သိပ်အရေးမကြီးဘူး။

ထိုင်းနယ်စပ်ဒုက္ခသည်စခန်းမှာကျတော့ လူတကိုယ်စာ တလအတွက် ဆန် ၁၆ကီလို။ ဆီ၊ ဆား၊ ငါးပိ၊ ၁ကီ
လိုစီ။ ပဲ ၁ကီခွဲ။ အဲဒီလိုရပါတယ်။ မီးသွေးကျတော့ တအိမ်ထောင်ကို ကီလို ၃၀ အိတ်တအိတ်ရပါတယ်။
ဘာကွာသလဲဆိုတော့ နိုင်ငံရေးဒုက္ခသည်တွေက တတိယနိုင်ငံကို ထွက်ခွင့်ရှိပေမယ့် စစ်ပြေးဒုက္ခသည်ကျ
တော့ ထွက်ခွင့်မရှိသေးပါဘူး။ ထွက်ရမယ်လို့လည်း ထင်မထားကြပါဘူး။

အခုလို စစ်ပြေးဒုက္ခသည်တွေလည်း တတိယနိုင်ငံထွက်ခွင့်လည်းရလာရော ဒုက္ခသည်စခန်းတွေမှာ လူဦး
ရေတိုးလာလိုက်တာ မယုံနိုင်စရာပဲ။ နာဂစ်ကြောင့်လို့ဆိုနိုင်သလို ထောင်မြင်လို့ ရာစွန့်တဲ့ လူတွေကြောင့် လို့လည်း ပြောလို့ရမှာပါ။ တချို့ဆို မိဘက တတိယနိုင်ငံရောက်နေ၊ သား သမီးတွေက ကျန်ရစ်။ လူလာစစ် တဲ့အချိန်တုန်းက စခန်းထဲမှာမရှိ။ အခုတော့ သားတွေသမီးတွေကို ပြန်ခေါ်မယ်ဆိုတော့ အခွင့်အလမ်းက မရှိသလောက်ဖြစ်နေပြီ။

ပြန်ခေါ်လို့ရအောင် နည်းလမ်းပေါင်းစုံရှာကြတဲ့အထဲမှာ တတိယနိုင်ငံကိုရောက်နေတဲ့ လူတွေထဲက နိုင်ငံ
သားအဖြစ်ခံယူပြီးသွားသူတွေကို ကိုယ့်ရဲ့သား ဒါမှမဟုတ် သမီးကို အကြင်လင်မယားအဖြစ် လက်မှတ်ထိုး ပြီးခေါ်ဘို့အထိ စဉ်းစားလာကြတဲ့အခြေအနေမျိုးဖြစ်လာပါတယ်။ နောက်ဆက်တွဲဖြစ်လာမယ့် အခြေအနေ
က ဘယ်လိုတွေလဲဆိုတာ အလေးအနက်ထားပြီးမစဉ်းစားနိုင်ကြတော့ဘူး။
နောင်ခါလာ နောင်ခါဈေး ဆိုပြီး ပစ္စလက္ခတ်တွေးနေကြတာကြားနေရတော့ ကျုပ်တို့ မနီလွိုင်မြန်မာကျောင်း
သားစခန်းမှာလည်း UNHCR အသိအမှတ်ပြုမခံရတဲ့လူတွေက တတိယနိုင်ငံထွက်ရဘို့အတွက် UNHCR
ကအသိအမှတ်ပြုထားခံရတဲ့ လူတွေကိုလက်ထပ်တာမျိုးတွေဖြစ်ခဲ့ဘူးပါတယ်။
ကျုပ်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးတခုကို ရေးချပြလိုက်ပါတယ်။

Source photo from http://www.google.com/images

အဲဒီနေ့က July 21, 2000။
ဒီမှာမောင်ကျော် ကျနော် ခင်ဗျားတို့ကို ကူညီမှာဖြစ်တယ်။
ဘာကြောင့် ကူညီရသလဲဆိုတော့ ကျုပ်တို့ဗမာလူမျိုးတွေ အထူးသဖြင့် ကျုပ်တို့ဘိုးဘွားအဆက်ဆက်က ခင်
ဗျားတို့ကရင်လူမျိုးတွေကို အနိုင်ကျင့်စော်ကားလာခဲ့သမျှကို ပြန်ပြီးအကြွေးဆပ်ဘို့လိုအပ်တယ် ဆိုတဲ့အသိ
ကြောင့် ကူညီတာပါ။
တဆက်တည်းပြောလိုတာက အကျိုးအမြတ်လိုလို့ မဟုတ်ဘူး။ အကျိုးအမြတ်လိုချင်တယ်ဆိုလျင်တောင် ကျ
နော့်အနေနဲ့ လုံးဝမပြောသင့်ပါဘူး။ ပြောလိုက်တယ်ဆိုလျင် တချိန်တုန်းက ခင်ဗျားတို့ကိုကူညီခဲ့တဲ့စေတနာ
တွေဟာ တမျိုးဖြစ်သွားနိုင်တယ်။

