• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, October 27, 2014

Halloween နဲ့ နိုင်ငံရပ်ခြားရောက် ကရင်လူမျိုး


Source photo from http://www.google.com/images

October 27, 2014
Monday

Halloween နဲ့ နိုင်ငံရပ်ခြားရောက် ကရင်လူမျိုး

By မင်းစိုးစံ

သူငယ်ချင်းရေ ဘာလိုလိုနဲ့ ဆောင်းဥတုကိုရောက်လာတော့မယ်နော်။
မင်းသိတဲ့အတိုင်းပဲ ဒီလကုန်လျင် ဒီကလူတွေ Halloween ဆိုတဲ့နေ့အတွက် ကြိုတင်ပြင်ဆင်နေကြပြီလေ။
ငါတို့ရဲ့မြေးတွေ တအိမ်ဝင်တအိမ်ထွက် သကြားလုံး လိုက်တောင်းကြမယ်ဆိုပဲ။
မင်းရဲ့သမီးနဲ့ ငါရဲ့သမီးတို့ အပြန်အလှန်ဖုန်းဆက်နေသံ ကြားလိုက်ရလို့ပါ။
ပုံမှန်မဟုတ်တဲ့အ၀တ်အစားတွေ ၀တ်ကြမယ်တဲ့။
အဲဒီညမှာ ကလေးတွေရဲ့မျက်နှာကို အမျိုးမျိုးလိမ်းခြယ်ကြ မျက်နှာဖုံးတွေစွပ်ပေးကြဦးမယ်တဲ့။
သိရသလောက်ကတော့ Halloween ညကို မကောင်းဆိုးဝါး၊ ဝိညာဉ်တွေနဲ့ ဆက်စပ်ထားကြတယ်ဆိုပဲ။ Halloween ဟာ တစ္ဆေသရဲ၊ မကောင်းဆိုးဝါး၊ သေမင်း၊ မှော်ဆရာ စတာတွေနဲ့ ဆက်စပ်နေတယ်တဲ့။


ရွှေဖရုံသီးရဲ့အသားကိုဖေါက်၊ ကြောက်စရာရုပ်ထုတွေထွင်းထု၊ အထဲမှာဖယောင်းတိုင်မီးထွန်းပြီး အိမ်တံခါး
ဝ,မှာ ချထားတာက တစ္တေသရဲ၊ မကောင်းဆိုးဝါးတွေကို ခြောက်လှန့်တာလို့ ပြောတာပဲ။
ရွှေဖရုံသီး၊ သရဲ၊ စုန်းမ၊ ဇီးကွက်၊ ကြောင်မဲ စတာတွေဟာ ကြောက်စရာကောင်းတဲ့အရာတွေလို့ အသိအ
မှတ်ပြု တတ်ကြသလို Halloweenရဲ့ ရိုးရာအရောင်ဟာ အမဲရောင်နဲ့ လိမ္မော်ရောင်တဲ့။

Source photo from http://www.google.com/images

ဒီအချိန်ဟာ မကောင်းဆိုးဝါးတွေဟာ လူတွေနဲ့အနီးစပ်ဆုံးအချိန်လို့ ယုံကြည်ကြတာမို့ Minnesota ပြည်
နယ် Anoka မြို့ကို "ကမ္ဘာ့ Halloween မြို့"လို့ တင်စားကြတဲ့အထိ Halloweenပွဲကို အကြီးအကျယ်ကျင်းပ,
ကြတယ်။
"Trick or Treat!"လို့ ကလေးတွေက တံခါးခေါက်ပြီးအော်လျင် အိမ်ရှင်တွေကလည်း ကြောက်စရာ အဝတ်
အစားတွေဝတ်ပြီး ကလေးတွေကို ချိုချဉ်၊ ချောကလက် ဒါမှမဟုတ် လက်ဆောင်လေးတွေဝေငှပေးတတ်ကြ
တယ်။ ဒါပေမယ့် ပိုက်ဆံအကြွေစေ့တွေ ပေးလို့မရဘူး။

