• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, July 10, 2014

အရက်သမ သမီးသို့ ပေးစာ

                      
Source photo from http://www.google.com/images
July 10, 2014
Thursday

အရက်သမ သမီးသို့ ပေးစာ

By မင်းစိုးစံ

သမီးရေ အဖေ စာရေးလိုက်ပါတယ်။ သမီးလေးကို မမျှော်လင့်ပဲ ဖေဖေပြန်တွေ့လိုက်ရတော့ ၀မ်းသာမိသ
လို ၀မ်းလည်းနည်းမိတယ်သမီး။
ဝမ်းသာတာက သမီးလေး အရက်ကိုဖြတ်လိုက်ပြီ၊ ဘ၀ကိုအသစ်က ပြန်စပြီ၊ ဆိုတဲ့အပြောကြောင့် အဖေ
တကယ်ပဲ ၀မ်းသာမိပါတယ်။ ၀မ်းနည်းတာကတော့ သမီးလေးမှာ အိမ်ထောင်ရေးအဆင်မပြေဘူး၊ ကလေး
သုံးယောက်နဲ့ ခွဲနေရတယ် ဆိုတာကြောင့် အင်မတန်ကို ၀မ်းနည်းရပါတယ်သမီး။

သမီးပြောတာကတော့ သမီးရဲ့ အိမ်ထောင်ဘက်ကို စိတ်နာလွန်းလို့ သားသမီးတွေကို သူတို့အဖေနဲ့ခွဲထား
ခဲ့တယ်၊ ငွေရှာမယ်၊ ငွေကြေးတစုံတရာစုဆောင်းမိလျင် သမီးတွေသားတွေကို ပြန်ခေါ်ပြီးအတူတူနေမယ်
စသည်ဖြင့်ပေါ့လေ သမီးပြောပြတာကိုကြားရတော့ စိတ်ထဲမှာ အမျိုးအမည်မဖေါ်ပြတတ်တဲ့ခံစားမှု တမျိုး
ကိုခံစားလိုက်ရတယ်သမီး။

တကယ်ဆိုလျင် ဥပဒေကြောင်းအရ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ဆိုတာ မိခင်နဲ့ပဲအသက်ရှင်
နေထိုင်ဘို့ အသင့်တော်ဆုံးမဟုတ်လား၊ အခုတော့ သမီးက တယောက်ထဲထွက်လာပြီး ကလေးတွေကို အ
ဖေလုပ်သူနဲ့ ထားခဲ့ရတဲ့အခြေအနေဆိုတော့ သမီးလေးရဲ့အနေအထားဟာ အတော်ကိုဆုတ်ယုတ်လျော့ပါး
နေပြီဆိုတာ မပြောပဲနဲ့သိနေရတာမို့ အဖေအရမ်း စိတ်မကောင်းဖြစ်မိတယ်သမီး။

သမီးအရက်မူးနေတဲ့ နေ့တွေထဲက နေ့လေးတနေ့ကို အဖေအမှတ်ရမိတယ်။
သမီးက လူမှန်းမသိအောင် မူးနေတာမဟုတ်ပေမယ့်၊ ကိုယ့်ကိုယ်ကို မထိန်းနိုင်လောက်အောင်မူးနေတာဆို
တော့ အဖေက သမီးကို ပစ်ပစ်ခါခါပြောဆိုဆုံးမခဲ့မိတာကို သတိရမိသေးတယ်။ အော် သမီးရေ သမီးက
အဖေ့ရဲ့ သမီးအရင်းမဟုတ်ဘူးနော်၊ သမီးလေးရဲ့ မိဘတွေက ကချင်ပြည်နယ်ဘက်ကလေ၊ သမီးကိုအ
လုပ်ပေးမယ်ဆိုပြီး အရောင်းစားခံလိုက်ရတဲ့အချိန်မှာ အခု သမီးရဲ့ခင်ပွန်းဖြစ်သူက သမီးကိုအဲဒီလူတွေရဲ့
လက်ထဲကနေ ကယ်ထုတ်ခဲ့ပြီးနောက်ပိုင်း သမီးလေးနဲ့ ပုဆိုးတန်းတင်အကြင်လင်မယားဖြစ်သွားကြတာ
လို့ သမီးပြောဘူးတယ်လေ၊ ဒီတော့ မိဘနဲ့ဝေးနေတဲ့ သမီးလေးကို အဖေတို့က မွေးစားလိုက်တာ။