ကျနော် UNHCR အရာရှိ ထိုင်းအမျိုးသားနဲ့ အိမ်ထောင်ကျနေတဲ့ အဲနာ နဲ့ သွားတွေ့တော့ မင်းတတိယနိုင်ငံ
ကို မသွားသေးတာ ဘာကြောင့်လဲ။ မင်းမှာ Girl friend ရှိနေလို့လားလို့ မေးတာနဲ့ ကျနော်လည်းရှိတယ်လို့
ပြောပြီး ခင်ဗျားတူမရဲ့ NI နံပါတ်ကိုပေးထားလိုက်တယ်။ နာမည်ကိုတော့ ကျုပ်မပြောခဲ့ပါဘူး။

ဒီနေ့ဒီအချိန်မှာ UN အသိအမှတ်ပြုခံထားရတဲ့ လူတွေမှာ ဘာအခွင့်အရေးမျှ ရှိတာမဟုတ်ဘူး။
ကျုပ်လို MOI ရထားတဲ့လူမှ အခွင့်အရေးရှိတာ။ သဘောကတော့ဗျာ၊ အိမ်ထောင်ပြုမယ်ဆိုလျင် ကျနော့မှာ
အားလုံးအဆင်ပြေတယ်။
ဒါကြောင့် ခင်ဗျားတို့မိသားစု တပြုံတမကြီးကို ကူညီတဲ့အနေနဲ့၊ ခင်ဗျားရဲ့တူမလေးကို ကျုပ်နဲ့ ဟန်ဆောင်အ ကြင်လင်မယားအဖြစ် လက်ထပ်ထားပါရစေ။
အဲဒီလိုလုပ်လိုက်မယ်ဆိုလျင် ခင်ဗျားတို့မိသားစု အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ တတိယနိုင်ငံကို အတူထွက်သွား
နိုင်ကြမှာပေါ့ဗျာ။

ကျနော် နားလည်ပါတယ်၊ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကာယကံရှင်မိန်းကလေးအနေနဲ့ ဘယ်လိုအစွန်းအ
ထင်းတွေ ဖြစ်သွားနိုင်တယ်ဆိုတာကို။
ဒီလက်ထပ်စာချုပ်ကို ကိုင်ပြီး ကျနော့အနေနဲ့ ခင်ဗျားတူမလေးအပေါ် တစုံတရာအခွင့်အရေးယူမှာ မဟုတ်ပါ
ဘူး။ ငယ်ငယ်တုန်းက လင်မယားလုပ်တမ်းကစားသလို ++++ မလုပ်ပါဘူး။
တကယ်လို့ ခင်ဗျားတူမလေးကိုထားရစ်ခဲ့ပြီး ခင်ဗျားတို့အားလုံး တတိယနိုင်ငံကိုထွက်သွားရမယ်ဆိုလျင် ခင်
ဗျားတို့မိသားစုရော ကျန်နေရစ်ခဲ့ရမယ့် ခင်ဗျားတို့တူမလေးရော ကြေကွဲဝမ်းနည်းနေကြမယ်ဆိုတာ ကျနော်
သိပါတယ်။ သူ့အမျိုးသားနဲ့ ပြန်ဆုံဆည်းဘို့ ဆိုတာအရမ်းကို ခက်သွားပါလိမ့်မယ်။

ဟန်ဆောင်လက်ထပ်စာချုပ်ကြောင့် နာမည်ပျက်မှာအသေအချာပါ။ နောက်ဆုံး ကျနော့်အနေနဲ့ ခင်ဗျားတို့
သွားမယ့်နိုင်ငံကိုပဲ လိုက်ရတော့မှာပေါ့။ ဒါမှ ခင်ဗျားတူမလေးနဲ့ ခင်ဗျားတို့ ဥမကွဲသိုက်မပျက် အတူတူထွက်
သွားနိုင်ကြမှာလေ။

