• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, August 4, 2014

ခြည်ဖြူဖွဲ့ပွဲပြီးလျင် ဆုံချင်တယ်


August 04, 2014
Monday

 ခြည်ဖြူဖွဲ့ပွဲပြီးလျင် ဆုံချင်တယ်

By မင်းစိုးစံ

ဘယ်ကနေ ဘယ်လို စ,ရေးရမှန်းမသိတော့ဘူး သူငယ်ချင်းရေ။
မင်းဖုံးခေါ်တဲ့အချိန်ကနေ စ,ရေးလျင်ကောင်းမလား ဒါမှမဟုတ်မင်းနဲ့ငါ Beer ရှာဝယ်တဲ့နေ့က စ,ရေးရမ
လားမပြောတတ်ဘူး။
ဘာကြောင့်လဲဆိုတော့ မင်း ဖုံးaခ်ါလိုက်တဲ့အချိန်က ငါ့အိမ်မှာလုပ်တဲ့ ခြည်ဖြူဖွဲ့ပွဲပြီးသွားတဲ့အချိန်ဖြစ်ပြီး မင်း
နဲ့ငါ Beer ရှာဝယ်တဲ့အချိန်က ပွဲမဖြစ်ခင် ၃ရက်အလိုဆိုတော့ ဆုံးဖြတ်ရ,ခက်နေတယ်။

မင်းနဲ့ငါ ဓမ္မသုခကျောင်းက ရှင်ပြုရဟန်းခံပွဲအပြီး ဖုံးနဲ့အဆက်အသွယ်လုပ်တော့ နံပါတ်မှားနေလို့ တွေ့ဘို့မ
လွယ်ဘူးထင်နေတာ ငါ့အိမ်ကို မင်းအစောကြီးရောက်လာတယ်။
အဲဒီနေ့က အပူချိန်တော်တော်ပြင်းတယ်။
ရောက်ရောက်ချင်း အိမ်ရှေ့မှာ ငါတို့စကားမပြောကြပဲ အိမ်နောက်က လေသာဆောင်ဘက်ထွက်ပြီး ထိုင်စ
ကားပြောကြတယ်။



ငါတို့ရွာမှာ ပြောင်းလဲသွားတာတွေထဲမှာ လမ်းတွေအကြောင်း၊ သူငယ်ချင်းမိန်းကလေးတွေ တပင်လဲ တ
ပင်ထူကြတဲ့အကြောင်း၊ သူငယ်ချင်းယောက်ျားလေးတွေထဲက ကျောင်းထိုင်ဘုန်းကြီးလုပ်နေတဲ့ သူတွေအ
ကြောင်း ခုခံစွမ်းအားကျဆင်းတဲ့ရောဂါနဲ့ ဘ၀တပါးပြောင်းသွားတဲ့ သူငယ်ချင်းတွေ၊ ရွာရဲ့အခြေအနေတွေ
ထဲက တခုဖြစ်တဲ့ အကောက်အခွံကိစ္စတွေ၊ ငါတို့ရွာက အမျိုးသမီးတယောက် ကုလားနဲ့အိမ်ထောင်ကျပြီး
ရွာကိုပြန်အလာမှာ ရွာခံတွေမကြိုက်လို့ လိုက်ရိုက်တော့မင်းက ကယ်တင်ရှင်လုပ်ခဲ့တဲ့အကြောင်း၊ ငါတို့ရွာ
ရဲ့အချောအလှလေးဖြစ်တဲ့ နော်မူးထီ့ခလိန်း(နာမည်လွဲ)ကို လူငယ်တို့ဘာသာဘာဝ အချစ်နယ်ကျွံမိပြီး မိ
ဘတွေသဘောမတူတဲ့နောက် စစ်ပူချိန်ကလည်းဖြစ်နေတော့ ထားခဲ့ရာကနေ အခုဆိုလျင် မင်းရဲ့သမီးလေး
အပျိုကြီးဖါးဖါးဖြစ်နေတဲ့အကြောင်း၊ ရွာက လူငယ်တွေ မူးယဇ်ဆေးစွဲနေတဲ့အကြောင်း။
တို့ငယ်ငယ်တုန်းက အလှူပွဲမှာ ထမင်းဟင်းတွေချက်ဘို့ ဖိုခနောင့်စိုက် ထူတဲ့နေရာမှာ ဦးတင်တဲ့အနေနဲ့ အ
ရက်ကိုသုံးကြပေမယ့် အခု မြင်းဆေးကိုသုံးတယ်ဆိုတာကို မင်းပြောပြတော့ အံ့သြမိတယ်သူငယ်ချင်း။