အခုလိုရေးပြတာဟာ ကျော်ငြာဝင်တာမဟုတ်ဘူးနော်။
မင်းနဲ့ငါတို့ သားသမီးတွေ မြေးမြစ်တွေ သူတပါးဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုတွေကိုအထင်ကြီးနေတာထောက်
ပြချင်လို့ပဲ။
ကရင့်ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ရိုးရာခြည်ဖြူဖွဲ့ပွဲ ကိုကျတော့ ဒါတွေဟာ နတ်တွေ ၀ိညာဉ်တွေ ဘာအဓိပ္ပါယ်မှ
မရှိဘူး၊ ခေတ်နောက်ပြန်ဆွဲနေတဲ့ အယူအဆ,ဆိုပြီးပစ်ပယ်တတ်ကြတဲ့အပြင် ကရင့်ရိုးရာဝတ်စုံကိုလည်း
ဝတ်ဆင်ဘို့ ရှက်ရွံ့နေတာမျိုးတွေ တွေ့ရမြင်ရတာ အတော့်ကိုရင် နာတယ်ကွာ။
ဒုံးကတဲ့ကလေးတွေထဲက အများစုဆိုလျင် ဒုံးကချိန်လေးမှာပဲရိုးရာဝတ်စုံနဲ့တွေ့ရပြီး ဒုံးကပြီးပြီဆိုတာနဲ့ အား
လုံးလဲပစ်လိုက်ကြတာမျိုးကို အခန်းအနားတိုင်းလိုလိုမှာတွေ့ရတယ်။
ဖြစ်နိုင်လျင် အခန်းအနားပြီးတဲ့အထိ ၀တ်ထားစေချင်တာပေါ့။
အကြောင်းရှိတယ်လေ၊ အမှတ်တရဓါတ်ပုံလေးတွေ ရိုက်မယ်ဆိုလျင် အဆင်ပြေတာပေါ့။
အခန်းအနားကျင်းပ,နေတဲ့အချိန်မှာဆိုလျင် လူကြီးလူငယ်အားလုံးကိုယ့်အလုပ်နဲ့ကိုယ် ရှုတ်နေကြတာမ
ဟုတ်လား။

ဆိုလိုချင်တာက ကိုယ့်ရိုးရာယဉ်ကျေးမှုကိုကျတော့ ၀တ်ကျေတန်းကျေလုပ်ကြ အချိန်အားမှလုပ်ကြ အမျိုး
သားဝတ်စုံကိုရွံကြ ဖြစ်နေပေမယ့် တိုင်းတပါးက ယဉ်ကျေးမှုကိုကျတော့ အချိန်တွေပေး၊ ငွေတွေပေး၊ နှာအ
စေးခံ၊ ချောင်းအဆိုးခံ၊ ညကြီးမင်းကြီး သွားကြလာကြ မြွေပါးကင်းပါးမကြောက်နဲ့။ အဖြစ်သည်းနေလိုက်ကြတာများ ပြောမပြောချင်ဘူး။

တချို့ကရင်တွေကျတော့ သူတို့ကလေးတွေက တာလပေါ့စားလျင် အံတယ်ဆိုလား။
တချို့ကျတော့ ငါးပိစားလျင် Allergic ဖြစ်တယ်ဆိုလား။
ပြီးတော့ သူတို့ပြောတာရှိသေးတယ်၊ ငါးပိချက်စားလျင် ပိုးဟပ်ရှိတယ်ဆိုလား။
အေး မင်းအိမ်မှာ ပိုးဟပ်ရှိလား။
အမှိုက်ပုံးကို သေသေခြာခြာစစ်ကြည့်၊ အမှိုက်ပုံးအဖုံးရှိလား။
အစားအသောက် စားကြွင်းစားကျန်တွေ သေသေခြာခြာသိမ်းရဲ့လား။
ပန်းကန်ဆေးတဲ့နေရာကို သေသေခြာခြာခြောက်သွေ့နေအောင် ထားရဲ့လား။
ငါ့အိမ်မှာ ငါးပိကျိုတယ်၊ ငရုပ်သီးနဲ့ တို့စရာနဲ့ သားတွေမြေးတွေစားကြတယ်။
ပိုးဟပ် တစ်ကောင်မှမရှိဘူး။
ငါ့မြေးတွေ တာလပေါ့စားတယ်၊ မအံဘူး။ ငါးပိစားတယ်၊ တည့်တယ်။ ဘာမျှမဖြစ်ဘူး။

လူဖြူ လူမည်းတွေနဲ့ရလို့ မွေးလာတဲ့ကလေးတွေကိုတော့ ငါလည်းမသိဘူး။
အခုဟာက ကရင်ထီးနဲ့ကရင်မ ပေါင်းပြီးမွေးထားတဲ့ ကရင်က ဒီလိုဖြစ်နေတယ်ဆိုတော့ ငါလည်းနားမ
လည်နိုင်တော့ဘူး။