မွေးစားသမီးလေးဆိုပေမယ့် အဖေတို့က ကိုယ့်သမီးလေးကို လိမ္မာရေးခြားရှိစေချင်တာမို့ သမီးကိုအရက်မ
သောက်ဘို့ တွေ့တိုင်းတားခဲ့တယ်၊ ပြောဆိုဆုံးမခဲ့တယ်။ သမီးလေးကတော့ ခွေးမြီးကောက် ကျည်ထောက်
စွပ်ဆိုသလို ရှေ့မှာတော့ မသောက်တော့ပါဘူးအဖေရယ် လို့ပြောပြီးလူသွားလမ်းဘေးမှာ ထဘီ(ထမိန်)မ
နိုင် ပုဝါမနိုင်မူးနေတတ်လို့ သမီးလေးရဲ့ သမီးအကြီးမလေးက သမီးကို ခဏခဏတွဲတွဲထူနေရတာပဲမဟုတ်
လား။

အဲဒီနေ့က သမီးအရမ်းမူးနေတယ်၊ အဖေက တခွန်းလောက်ပြောလိုက်လျင် သမီးက သုံး၊လေးခွန်းလောက်
ပြန်ပြန်ပြီး ပြောနေလို့ မင်းဟာ မိကောင်းဘခင် သားသမီးမှန်လျင် ပြောဆိုဆုံးမတာကို နာခံတတ်ရမှာပေါ့
လို့ ပြောလိုက်တော့ သမီးအဖေ့ကိုပြန်ပြောတာက ကျမကို ကြိုက်သလိုပြောပါ၊ မကြေနပ်လျင် စီးထားတဲ့
ဘိနပ်နဲ့ ကျမရဲ့ပါးကိုရိုက်ပါ၊ ကျမရဲ့ မိဘနှစ်ပါးကိုတော့ မစော်ကားပါနဲ့ ဆိုတဲ့စကားလေ။
အဖေ နောင်တ အများကြီးရသွားတယ်သမီး၊ အကြီးအကျယ်ကို နောင်တရသွားတာ။
နောက်ပိုင်းမှာ သမီးဘာပဲဖြစ်နေဖြစ်နေ အဖေ တခွန်းမျှမပြောတော့ဘူး၊ ဒီလိုနဲ့သမီးနဲ့အဖေတို့ အဆက်အ
သွယ်ပြတ်သွားလိုက်တာ June 27 2014 မှာမှ ပြန်တွေ့ကြတော့တယ်။

တွေ့တွေ့ချင်းမှာပဲ ပြောမှားဆိုမှားရှိခဲ့တာကို ခွင့်လွှတ်ဘို့ သမီးကိုအဖေကတောင်းပန်တာပါ၊ သမီးကလည်း
စိတ်ထဲမှာဘယ်လိုမျှမထားကြောင်း ခွင့်လွှတ်တဲ့အကြောင်းပြောလို့ အဖေကြေနပ်မိပါတယ်။
ရင်ထဲမှာလည်း ၀န်ထုပ်ဝန်ပိုးကြီးတခု လွှတ်ချလိုက်သလို ပေါ့ပါးသွားပါတယ်။
မပေါ့ပဲနေပါ့မလား၊ 2004 လောက်ကတည်းက စိတ်ထဲမှာမသိုးမသန့်ဖြစ်ပြီး တမြေ့မြေ့ခံစားနေရတဲ့ အပြစ်
ရှိတဲ့လူတယောက်လို ၁၀နှစ်နီးပါးနေလာခဲ့ရတာ ဘယ်လောက်ပင်ပမ်းသလဲ။

အခုတော့ သမီးရဲ့ သားသမီးတွေက သမီးကိုဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲသံယောဇဉ်ရှိရှိ၊ ဥပဒေ
က သမီးကို သားသမီးတွေနဲ့အတူနေဘို့ ခွင့်မပြုဘူးမဟုတ်လား။
သူများတကာ အမေနဲ့သမီးတွေ ကလူကျီစယ်နေတာကိုကြည့်ပြီး သမီးကြိတ်ပြီးငိုနေတာကို အဖေမြင်တော့
အဖေလည်း မျက်ရည်လည်မိပါတယ်သမီး။ တကယ်လို့များ ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်လောက်က သမီးလေးသာ
အဖေ့စကားကို နားထောင်ခဲ့မယ်ဆိုလျင် သမီးရဲ့မျက်ရည်တွေ အခုလိုယိုစီးနေရမှာမဟုတ်ပါဘူး။
ထဘီမနိုင် ပုဝါမနိုင်နဲ့ ပုလိပ်ကားပေါ်ကို မူးမူးရူးရူးပါသွားခဲ့တဲ့ အကြိမ်တွေက နည်းမှမနည်းတာသမီးရယ်။