နောက်ပြီး သူကြီးဆီမှာ အရက်နဲ့ကြက် သွားတောင်းလို့ သူကြီးက မင်းကိုတပြားမတန်အောင်ပြောတာနဲ့
မင်းက သေနတ်မောင်းတင်ပြီး ပစ်သတ်မယ်အလုပ်မှာ ဗိုလ်စံဖဲ(နာမည်လွဲ)က မင်းတို့အဖွဲ့ကို သူ့အိမ်ခေါ်
သွားပြီး ဘဲနှစ်ကောင်ကိုကျကျနနချက်ကျွေးရုံမက အရက်တွေပါတိုက်တဲ့အတွက် ဗိုလ်စံဖဲကိုကျေးဇူးတင်တဲ့
အကြောင်း၊ တဆက်တည်း တပ်မဟာ ၆ဘက်က မင်းရဲ့အဖြစ်တွေကို ပြောပြပြန်တယ်။

မင်းဦးဆောင်တဲ့တပ်ဖွဲ့ ဓါးပြတွေကိုနှိမ်နင်းတဲ့အကြောင်းထဲမှာ ခွေးမမီ ဆိုတဲ့ ဓါးပြခေါင်းဆောင်တယောက်
ရဲ့ ခေါင်းကို AK47 နဲ့ပစ်ခွဲပုံ၊ မင်းပြောသမျှသာရေးမယ်ဆိုလျင် ငါ့စာလုံးတွေအားလုံးဟာ သွေးတွေနဲ့နီရဲကုန်
မလား ဒါမှမဟုတ် သွေးညှီနံ့တွေနံကုန်မလား။

အဲဒီလိုစကားတွေ ကောင်းနေတုန်း ထမင်းစားချိန်ရောက်လာတော့ ထမင်းစားဘို့ ငါးဟင်း၊ ကြက်ဥဟင်း၊
ငါးပိရည်၊ ဖရဲသီးမှည့်တို့စရာ၊ ခရမ်းခါးသီး တာလပေါ့၊ စတာတွေအသင့်ဖြစ်နေပေမယ့် မင်းက ထ မင်းမစား
ချင်သေးဘူး Beer သောက်ချင်တယ်ပြောလို့ လိုက်ရှာပစ်လိုက်တာ Beer ဆိုင်ကိုရှာလို့မတွေ့တာနဲ့ နေပူကျဲ
ကျဲထဲမှာ မောမောနဲ့ ငါတို့ပြန်လာခဲ့ကြတယ်။

ကံကောင်းချင်တော့ လမ်းမှာ မင်းရဲ့သားမက်နဲ့ဆုံပြီး မင်းအိမ်ကိုမင်းပြန်သွားတယ်၊ လာမယ့် August 03, 2014 နေ့ကျလျင် ငါ့အိမ်မှာလုပ်မယ့် ခြည်ဖြူဖွဲ့ပွဲမှာ မင်းကိုကြို ဘို့ ကားတစီးအသင့်ပြင်ထားပေးမယ်လို့ပြော
ပြီး ငါလည်း ငါ့အိမ်ကိုပြန်လာခဲ့တယ်။

ခြည်ဖြူဖွဲ့တဲ့ နေ့မှာတော့ မင်းကိုခေါ်ဘို့ကိစ္စငါဖျက်လိုက်တယ်။
အချက်တွေအများကြီးထဲက တချက်က မင်းငါ့ကိုပြောတုန်းက အရက်ပြတ်ပြီဆို၊ အခုတော့ မင်းရဲ့အသိထဲမှာ မင်းရဲ့အတွေးထဲမှာ မင်းရဲ့အသည်းနှလုံးထဲမှာ အရက်က,လွဲပြီး တခြားဘာကိုမျှ နေရာမပေးနိုင်လောက်တဲ့
အထိဖြစ်နေမှတော့ ငါ့အိမ်ကိုရောက်လာလို့ မင်းကို ငါက သူငယ်ချင်းဆိုတဲ့သံယောဇဉ်ကြောင့် Beer ၀ယ်
တိုက်လိုက်ပါပြီတဲ့ ကလေးတွေဘယ်လိုပြောလာကြမလဲ။
ကလေးတွေရှေ့မှာ မူးနေလျင် ကလေးတွေ ဘာတွေပြောမယ်ထင်သလဲ။
ပြီးတော့ ဒီပွဲက ကိုယ်တယောက်ထဲရဲ့ ပွဲမဟုတ်ဘူး။

ဆိုလိုချင်တာက ဒါဟာ ရှေ့တန်းက ပြန်လာတဲ့သူငယ်ချင်းကို ကြိုဆိုဧည့်ခံတဲ့ပွဲမဟုတ်ဘူး၊ လူငယ်လေး
တွေကို ဘိုးဘွားမိဘတွေရဲ့အမွေကို လက်ဆင့်ကမ်းတဲ့ ပွဲ။ နေ့ထူးနေ့မြတ် ပွဲ။
ဒီလိုပွဲမျိုးမှာ ငါတို့ကွဲနေလျင်(အရက်မူးခြင်းကို ဆိုလိုသည်) ငါတို့သမိုင်း ဘာဖြစ်သွားမလဲ။
ကောင်းမွေကို မထားခဲ့နိုင်လျင် ရှိပါစေ၊ ဆိုးမွေကိုတော့ မထားခဲ့ကြပါစို့နဲ့လား သူငယ်ချင်း။

