• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, October 18, 2014

ဘာတွေ ဘယ်လို ဆက်ဖြစ်လာမှာလဲ

KNU ရဲ့ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း

October 16, 2014
Thursday

ဘာတွေ ဘယ်လို ဆက်ဖြစ်လာမှာလဲ

By မင်းစိုးစံ

KAF (Kawthoolei Armed Forces) ဆိုလို့ အားတက်မလို့ရှိသေး ဟိုအရေးသည်အရေးတွေကြောင့် ရင်
လေးမိ တာအမှန်ပါ။ ရင်မလေးလို့ကလည်း မဖြစ်။ သတင်းတွေကို ကြည့်လိုက်လျင် ကရင်တွေကွဲပြဲဘို့
ဘက် ဦးတည်နေတာမျိုး ပိုများနေသလိုမျိုးခံစားနေရလို့ပါ။ (ကျုပ်မြင်တာကိုပြောတာ)

(KAF) အဖွဲ့ထဲမှာပါတဲ့ DKBA က ဗိုလ်မှူးကြီး စောဆန်းအောင်ကတော့ ကော်သူးလေတပ်မတော်ကို တပ်
မှူးအားလုံးရဲ့သဘောတူညီချက်နဲ့ ကရင်လူထုတောင်းဆိုချက်အရ ပြင်ဆင်လုပ်ဆောင်ပြီး ဖွဲ့စည်းထားတာ
ဖြစ်ကြောင်း VOA မှာ အခုလိုပြောသွားတာ ကြားလိုက်ရပါတယ်။
“တကယ်တမ်းတာဝန်ရှိတဲ့ လိုအပ်နေတဲ့အချိန်ပေါ် မူတည်ပြီး အချိန်ယူပြီးတော့ ပြုစုပျိုးထောင်ပြင်ဆင်ပြီး
တော့ လုပ်ဆောင်ချက်တွေဖြစ်တယ်ဗျ။” 

KNU ရဲ့တပ်ဖြစ်တဲ့ KNLA တပ်ကိုယ်စား ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘော်ကျော်ဟဲ၊ DKBAကိုယ်စား ဗိုလ်
ချုပ် စောလားပွယ်၊ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် နယ်ဒါးမြ၊ KNU KNLA ငြိမ်းချမ်းရေးကောင်စီတပ် ကိုယ်စား
ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး စတဲ့တပ်မှူးတွေက KAF (Kawthoolei Armed Forces)ဆိုတာကို ဖွဲ့စည်းခဲ့ကြ
တာဖြစ်ပေမယ့် KNLA-PC (Peace Council) က ဗိုလ်မှူးကြီး တိုက်ဂါးကို ထုတ်ပစ်လိုက်သလိုမျိုး KNU က
KNLA ရဲ့ ဒုစစ်ဦးစီးချုပ်ကိုများ ထုတ်ပစ်လေမလားပေါ့နော်။

ဗိုလ်မှူးကြီးတိုက်ဂါးရဲ့ လုပ်ပုံကိုင်ပုံတွေဟာ KNLA-PC (Peace Council) နဲ့မဆိုင်ဘူးလို့ပြောအပြီး အခုတခါ
KNU ရဲ့ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်းက
အခုလက်မှတ်ထိုးတာကတော့ ကျွန်တော်တို့ဒုစစ်ဦးစီးချုပ် ကိုယ်တိုင်ကတော့ လက်မှတ်ထိုးတယ်။
ဒါ သူ့သဘောထားဖြစ်တယ်။
ဒီကိစ္စကို သူ့ကိုလည်းပြောထားတယ်။
ဆိုတာကို The Daily Eleven မှာဘတ်လိုက်ရလို့ပါ။
KNU ရဲ့ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း ပြောသွားတဲ့အထဲမှာ 
တကယ်ပြောရရင် ကရင်လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့တည်းဖြစ်ရေး လူထုကလည်းဆန္ဒရှိတယ်။
ကျွန်တော်တို့လည်းဆန္ဒရှိတယ်။
KNLA ဆိုတာက KNU ရဲ့ ဦးဆောင်မှုအောက်မှာ။
ကော်သူးလေတပ်မတော်ကိုဖွဲ့လိုက်မယ်ဆိုရင် ဘယ်သူ့လက်အောက်မှာရှိမှာလဲ။

