• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, August 6, 2014

အမျိုးချစ်၍ အမြစ်ချိုးခဲ့လေသလော

Source photo from  http://www.google.com/images


အမျိုးချစ်၍ အမြစ်ချိုးခဲ့လေသလော

By ဂိုလ်ရှယ်လေး

မြန်မာနိုင်ငံတွင် လူတိုင်း၏ပါးစပ်ဖျားပေါ်တွင် ရေးပမ်းစားနေသော ကိစ္စတခုမှာ အိုရီဒူး တယ်လီးဖုန်းဆက်
သွယ်ရေးနှင့် အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီကြီးတခု လွန်ခဲ့သော သြဂုတ်လအ၀င်မှာပင် ဖုန်းဆက်
သွယ်ခေါ်ဆိုနိုင်သော (ဆင်း)ကဒ် များကို အလှူပွဲကြီးကျင်းပသကဲ့သို့ အရေိကန်ဒေါ်လာ(၁.၈) ဒေါ်လာနှင့်
ညီသော မြန်မာငွေ (၁၅၀၀) ကျပ်ဖြင့် ရောင်းချခဲ့ရာ ချိမ့်ချိမ့်သဲ ပွဲတော်ကြီးအလား ၀ယ်သူများနှင့် စည်ကားခဲ့
၏။

အဆိုပါ အော်ရီဒူး (ooredoo) ဆက်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှု ကုမ္ပဏီနှင့်မြန်မာ ဘယ်လို ပတ်သက်ခဲ့
သလဲ ?
လက်ရှိ အော်ရီဒူးကုမ္ပဏီမှ မြန်မာပြည်သို့ ပထမ ၀င်ရောက်ရင်းနှီးမြုပ်နှံခွင့် ဘာကြောင့်ရခဲ့သလဲ ?
အော်ရီဒူးကုမ္ပဏီ၏ လက်ရှိမြန်မာပြည်တွင် ၀င်ရောက်ရင်းနှီးမြုပ်နှံသော အမေရိကန်ဒေါ်လာ ဘီလီယံ(၁၀)
ဆိုသော အဆမတန် များပြားလွန်းသည့် ငွေပမာဏမှာ အော်ရီကုမ္ပဏီ၏ အခြေစိုက်ရာ(Qatar)နိုင်ငံမှ အား
လုံးရင်းနှီးမြုပ်နှံထားသလော ဆိုသော နောက်ခံသမိုင်းကြောင်းအား သိရန် အရေးကြီးလာလေပြီ။
စာရေးသူ မေးခွန်းများအား တခုခြင်း တိကျစွာ ပြန်လည်ဖြေရှင်းရသော်……

အော်ရီဒူး (ooredoo) ဆက်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှု ကုမ္ပဏီနှင့် မြန်မာ ဘယ်လိုပတ်သက်ခဲ့သလဲ?
ဆိုသော အချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းအောင်း နက်နဲနေသည်။
အကြောင်းမှာ ……….
အော်ရီဒူးကုမ္ပဏီသည် နာမည်ခံသက်သက်ဖြင့်သာ မြန်မာပြည်သို့ ၀င်ရောက်လုပ်ကိုင်ခွင့်ရပြီး ၎င်းကုမ္ပဏီ
၏ လက်ရှိ ၀င်ရောက်ခွင့်ရသောအခြေနေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(အငြိမ်းစား)နှင့် သူ၏မိသားစုများ ပိုင်
ဆိုင်သောငွေများအား နိုင်ငံတကာမှ ၁၉၉၇ ခုနှစ်တွင် စတင်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက် ပြည်တွင်းမှ ခိုး
ဝှက်ရရှိသော ခိုးရာပါ တိုက်ရာပါ ပြည်သူ့ငွေများ နှင့် တိုင်းပြည်၏ ကျောက်မျက်ရတနာများအား ယခင် အာ
ဏာရှင် ဦးနေ၀င်း ကယ့်သို့ ဆွစ္စလန်ဘဏ်ဖြစ်သော ဥရောပအဖွဲ့ဝင် အနောက်နိုင်ငံဘဏ်ကြီးတွင် အပ်နှံ
ခြင်းများ မပြုလုပ်တော့ပဲ ပထမ စင်္ကာပူ (၁၉၉၉)၊ ဒုတိယ ဟောင်ကောင်(၂၀၀၃) နှင့် တတိယ ကွာတာ
(Qata)နိုင်ငံတွင် လက်ရှိခရိုနီနှင့် အဆိုပါ အာဏာရှင်ကြီး၏ အငယ်ဆုံးသားဖြစ်သူတို့ ထွန်းနိုင်ရွှေတို့ ဒူ
ဘိုင်းနှ့င့် ကွာတာသို့ (၂၀၀၄) ခုနှစ်တွင် နိုင်ငံတကာမှ အုံ့အော်သောင်းနှင်း တောင်းဆိုလာကြသော ဒီပဲရင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၏ တရားဥပဒေဖြေရှင်းမှုအတွက်လိုလားသော ကမ္ဘာ့နိုင်ငံများ၏ မျက်မာန်ရှမှုကြောင့် အောက်တိုဘာလ (၁၈)ရက် ၂၀၀၄ ခုနှစ်တွင် ထောက်ချုပ်ကြီး ခင်ညွန့်အား ဖမ်းဆီး
ကာ ၎င်း၏ ထောက်လှမ်းရေး ကွန်ယက်တခုလုံးဖြိုခွင်းပြီးနောက် အထက်ပါပုဂ္ဂိုလ်နှစ်ဦး ဦးဆောင်သော စီး
ပွါးရေးအဖွဲ့မှ ဒူဘိုင်းသို့သွားရောက်ပြီးနောက် ဒူဘိုင်း၏ ဘဏ်လုပ်ငန်းစုလမ်းညွန်ချက်အရ (ကွာတာ)နိုင်ငံ
တွင် စတင်ကာ အမေရိကန်ဒေါ်လာ သန်းပေါင်း (၇)ထောင်အား စတင် အပ်နှံခဲ့လေသည်။
ထိုနောက် ဆက်လက်၍အပ်နှံခဲ့ရာ ယနေ့ထိ ကွာတာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း
(၂၀)တိတိရှိသွားပြီဖြစ်ကြောင်းသိရလေသည်။