စပ်မိလို့ပြောရဦးမယ် ကလေးမလေးတယောက်ကို ခြည်ဖြူဖွဲ့ပေးရင်း ငါမေးကြည့်တယ်။
သမီးလေး ဘာကြောင့် ခြည်ဖြူဖွဲ့ရသလဲ ဆိုတာ သိလား ဆိုတော့ သိဘူးတဲ့။
အခုသမီးလေးမြင်နေရတဲ့ ကြံ၊ ကောက်ညှင်းဖင်ချွန်၊ ပန်း၊ ခြည်မျှင်၊ အုန်းသီး၊ ငှက်ပျောသီးမှည့်၊ ထမင်း
ဆုပ်၊ ရေ တခုချင်းစီရဲ့အဓိပ္ပါယ်ကို သိသလားလို့မေးတော့ ဟင့်အင်း တဲ့။
ကောင်းပါ့ကွာ။ ငွေလည်းကုန်၊ အချိန်လည်းကုန်၊ လူလည်းပင်ပမ်း၊ လုပ်လာတာကလည်း တနှစ်လည်းမဟုတ် နှနှစ်လည်းမက နှစ်ပေါင်းမနည်းတော့ဘူး၊ ဘာမျှဖြစ်မလာဘူး။

ဒီတော့ သမီးလေးရေ အင်တာနက်ထဲမှာ ရှာပြီးဘတ်နော်။ စာများများဘတ်။
အဖြူတွေ အမည်းတွေ မေးလာလျင် ကိုယ့်မိရိုးဖလာအကြောင်း အသေအခြာရှင်း ပြတတ်ဘို့လိုတယ်နော်။
အင်္ဂလိပ်စာသင်တဲ့အထဲမှာ ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် ဖြစ်သလို ကိုယ့်လူမျိုးတွေရဲ့အ
ကြောင်းကို လူမျိုးခြားတွေ နားလည်သဘောပေါက်ဘို့အတွက်လည်း ရည်ရွယ်ဘို့ လိုတယ်နော် ဆိုပြီး မျှော်
လင့်ချက်ကင်းမဲ့တဲ့လေသံနဲ့ ပြောပြမိတယ် သူငယ်ချင်း။
ရင်နာစရာကောင်းလိုက်တာ။
ဒီထက်ရင်နာစရာကောင်းတာက ကလေးမလေးတယောက်ကို သမီး လာလေ ခြည်ဖြူဖွဲ့ပေးမယ်ဆိုတော့ ဟင့်အင်း သမီးတို့က လက်မချည်ဘူးတဲ့။ ပြီးရောဟေ့ ပြီးရော။



မင်းကို မခေါ်ဖြစ်တဲ့ နောက်အကြောင်းတခုက New York, Nebraska, Oregon, က ဧည့်သည်တွေက
လည်း အချိန်ကပ်ပြီးရောက်လာတော့ အလုပ်အကိုင်ကလည်းတဘက်၊ ဧည့်သည်တွေကို ဧည့်ဝတ်ပြုနေ
တာကလည်း တဘက်ဆိုတော့ မင်းကိုသွားခေါ်ဘို့ အချိန်မရတော့ဘူး။
ဖုံးထဲမှာ မင်းပြောသလို မုန့်ဟင်းခါးလက်ကျန်မရှိတော့လို့ မင်းကိုမေ့ထားသလား ဆိုတဲ့မေးခွန်းကိုတော့
ဘယ်လိုအဖြေပေးရမှန်းမသိတော့ဘူး။
အမှန်အတိုင်းပြောလျင် မုန့်ဟင်းခါးလည်းကုန်၊ ကောက်ညှင်းဖင်ချွန်လည်းကုန်။
အစားအသောက်တွေတော့ ကုန်ပါတယ်။
ငါ ဘာမျှ မရ,လိုက်ဘူးသူငယ်ချင်း။ ငါရှုံးတယ်။

ငါတို့ရိုးရာအကြောင်း မျိုးဆက်သစ်လေးတွေ နားလည်သဘောပေါက်သွားတာကို ငါလိုချင်တယ်။
ငါအပင်ပမ်းခံတဲ့ ရည်ရွယ်ချက်က မျိုးဆက်သစ်လေးတွေ ကရင့်သမိုင်းကို သိနားလည်ဘို့။
သမိုင်းကိုသိမှ ကိုယ့်လူမျိုးကို လေးစားတတ်မယ်၊ ကရင်လူမျိုးဖြစ်ရတာကို ဂုဏ်ယူတတ်မယ်။