သမီးလေးက အရက်ဖြတ်လိုက်ပြီလို့ ပြောလိုက်တဲ့အခါမှာ သမီးကိုချွင်းချက်မရှိယုံပစ်လိုက်ချင်ပေမယ့် အ
ဖေမယုံရဲဘူးသမီး။ အဖေတို့စားသောက်နေတဲ့ စားပွဲဝိုင်းကို သမီးလာသိမ်းတော့ ဘီယာပုလင်းတွေကို သ
မီးကြည့်တဲ့ အကြည့်တွေက ငတ်မွတ်စွာနဲ့တပ်မက်နေတဲ့အကြည့်တွေလို့ အဖေမြင်လိုက်တယ်။
သမီးလေး တကယ်ပဲ အရက်ကိုဖြတ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အဖေ အိမ်ကိုပြန်လာခဲ့တယ်သမီး။

အိမ်ရောက်တော့မှ အဖေတခုခုမေ့လာခဲ့ပြီဆိုတာ သိတယ်သမီး၊ အဲဒါက အဖေ့လက်စွဲတော် ဗွီဒီအိုကင်မ
ရာ ကျန်ရစ်ခဲ့တယ်သမီး။ ကားပေါ်မှာကျများကျနေမလားဆိုပြီး အထပ်ထပ်အခါခါရှာပေမယ့်မတွေ့ဘူး၊
စားပွဲဝိုင်းမှာ ကျန်နေသလားဆိုပြီး ဖုံးဆက်မေးတော့လဲ မတွေ့ကြဘူးတဲ့။
ဟိုးတခါတုန်းက သူဌေးကြီးတပါးရဲ့ မြေးမလေးဟာ သူဌေးကြီးအိမ်မှာရေချိုးရင်း စိန်ဘယက်တကုံး ပျောက်
သွားသတဲ့၊ သူဌေးကြီးက အရက်သောက်တတ်တော့ သူ့မြေးမလေးက သူ့အဘိုးသူဌေးကြီးအရက်ဘိုးပြတ်
လို့ ခိုးထားတယ်လို့ မှတ်ပြီးမသိလိုက်မသိဘာသာပဲနေလိုက်ရောတဲ့ နောက်ငါးရောက်ခြောက်ရက်လောက်
အကြာမှာ အိပ်ခန်းထဲက အံဆွဲတခုထဲမှာ စိန်ဘယက်ကိုပြန်တွေ့သတဲ့။
သမီးရေ သူဌေးကြီးဖြစ်နေပေမယ့် အရက်သောက်တတ်သူဆိုလျင် ဘယ်သူမဆိုအထင်အမြင်မှားတတ်
တယ်ဆိုတာ အဲဒီအဖြစ်အပျက်က သက်သေပဲ။
အခုလည်းပဲ အဖေ့ကင်မရာလေးပျောက်သွားတာ အဖေ့သမီးအရက်ဘိုးမရှိလို့ ယူထားတာနေမှာပဲဆိုပြီး
အဖေမသိမသာပဲနေခဲ့တယ်။ သမီးလေးကို အဖေက ခွင့်လွှတ်ပြီးသားပါ။ ပြီးတော့ ဒီကင်မရာလေးက အ
ရမ်းကို ဟောင်းနေပြီဆိုတော့ အဖေ့သမီးလေးပြန်ရောင်းလျင် အရက်ဘိုးမှပြည့်ပါ့မလားဆိုပြီး အဖေစိတ်
မကောင်းဖြစ်မိတယ်။

June 27 2014 က ပျောက်သွားတဲ့ကင်မရာကို July 06 2014 နေ့မှာပြန်တွေ့တယ်သမီး။
အဖေတို့စကားလက်ဆုံကျခဲ့တဲ့ စားပွဲဝိုင်းဘေးမှာ ကရင့်ရိုးရာပစ္စည်းတွေထားထားတာသမီး သတိထားမိမှာ
ပေါ့၊ ကင်မရာက အဲဒီ ပစ္စည်းတွေကြားထဲရောက်နေတာ။
အဲဒါပဲသမီးရေ အရက်သမားဆိုတဲ့ ဂုဏ်ဟာ ဘယ်လောက်အောက်တန်းကျသလဲဆိုတာ။
ဒီတော့ သမီးလေးရေ အရက်ကို မဖြစ်ဖြစ်အောင်ဖြတ်ပါ။
သမီးမျှော်မှန်းထားတဲ့အတိုင်း ငွေစုပါ။
ဗမာပြည်က မိဘတွေစီကို ပို့ပါ။
ငွေကြေးပြည့်စုံလာတဲ့တနေ့ သားသမီးတွေကို ရင်အုပ်မကွာပြုစုနိုင်အောင် ပြန်ခေါ်ထားနိုင်ပါစေလို့ အဖေ
ဆုတောင်းပေးလိုက်ပါတယ်။

သမီးလေး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ပါစေ။
သမီးကို အထင်လွဲမိတာကို ခွင့်လွှတ်ပါ။
သမီးရဲ့ ဖေဖေ


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)