• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, June 15, 2014

အသဲနှင့် အစာအိမ်ရောဂါတို့ဖြင့် အသက် ၆၁ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည့် ကုသိုလ်




အသဲနှင့် အစာအိမ်ရောဂါတို့ဖြင့် အသက် ၆၁ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည့် ကုသိုလ်

Written by နိုင်ရာ

ဟာသသရုပ်ဆောင် ၊ဒါရိုက်တာကုသိုလ်သည် ဇွန်၁၅ရက် မွန်းလွဲတစ်နာရီက တောင်ဥက္ကလာပမြို့နယ်ရှိ အောင်ရတနာ ဆေးခန်းတွင် အသဲနှင့် အစာအိမ်ရောဂါတို့
ဖြင့် အသက်၆၁နှစ်တွင် ကွယ်လွန်ခဲ့သည်ဟု ဒါရိုက်တာမောင်သီက မဇ္စျိမကိုပြောသည်။
"သူခံစားနေရတာ ကြာပါပြီ။
သူကွယ်လွန်ချိန်က အသက်ခြောက်ဆယ်နဲ့ နှစ်လစွန်းရှိနေပါပြီ"
ဟု၎င်းကပြောသည်။

ဟာသ သရုပ်ဆောင်ကုသိုလ်သည် အသဲရောဂါ ခံစားနေရခြင်းသည် တစ်နှစ်နီးပါး ရှိပြီဖြစ်ပြီး နောက်ပိုင်း
တွင် ရောဂါအခြေအနေကြောင့် အစာအိမ်ရောဂါသည်လည်း ဝင်ရောက်လာခြင်းကြောင့် ယင်းရောဂါနှင့်
အတူ တွဲဖက်ခံစားရခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။
ဟာသသရုပ်ဆောင် ကုသိုလ်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က အောင်ရတနာဆေးခန်းတွင် အထူးကု ဆ
ရာဝန်ကြီး ဒေါက်တာဒေါ်ကြည်ကြည်လှနှင့်ပထမအကြိမ်ကုသခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်သို့သွားရောက်
ကာ ၎င်း၏ရောဂါကို ကုသခဲ့ရာ သက်သာခဲ့ခြင်းဖြစ်သည်။

၎င်းကိုကုသပေးခဲ့သည့် ဒေါက်တာဒေါ်ကြည်ကြည်လှသည် လွန်ခဲ့သည့်သုံးလခန့်က ကွယ်လွန်ခဲ့သော်
လည်း ၎င်းသည် အောင်ရတနာဆေးရုံတွင် ဆက်လက်ပြသခဲ့ရင်း ရောဂါမသက်သာခြင်းကြောင့် ယခုဒုတိ
ယအကြိမ် တက်ရောက်ကုသချိန်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု ဟာသ သရုပ်ဆောင် ငှက်ပျောကြော် က
ပြောသည်။
ပထမအကြိမ် အောင်ရတနာ ဆေးရုံတွင် ဟာသသရုပ်ဆောင် ကုသိုလ် တက်ရောက် ကုသချိန်၌ အကယ်
ဒမီလွင်မိုးက ၎င်း၏ ဆေးရုံကိစ္စ အဝဝကို ကူညီပေးသည်ဟု ၎င်းကထပ်မံပြောသည်။
ယင်းရောဂါ ကုသရန်အတွက် ဟာသသရုပ်ဆောင် ကုသိုလ်သည် တောင်ဥက္ကလာ မြင်သာလမ်းပေါ်ရှိ အိမ်
ကိုရောင်းချခဲ့ပြီး ကုသခဲ့သေးသည်ဟု ဒါရိုက်တာမောင်သီကပြောသည်။

သရုပ်ဆောင် ကုသိုလ်သည် ရောဂါအခြေအနေကြောင့် ဇာတ်ကားများတွင်သရုပ်ဆောင်ခြင်းများနှင့် ဒါရိုက်
တာလုပ်ခြင်းများကို မလုပ်ကိုင်သည်မှာ တစ်နှစ်ခွဲရှိပြီး ၎င်းအနေဖြင့် အနုပညာအလုပ်များကို နားနားနေနေ
လုပ်ဆောင်နိုင်ရန်အတွက် ဒါရိုက်တာမောင်သီက MRTV-4တွင် ရိုက်ကူးခဲ့သည့် "မရီနဲ့" ပရိုဂရမ်တွင်ပါဝင်
စေခဲ့ပြီး ၎င်းကွယ်လွန် သွားသည့်အတွက် ယင်းပရိုဂရမ် နောက်ထပ်ရိုက်ကူးပါက ၎င်းကဲ့သို့ ဟာသဥာဏ်
ကွန့်မြူးသည့် အနုပညာရှင်တစ်ဦးကို ရွေးချယ်ရိုက်ကူးရမည်ဟု ဝမ်းနည်းစွာ ပြောပြခဲ့သည်။

 ဟာသသရုပ်ဆောင်၊ဒါရိုက်တာကုသိုလ်သည် ၁၉၉ဝခုနှစ်တွင် အနုပညာလောကထဲကို စတင် ဝင်ရောက်
လာခဲ့ပြီး ဗီဒီယို ရုပ်ရှင် ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ရာ ၁၉၉၄ခုနှစ်တွင်"သရဲလေးကောင်နှင့်ကျွန်တော်"
ပြဇာတ်တွင် လွင်မိုး၊ အရိုင်း၊ ကင်းကောင်၊ ဖိုးဖြူ ၊ မျိုးသန္တာထွန်းတို့နှင့် အတူ ကပြခဲ့ရာ ပရိသတ်များ ကြိုက်
နှစ်သက်ပြီး နာမည်ပိုမို ကြီးလာခဲ့သူဖြစ်သည်။
ယင်းအပြင် ဒါရိုက်တာမီးပွား ရိုက်ကူးခဲ့သည့် မြစ်တို့၏မာယာ ဇာတ်ကားကို ပရိသတ်များ အမြင်တစ်မျိုး ခံ
စားစေရန်အတွက် ဒါရိုက်တာ ဦးဝင်းဖေက "များတို့၏မာယာ"ဇာတ်ကားတွင် အရိုင်း၊ ကင်းကောင်၊ ဖိုးဖြူ၊ ၊
ထက်ထက်မိုးဦးတို့နှင့် အတူတွဲဖက် သရုပ်ဆောင်ခဲ့သူဖြစ်သည်။

ဟာသ သရုပ်ဆောင် ကုသိုလ်သည် ဗေလုဝ(မောင်မောင်မြင့်ဇော်)၊ ကုသိုလ်(မောင်မောင်မြင့်သိန်း)၊ ဟာ
သသရုပ်ဆောင်အောင်ဘု(မောင်မောင်လှမြင့်) တို့နှင့်အတူ "မောင်မောင်တို့အဖွဲ့" သံချပ်အဖွဲ့ဖြင့် အနုပ
ညာလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။
၎င်းသည် ဗီဒီယို ဇာတ်ကားပေါင်း ၂ဝဝ ကျော်နှင့် ရုပ်ရှင်ဇာတ်ကားပေါင်း ၂ဝတို့တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် အနုပညာရှင် တစ်ဦး ဖြစ်သည်။

Copy from
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/23133-2014-06-15-10-45-28