အဆိုးထဲက အကောင်းတခုကိုတော့ ငါရ,လိုက်တယ်။
အဲဒါကဘာလဲဆိုတော့ ငါ့အိမ်မှာ ခြည်ဖြူဖွဲ့တဲ့အချိန်မှာ လူတယောက်ကို ကလေး လူကြီး အတော်များများ
က သူတို့ကို ခြည်ဖြုဖွဲ့ပေးဘို့ ပြောတော့ ချက်ခြင်းလုပ်မပေးဘူး။
ဘာပြောသလဲဆိုတော့ သူဟာ အိမ်ထောင်နှစ်ဆက် ကျတဲ့သူဖြစ်ပါတယ်၊ စင်ကြယ်မှုမရှိတော့ပါဘူး၊
ဒီနေ့ဟာ ဒီပွဲဟာ အင်မတန်သန့်စင်မွန်မြတ်တဲ့ပွဲဖြစ်တယ်၊ လူကြီးသူမတွေဟာ သန့်ရှင်းစင်ကြယ်မှုကို လို
လားတဲ့အတွက် ငယ်လင်ငယ်မယားကိုပဲ ခြည်ဖြုဖွဲ့ပေးဘို့ သတ်မှတ်ပေးခဲ့သလို မိစုံဘစုံလုလင်ပျို လုံမပျို
တွေသာ ဗန်းကိုင်ခွင့်နဲ့ ဦးဆုံးပထမ ခြည်ဖြုဖွဲ့ခွင့်ပြုပါတယ်။
မအေတူ ဖအေကွဲတွေ ဖအေတူ မအေကွဲတွေ ဗန်းကိုင်ခွင့်မပြုပါဘူး။
ဘယ်လောက်တာဝန်သိလိုက်သလဲ။
လူကြီးသူမတွေ နှုတ်နဲ့ချမှတ်ခဲ့တဲ့ သွန်သင်ဆုံးမမှုကို လေးစားလိုက်နာမှုအပြည့်ရှိတဲ့လူ လို့ ငါပြောချင်တယ်
သူငယ်ချင်း။



သူပြောတဲ့အထဲမှာ ခြည်ဖြူဖွဲ့တဲ့ ပစ္စည်းထဲက အုန်းသီးအကြောင်းပါတယ်။
သူအဓိပ္ပါယ်ဖွင့်တာက အုန်းသားဟာ ဖြူတယ်၊ ကရင်လူမျိုးတွေရဲ့ စိတ်ထားဟာ အုန်းသားလိုဖြူနေရမယ် ဆို
ပြီးအဓိပ္ပါယ်ဖွင့်ပေမယ့် အခြားတယောက်ကတော့ အုန်းသီးဆိုတာ ရေပေါ်မှာပေါလောပေါ်တယ်၊ မမြုပ်ဘူး
ကရင်လူမျိုးတွေဟာလည်း အုန်းသီးရေပေါ်ပေါ်သလို ပေါ်လွင်ထင်ရှားစေဘို့ ရည်ရွယ်ပြီး အုန်းသီးကိုထည့်
သုံးခြင်းဖြစ်တယ်ဆိုတဲ့အဓိပ္ပါယ်ကို ယူတယ် လို့ပြောတယ်။

အုန်းသီးရေပေါ်ပေါ်လို့ပဲ ငါတို့ကရင်ခေါင်းဆောင်တယောက် အုန်းသီးတွေကို စည်းနှောင်၊ အုန်းဖေါင်ကို စီး
ပြီး ကျွန်းက,လွတ်ခဲ့ဘူးတယ်လေကွာ။
မင်းကိုငါမေးမယ်၊ ကရင်တွေရဲ့စိတ်ထား အုန်းသားလိုဖြူဘို့လိုသလား။
အုန်းသီိးလို ရေပေါ်ပေါ်ဘို့ လိုသလား။
အခုချက်ခြင်း အဖြေမပေးနိုင်သေးဘူး စဉ်းစားချင်သေးတယ်ဆိုလျင် စဉ်းစားထား။ အချိန်ယူပြီး စဉ်းစား။
အေး အချိန်တော့မဖြုဉ်းနဲ့ကွာ။ အဲဒီတော့ အခုလာမယ့် August 10, 2014 မှာ Karen Buddhist Society
of Minnesota က စုပေါင်းလုပ်တဲ့ ခြည်ဖြူဖွဲ့ပွဲမှာ ငါတို့ဆုံကြမယ်၊ ပွဲပြီးလျင်တော့ အဖြေပေးကွာ။ ဘာကြောင့်လဲ ဆိုတာကိုပါ ရှင်းပြရမယ်နော်။

ကျန်းမာချမ်းသာပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)