မျိုးဆက်သစ်ကရင်လေးတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြပြီဆိုလျင် ကရင်လိုမပြောကြဘူး။
ဗမာတောထဲနေတဲ့ကရင်တွေက ဗမာကျောင်းတက် ဗမာစာသင်၊ အိမ်ပြန်ရောက်တော့ အမေအဖေလုပ်တဲ့
သူတွေက သားသမီးနဲ့ ပြောဆိုဆက်ဆံရာမှာ ဗမာလိုပဲပြောဆိုဆက်ဆံပြန်တယ်။
ထိုင်းတောထဲနေတဲ့ကရင်လည်း ထိုင်းကျောင်းတက် ထိုင်းစာသင်၊ အိမ်ပြန်ရောက်တော့ မိဘနဲ့ ထိုင်းလိုပဲ
ပြောဆိုဆက်ဆံတယ်။
အမေရိကန်ရောက်နေတဲ့ ကရင်တွေလည်း အဲဒီအကျင့်ပဲ။
ဆိုတော့ မျိုးဆက်သစ်ကရင်လေးတွေ ကရင်လိုမပြောတာမဆန်းပါဘူး။

အမေရိကန်ကို ရောက်နေတဲ့ကလေးတွေကို ကရင်စာသင်ကြဘို့ပြောတော့ အမေအဖေလုပ်တဲ့လူတွေက
ဘာပြောတယ်မှတ်တုန်း၊ ငါတို့ကလေးတွေ အင်္ဂလိပ်စကားမတတ်မှာစိုးတယ် တဲ့။
မှတ်ထား အဲဒါကရင်တွေရဲ့ဦးဏှောက် နဲ့ အင်မတန်ခေတ်မှီတဲ့အတွေးအခေါ်။ မိုးတွေသည်းကြီးမဲကြီးရွာနေတဲ့ နေရာမျိုးမှာ မိုးရေမရမှာ ကြောက်နေလိုက်ကြပုံများ။
ပြောကို မပြောချင်ဘူး။

 နောက်ဆုံးတခုက မျိုးဆက်သစ်ကရင်လေးတွေဟာ သူတို့ကိုယ်သူတို့ ကရင်လို့မသိချင်ကြတော့ဘူး။
ဘာကြောင့်လဲသိလား။
လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ ဆိုသလို အိမ်ကမိဘတွေက ကိုယ့်သားသမီးကို ကရင်လို့
ကိုယ့်ကိုယ်ကို အသိအမှတ်ပြုအောင် ဘာများလုပ်ပြတာမျိုးရှိလို့တုန်း။
ထမင်းစားပွဲမှာ ဘာတွေထည့်ပြီးစားလေ့ရှိသလဲ။
ကဒတ်ဥဟင်း၊ မျှစ်တာလပေါ့၊ ပိတ်ချင်းရွက်တာလပေါ့ အဲဒါတွေ ချက်ကျွေးဘူးလား။
ငါးပိပါလား။
ဟင်းရွက်စိမ်းတွေ တည်ထားသလား။
မျှစ်ပြုတ်တွေ၊ ပင်စိမ်းရွက် အစိမ်းတွေ၊ အဲဒါမျိုးတွေ ရှာပြီးဝယ်ကျွေးဘူးလား။
ထည့်စားပြဘူးလား။

ရိုးရာမုန့်တွေလုပ်ကျွေးဘူးလား။
ဥပမာ ကောက်ညှင်းဖင်ချွန်လိုမျိုး၊ မုန့်စိမ်းပေါင်းလိုမျိုး။ ကောက်ညှင်းပေါင်း၊ မုန့် ဗိုင်းတောင့်၊ မုန့်ကျွဲသဲ၊ မုန့်
ပိန္နဲစေ့၊ ကဒတ်မုန့်၊ သာကူပြုတ် စတာတွေပေါ့။

ကရင့်ရိုးရာ အားကစားနည်းတွေ ကစားပြဘူးလား။
ဥပမာ ကျွဲရိုင်းဖမ်းတဲ့ ကစားနည်း၊ နောက်အလွယ်ဆုံးနည်းဖြစ်တဲ့ တစ်ယောက်လက်ဖမိုးပေါ်ကို အခြား
တစ်ယောက် သာသာကလေးဆိတ်ပြီး လင်္ကာအဆုံးမှာ လက်ဝါးကိုယ်စီရိုက်တဲ့ကစားနည်းမျိုး ကစားပြကြ
ဘူးပါရဲ့လား။
 
အိပ်ယာဝင်ပုံပြင်တွေ ပြောပြဘူးသလား။
ဥပမာ ကျီးကန်း၊ ဇီးကွက် နဲ့ ဥသြ ငှက်တွေရဲ့ ပုံပြင်မျိုး၊ ဆင် နဲ့ ခြင်္သေ့ ပုံပြင်မျိုး၊ အင်မတန် ကိုယ့်ကိုယ်ကိုအ
ထင်ကြီးတဲ့ ပုဇွန်လုံးပုံပြင်မျိုး စသည်ဖြင့်ပေါ့။ 
အဲဒါမျိုးလေးတွေ မရှိတဲ့နောက် မျိုးဆက်သစ်ကရင်လေးတွေ သူတို့မိဘတွေစီက ကရင့်ရိုးရာနဲ့ပတ်သက်လို့
ဘာများ လေ့လာသင်ယူစရာရှိတော့လို့လဲ။