ထိုငွေများထဲမှ အချို့အား တဖန် တဖက်လှည့်ဖြင့် ယခု အော်ရီဒူးလုပ်ငန်းစုဗဟိုတွင် တပ်ချုပ်ကြီးဦးသန်းရွှေ
မိသားစုမှ အစုရှယ်ယာ (၁၅ဒသမ၃)ထိဝယ်ယူထားပြီး လက်ခွဲကုမ္ပဏီအဖြစ် မြန်မာနိုင်ငံသို့ ၎င်း၏ အစု
ရှယ်ယာများအတွင်းမှ (၆၆)ရာနူန်းအား ပြန်လည်လှည့်ပတ်၍ မြန်မာနိုင်ငံသို့ မျိုးစောင့်များ မျိုးချစ်များ ဓားရေး တပြပြရှိနေချိန်တွင် ဦးသိန်းစိန်ကြပ်ပြေး သူခိုးနောက်လိုက်အစိုးရမှ တရားဝင်ယှဉ်ပြိုင်သော ကုမ္ပဏီ (၂၈)ခု
များအတွင်း အော်ရီဒူးကို အခွင့်လမ်းပေးခဲ့ရခြင်း ဖြစ်ကြောင်း မျိုးစောင့် နှင့် ဦးဝေရသူတို့ သိသင့်လေသည်။

ထိုသို့ တပ်ချုပ်ကြီးမိသားစု၏ ခိုးရာပါများဖြင့် တိုင်းပြည်အတွင်းတဖက်လှည့်နှင့် ပြန်လည်ရင်းနှီးမြုပ်နှံရန် အ
စီစဉ်ဖြင့် အော်ရီဒူးနှင့် မြန်မာ လက်ရှိအနေထားအရ ကြည်လင်ပြတ်သားစွာ ဖုန်းခေါ်ဆိုခွင့်ရနေကြပြီး
နောက်ကျောမှ စကင်ဖတ်နေသော အင်တာနက် ကွန်ယက် ဟိုက်စပိများကိုလည်း ၀န်ဆောင်မှုပေးကာ
စောင့်ကြည့်ရင်း ထပ်မံဆက်လက်၍ ဂုတ်သွေးတင်မက တပြည်လုံး၏ သွေးအား တပ်ချုပ်ဟောင်းကြီး အာ
ဏာရှင်မိသားစုမှ ဆက်လက် စုတ်ယူ ၀ါးမျိုနေကြာင်းပါ………

ဒုတိယပိုင်းတွင် ဆက်လက်၍ အချက်လက်များဖြင့် တင်ပြပေးပါအုံးမည်……

နှစ်သက်လျင်ရှယ်နိုင်ပါသည်

ဂိုလ်ရှယ်လေး

Copy from http://www.facebook.com