ဒီလိုလုပ်မယ်ဆိုလျင်တော့ ခင်ဗျားအနေနဲ့ တတိယနိုင်ငံကိုရောက်နေတဲ့ သူ့အမျိုးသားဘက်ကို စာလေးဘာ
လေးရေးပြီး ကြိုတင်အကြောင်းကြားထားဘို့တော့လိုအပ်တယ်။ ကျနော်တို့ ဒီမှာရှိနေတဲ့အသိုင်းအ၀ိုင်းက
အခုလို ဟန်ဆောင်လက်ထပ်တာကို ငွေကြေးတစုံတရာယူပြီးလုပ်တယ် ဆိုတာမျိုးသတင်းထွက်သွားလျင်
မကောင်းဘူး။ စိုးရိမ်စရာအကောင်းဆုံးပဲ။

လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန်လုပ်ထားနိုင်မှ တော်ကာကျလိမ့်မယ်။
ကျနော့်အကြောင်း ခင်ဗျားသိပါတယ်။ ကျနော်ဟာ ရုံးပြင်ကန္နားကလူတွေနဲ့ ဘယ်လိုအဆက်အသွယ်တွေရှိ
တယ်၊ ကျနော့်အပေါ်သူတို့ဆက်ဆံပုံတွေ၊ ကျနော်ပြောလိုက်လျင် အလွယ်တကူဖြစ်နိုင်တဲ့ကိစ္စတွေ အများ
ကြီးရှိတယ်၊ ဟုတ်တယ် မဟုတ်လား။
နောက်ပြီးတော့ မြန်မာကျောင်းသားစခန်းထဲမှာ ခင်ဗျားတူမလေးလို တရားမ၀င်နေထိုင်နေကြတဲ့ လူတွေကို
ဘမ်းဆီးဘို့ အချိန်ကာလဆိုတာကလည်း သိပ်မဝေးတော့ဘူး။
လာမယ့် August , September လောက်မှာ သူတို့အလုပ်စကြလိမ့်မယ်။

မနက်ဖြန် Camp အရာရှိရောက်လာလိမ့်မယ်၊ စိုက်ပျိုးရေးသင်တန်းဖွင့်ပွဲကို လာမှာဆိုတော့ ကျနော့်ရဲ့ ကိစ္စ
တွေကို သွားပြောထားလိုက်မယ်။ ခင်ဗျားအနေနဲ့ကလည်း တစုံတရာကို ပြင်ဆင်ထားပေါ့ဗျာ။
အချိန်နှောင်းမှ လုပ်မယ်ဆိုလျင်တော့ ခင်ဗျားရဲ့တူမလေး လင်တယောက်သာရသွားတယ် သူ့ဘ၀အတွက်
ဘာအကျိုးမှမရှိတဲ့ အခြေအနေမျိုးရောက်သွားမယ်နော်။

ကျနော်ဟာ လူပျိုတယောက်တော့မဟုတ်ဘူး၊ လူလွတ်တယောက်သာဖြစ်တယ်ဆိုတာ ကျနော်ပြောခဲ့ပြီးပြီ။
UNHCR အရာရှိဟောင်း ခွန်နစ်တာခင်ဗျားကိုပြောထားတာ မှတ်မိမှာပေါ့ မိသားစု ၁၀ယောက်ရှိတဲ့ ခင်ဗျား
တို့ထဲကို နောက်ထပ်တယောက်ထပ်တွဲဘို့ဆိုတာ ဘယ်နည်းနဲ့မျှမဖြစ်နိုင်ဘူးဆိုတာလေ။
ဒါကြောင့် ခင်ဗျားတူမလေးကို ပြောဆိုသင့်တာတွေပြောဆိုနားချပေးဘို့၊ လမ်းကြောင်းလေးတွေပြပေးဘို့လို
တယ်၊ တစုံတရာအတင်းအကြပ်မဖြစ်ဘို့ကလည်း အရေးကြီးတာပေါ့ဗျာ။

ကျုပ်တူမလေးကို အဲဒီလူရဲ့လက်ထဲ မထည့်ခဲ့ပါဘူး။ တနှစ်ကျော်ကျော်လောက် ထမ်းဟင်ဒုက္ခသည်စခန်းမှာ
နေပြီး ကျုပ်တူမလေး ကျုပ်တို့နဲ့အတူ ဥမကွဲ သိုက်မပျက် နေနေကြပါပြီ။

လေးလေးနက်နက် တွေးခေါ်ပါ။
တိတိကျကျ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ပါ။
နားထောင်နေကြပါ။ (နားစွင့်နေကြပါ)
နားမယောင်ကြပါနဲ့။
အယုံမလွယ်ကြပါနဲ့။
အလွယ်မလိုက်ကြပါနဲ့။
မိမိရသင့်ရထိုက်တဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ဘို့ အမှုမဲ့အမှတ်မဲ့ မနေမိပါစေနဲ့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)