• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, July 15, 2014

ရုပ်ရှင်မင်းသားမဖြစ်လိုက်ရတဲ့ ဗမာ့သမ္မတကြီး ဦးသိန်းစိန် ဘတ်ဘို့


ရုပ်ရှင်မင်းသားမဖြစ်လိုက်ရတဲ့

ဗမာ့သမ္မတကြီး ဦးသိန်းစိန် ဘတ်ဘို့

By မင်းစိုးစံ

ဗမာသမ္မတကြီးက ရုပ်ရှင်သမားတွေနဲ့တွေ့တော့ သူလည်းရုပ်ရှင်မင်းသားကို အားကျတယ်လို့ပြောသွားတဲ့
အကြောင်း သိလိုက်လို့ ဘယ်လိုရုပ်ရှင်မင်းသားကိုများ အားကျမှာပါလိမ့်ဆိုပြီး မေးခွန်းထုတ်မိတယ်။
မင်းသား ဇေယျ ကိုလား။ မင်းသား ရွှေဘ လား။ ဒိုင်ဗင်တင်လှ လိုမင်းသားမျိုးလား။ ဒီလိုမှ မဟုတ်လျင်ဖြင့်
ရုပ်ရှင်မင်းသား ချီးပူး ကိုလား။ စသည်ဖြင့်ပေါ့လေ၊ အလုပ်ပျက်အကိုင်ပျက် တွေးနေတာ။

နောက်ပြီးတော့ ဗမာသမ္မတကြီး ဦးသိန်းစိန်သာ ရုပ်ရှင်မင်းသားဖြစ်ခဲ့မယ်ဆိုလျင် ဘယ်လိုမင်းသားအမျိုးအ
စားထဲမှာ ပါလေမလဲဆိုပြီး စိတ်ကူးနဲ့ပုံဖေါ်ကြည့်မိပြန်တယ်။ ဥပမာဗျာ မင်းသားရွှေဘဆိုလျင် တောကလူ
တွေကြိုက်ကြတယ်။ ရွှေဘ လာပြီဆိုတာနဲ့ လက်ခုပ်သံတွေမဖြောင်းဖြောင်းကို ညံကုန်တာ။
ချီးပူး ဆိုလျင်တော့ ခေါင်းတုန်း(ဂတုန်း)ကို လက်နဲ့ပွတ်ပြီးထွက်လာတာနဲ့ လူတွေက အာမနာပစကားတွေနဲ့
ထောပနာပြုကြတာ မဟုတ်လား။ (ချီးပူး က ရုပ်ရှင်ထဲမှာပဲ သူ့ခေါင်းကိုပွတ်တာ)


အခု ဗမာသမ္မတကြီးက သူ့ကို လူတွေဆဲတာ ခံနေရတယ်လို့ ပြောတဲ့အတွက်၊ စိတ်တော့မရှိနဲ့ပေါ့ဗျာ နော်။
ဗမာသမ္မတကြီးသာ  ရုပ်ရှင်မင်းသား ဖြစ်လျင်လည်း ချီးပူး လိုသရုပ်ဆောင်ဖြစ်ချင်ဖြစ် ဒါမှမဟုတ်လျင်တော့
လူတကာကို လိမ်လိမ်နေတဲ့ မျိုးငြိမ်း လို မင်းသားမျိုးပဲဖြစ်ဘို့များမှာပါ။ (မျိုးငြိမ်း က ရုပ်ရှင်ထဲမှာပဲ လိမ်တာ)

ရုပ်ရှင်ဇာတ်လမ်းတခုမှာ လူတကာကိုလိမ်တတ်တဲ့ မျိုးငြိမ်းခမျာ နောက်ဆုံးလူတွေကြားထဲမသွားရဲ မလာရဲ
ဖြစ်သွားရရှာသတဲ့။
ဇူလိုင်လ ၁၂ရက်နေ့ အနုပညာရှင်တွေနဲ့ တွေ့အပြီးမှာ လာလမ်းဖြစ်တဲ့ ဦးဝိစာရလမ်းကနေ မပြန်ရဲတော့ပဲ
ယောင်ပြယာဉ်တန်းတွေလွှတ်ပြီး အင်းလျားလမ်းဘက်ကနေ ခိုးကြောင်ခိုးဝှက် ပြန်ထွက်သွားရတဲ့အဖြစ်က
သမ္မတလုပ်နေရတာ ကောင်းသလား ဆိုးသလား ဆိုတာ ဗမာသမ္မတကြီး သိမှာပါ။
မသိချင် ယောင်ဆောင်နေတာများလား သမ္မတကြီးရယ်။

နောက်တခုက ကိုယ့်နိုင်ငံအတွက် သူများတိုင်းပြည်က ငွေတွေကို လက်ဖြန့်တောင်းပေးမယ့်အစား ကိုယ့်
အစွမ်းအစကိုထုတ်ပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုတာကမှ သမ္မတပီသ လိမ့်မယ်လို့ထင်ပါတယ်။
ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ဘို့ သူများတွေဆီက အကူအညီတောင်းတဲ့အလုပ်ဟာ ရေရှည်မှာ တကယ်ပဲတွက်
ခြေကိုက်မယ်လို့ ထင်နေသလား သမ္မတကြီး။
ပြည်သူလူထုကို ရဲရဲမရင်ဆိုင်ပဲ အခုလိုရှောင်ထွက်လိုက်ရုံနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အကြတ်အ
တည်းတွေက ပြေလည်သွားလိမ့်မယ်လို့ ယုံကြည်နေပါသလား။

သမ္မတဖြစ်ရတာ ကောင်းမှန်းဆိုးမှန်းမသိဘူးဆိုတော့ သမ္မတကြီးရဲ့အခြေအနေဟာ ရုပ်သေးစင် ဒါမှမဟုတ်
ရုပ်ကြီးစင်တွေထဲက ကြိုးဆွဲရာက,နေရတဲ့ ဇော်ရုပ် လို လေပေါ်မှာ ပျံတော့ပျံနေတယ် ဒါပေသိ သစ်ပင်ထိပ်
ဖျား ၀ါးပင်ထိပ်ဖျားတွေနဲ့ မလွတ်တလွတ်ဖြစ်နေတယ်။
ဖြစ်ချင်တာက ရုပ်ရှင်မင်းသား ဖြစ်နေတာက သမ္မတဆိုတော့။ ဒီလောက်တော့ရှိမှာပေါ့လေ။


“သူများတွေဆီက ကိုယ့်နိုင်ငံအတွက်အကူအညီတောင်းပေးရမယ်ဆိုရင် ကျွန်တော်ဟာ တော်တော်လေး
နှုတ်ကရဲပါတယ်”
ဟု ဦးသိန်းစိန်ကဆိုသည်။

“သမ္မတဖြစ်လာတာ ကောင်းတာလား၊ ဆိုးတာလားတော့မသိဘူး။
သမ္မတလဲအဆဲခံနေရတာပဲ”
ဟု ဦးသိန်းစိန်ကထပ်လောင်းပြောသည်။

ရုပ်ရှင်မင်းသားများကို ၎င်းအနေဖြင့်အားကျခဲ့သော်လည်း ရုပ်ရှင်မင်းသားမဖြစ်ပဲ သမ္မတဖြစ်လာခဲ့ကြောင်း ဦးသိန်းစိန်က ဆိုခဲ့သေးသည်။

ပြည့်ပြည့်စုံစုံဘတ်ချင်လျင်တော့ အောက်ကလိပ်စာကို ကြွတော်မူကြပါခင်ဗျား။
http://www.hotnewsweekly.com/node/2866

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)