ကောက်ညှင်းဖင်ချွန်လုပ်စားမယ်ဆိုလျင် ကလေးတွေကို လုပ်ပြီးသားကိုချမကျွေးမိပါစေနဲ့။
မုန့်လုပ်ပြီဆိုလျင် ကလေးတွေကိုခေါ်ပါ။
ဘယ်လိုလုပ်တယ်ဆိုတာကို သိအောင် ၀ိုင်းလုပ်ခိုင်းပါ။
မလုပ်တတ်ပေမယ့် လုပ်ခိုင်းပါ။
စိတ်ရှည်လက်ရှည်ထားပြီး သင်ပေးပါ။
တခြားရိုးရာမုန့်တွေဆိုလျင်လည်း အဲဒီနည်းအတိုင်း ၀ိုင်းလုပ်ဝိုင်းစားခိုင်းခြင်းအားဖြင့် စုပေါင်းလုပ်တတ်တဲ့
အကျင့်ကလေးဖြစ်သွားအောင် သွန်သင်ရာလည်းရောက်ပါတယ်။
ဘယ်လိုလဲသူငယ်ချင်း၊ ငါ့ကို ဆရာကြီးလုပ်တဲ့အကောင်ဆိုပြီး ကျိန်ဆဲနေမလား။
စေတနာနဲ့ပြောပြတာပါကွာ။

မင်းတို့ငါတို့ လူဖြစ်လာတယ်ဆိုတာ လူတိုင်းမှာ ဘ၀ပေးတာဝန်နဲ့ သမိုင်းပေးတာဝန်ဆိုတဲ့ တာဝန်နှစ်ခုရှိ
တယ်ဆိုတာ မင်းသိပါတယ်။
ဘ၀ပေးတာဝန်အရ မိသားစုစားဝတ်နေရေး ကြီးပွါးချမ်းသာရေးကို ကျေပြွန်ဘို့လိုသလို ငါတို့မျိုးဆက်တွေ
တည်တံ့ခိုင်မြဲဘို့အရေး ဘာသာစာပေ၊ ရိုးရာဝတ်စုံ၊ ရိုးရာ တေး၊ ကဗျာ၊ လင်္ကာ၊ ကြေး၊ ကြိုး၊ သားရေ၊ လေ၊
လက်ခုပ် စတဲ့တူရိယာပစ္စည်း၊ ဓလေ့ထုံတမ်းစဉ်လာ၊ ဘာသာစကား၊ စတာတွေကို လက်ဆင့်ကမ်းပေးဘို့
သမိုင်းပေးတာဝန်ဆိုတာကိုလည်း ကျေဘို့လိုအပ်တာပေါ့။
မျိုးဆက်သစ်ကလေးငယ်လေးတွေရဲ့အရေး မင်းဘယ်လိုမြင်သလဲ။

Source photo from http://www.google.com/images

ပြောချင်တာက မင်းမြေးလေးတွေကို ရိုးရာမုန့်လုပ်ကျွေးဘို့အချိန်မရှိဘူး၊Cookie, Hamburger, Ice-cream
အဲဒါမျိုး ၀ယ်ကျွေးလိုက်လည်းပြီးတာပဲဆိုပြီး ဆုံးဖြတ်ထားသလား။
ဒါမှမဟုတ် ရိုးရာမုန့်လေးတွေလုပ်ကျွေးပြီး သမိုင်းပေးတာဝန်ကျေမလားပေါ့။
တခုတော့သတိပေးလိုက်မယ်၊ မင်းမြေးလေးတွေ Halloween ညမှာ သကြားလုံးသွားတောင်းတော့မယ်လို့
ဆုံးဖြတ်ထားလျင်တော့ စက္ကူ (Tissue)တွေ အလုံအလောက်ထည့်ပေးလိုက်ဘို့ မမေ့ပါနဲ့။ ညအေးအေးမှာ နှာရည်ယိုမှာဆိုတော့ သန့်ရှင်းပေးရတာ ပိုလွယ်အောင်လို့ပါ။
ငါ့ကိုတော့မမေးနဲ့၊ ငါ့မြေးတွေအတွက် ဆေးခန်းပြဘို့အထိ ကြိုမြင်ထားပြီးသား။

ကျန်းမာချမ်းသာပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)