• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, July 14, 2014

အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း အချက် ၃၁ချက် (NCCT) နှင့် (MPC) ဆွေးနွေးမည်


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားခေါင်း
ဆောင်များ ကြိုးစားဆောင်ရွက်နေကြသော်လည်း ငြိမ်းချမ်းရေးသည် စာရွက်ပေါ်မှာရှိရုံဖြင့်မပြီး၊ လက်
မှတ်ထိုးရုံနဲ့ နိုင်ငံရေးစကားပြောရုံနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဦးမတည်နိုင်ဘူးဟု ဗိုလ်မှူးချုပ်ဒေါက်တာ
တီမိုသီ ပြော။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အမှန်တကယ်ငြိမ်းချမ်းပြီး ပျော်ရွှင်စိတ်ချမ်းသာမှုလက်တွေ့ဖြစ်ပေါ်လာရန်
လိုအပ်ကြောင်း KNU/KNLA(PC) ဗိုလ်မှူးချုပ် ဒေါက်တာ တီမိုသီက ဇွန်လ ၂၈ရက်နေ့က ပြောကြားလိုက်
သည်။

“အခု ကျွန်တော်တို့ ဗမာပြည်မှာ ပြောပြောနေတဲ့ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဟာ အစိုးရကလည်း ကြိုးစားပြီး
လုပ်နေတာပဲ။
တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း လုပ်နေကြတာပဲ။
ကျွန်တော့်ရဲ့အမြင်ကတော့ ဒီငြိမ်းချမ်းရေးဆိုတာက လက်မှတ်ထိုးရုံနဲ့ နိုင်ငံရေးစကားပြောရုံနဲ့တော့ စစ်မှန်
တဲ့ငြိမ်းချမ်းရေးကို ဦးမတည်နိုင်ဘူး။
စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာက လူထုတွေပျော်ရွှင်တာကို ကျွန်တော်တို့တွေ့ချင်တယ်။
စိတ်ချမ်းသာတာ တွေ့ချင်တယ်။
ကျွန်တော်တို့ ဗမာပြည်လူထုတွေက ကရင်ပဲ ဖြစ်စေ၊ တိုင်းရင်းသားတွေအားလုံး။
ခုနက ကျွန်တော်ပြောသလိုပဲ အကောင်းဘ၀နဲ့ ထိုက်တန်တဲ့သူတွေပါ။
ကျွန်တော်တို့တွေ အခုလို လူထုတွေပျော်ရွှင်တာမြင်ရတယ်။ စိတ်ချမ်းသာတယ်။
ဒီကရှိတဲ့ တာဝန်ခံတွေအားလုံး အစိုးရဘက်က ၀ိုင်းပြီး ချစ်ချစ်ကြည်ကြည်နဲ့ အခုလို အသိုင်းအ၀ိုင်းတွေဖြစ်
လာတာ ခုနကဗျူဟာမှူးပြောသလို ကျွန်တော်တို့ခံစားရသလို ဒါကတကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးလို့ ပြောလို့
ရတယ်”
ဟု KNU/KNLA အဖွဲ့ ငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီထိပ်တန်းဗဟို ကော်မတီဝင် ဗိုလ်မှူးချုပ်ဒေါက်
တာ တင်မိုသီက ပြောသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့ အားကစားပြိုင်ပွဲအတွင်း၌ ၂၀၁၄၊ ဇွန်လ ၂၈ရက်က ကျင်းပပြုလုပ်သည့် KNU/
KNLA ငြိမ်းချမ်းရေးတပ်ဖွဲ့၊ မြ၀တီရဲတပ်ဖွဲ့၊BGF တပ်ဖွဲ့၊ စရဖ တပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ စု
ပေါင်းဖွဲ့စည်းထားသည့် ဘောလုံးအသင်းနှင့် ရန်ကုန်ဟာသလူရွှင်တော်များဘောလုံးအသင်း ချစ်ကြည်ရေး
ပွဲ ကစားခဲ့ကြစဉ် ယင်းကယ့်သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊
တစ်နိုင်ငံလုံး၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် MPC မှ တာဝန်ရှိသူများ ယခုဇူလိုင်
လ ဒုတိယပတ်တွင် ချင်းမိုင်သို့ အလွတ်သဘောသွားရောက် ဆွေးနွေးကြရန်ရှိပြီး အပစ်အခတ်ရပ်စဲရေးစာ
ချုပ်မူကြမ်းပါ အချက် ၃၁ချက်ကို အဓိကထားဆွေးနွေးဘွယ်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ
စည်းတစ်ခုမှ သတင်းရရှိသည်။

ပွင့်ဆန်း

Copy from http://www.hotnewsweekly.com/node/2833