ဦးဆောင်မှုအောက်နဲ့ လက်အောက်ဆိုတာ အများကြီးကွာပါတယ်ဗျာ။
ကျုပ်မြင်တာကတော့ ဦးဆောင်မှုအောက်ဆိုတာ စုစည်းဘို့ရည်ရွယ်တာဖြစ်ပြီး လက်အောက်ဆိုတာက
ထိန်းချုပ်ချင်တဲ့ဘက် ပိုရောက်နေသလိုပဲ။
စစ်ဘက်ရေးရာဆိုင်ရာနဲ့ အုပ်ချုပ်ရေးဘက်ဆိုင်ရာ အားပြိုင်နေတယ်လို့ မြင်မိပါတယ်။
ဒီကနေ့ဒီအချိန်ဟာ ကျုပ်တို့တတွေ အားပြိုင်နေမယ့်အချိန်မဟုတ်သလို အားပြနေရမယ့်အချိန် လည်းမဟုတ်
ပါဘူး။
စုပေါင်းပြီး အားကိုထုတ်သုံးဘို့ လိုအပ်နေတဲ့အချိန်လို့ ပြောပါရစေ။
အခုဟာက ကရင်အချင်းချင်းကြား ပွင့်လင်းရိုးရှင်းတဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ဒီထက်မက ပိုမိုလုပ်ဆောင်ကြ
ဘို့ လိုနေပြီလို့ မြင်မိပါတယ်။
ဘာကြောင့်လိုသလဲဆိုတာကို စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို လိုလားနေသူတွေအားလုံး
သိကြမှာပါ။

Hot news weekly မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်နိုင်
ဟံသာ က
ရရှိပြီးသားပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးတွေမှာ ခိုင်မာမှုမရှိလို့ ခုလိုထိတွေ့
မှုတွေ ဖြစ်လာရတာပါ။ ပြီးခဲ့တဲ့သဘောတူညီချက်တွေမှာ တပ်နေရာချထားရေးနဲ့ လိုက်နာရမယ့်စည်းမျဉ်း
စည်းကမ်းတွေ တိတိကျကျ မပါရှိခဲ့ဘူး လို့ပြောသွားသလို နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲပြီးနောက်ပိုင်းမှာ နှစ်
ဖက်သဘောတူညီချက်တွေအတိုင်း တိတိကျကျလိုက်နာရမယ့်စည်းကမ်းချက်တွေ ပါမှ ရှေ့လာမယ့် နိုင်ငံ
ရေးဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်နိုင်မယ် ဆိုပြီးတော့ DKBA က ဗိုလ်မှူးကြီး
စောဆန်းအောင် ပြောသွားတာကို ဘတ်ရပြန်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးပထမတန်းက ဗိုလ်ချုပ် မဲ့အေစိန်ကလည်း
ကရင်လူထုတွေရဲ့ တောင်းဆိုချက်အရ KNU ကရင်အမျိုးသားအစည်းအရုံး(၁၅) ကြိမ်မြောက် ကွန်ဂရက်မှာ
ကရင်လက်နက်ကိုင်တွေအားလုံးပြန်လည်စုစည်းဖို့ ချထားခဲ့တဲ့မူအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လုပ်
ရင်းနဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်းကာကွယ်သွားမှာ ဖြစ်တယ် လို့ VOA မှာပြောသွားပြန်ပါသေးတယ်။
ဆိုတော့ ၁၅ကြိမ်မြောက်၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ ကွန်ဂရက်ကချမှတ်ခဲ့တဲ့အပေါ် KNU အနေနဲ့ ဆန္ဒရှိပေမယ့် သဘောထားမရှိဘူးဆိုပြီး အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း ပြောထားလေတော့ စစ်ဘက်ရေးရာနဲ့ အုပ်ချုပ်ရေးရာကြား အချိတ်အဆက်သိပ်မမိသလိုလို ဖြစ်နေတဲ့ ထင်ရှားတဲ့ပြယုဒ်လို့ နားလည်မိပါတယ်။

VOAသတင်းဌာနနဲ့ဆက်သွယ်မေးမြန်းခန်းတခုမှာ ဆရာဦးကျော်ဇံသာက ကရင်အမျိုးသားလွတ်မြောက်ရေး
တပ်မတော် စစ်ဦးစီးပထမတန်းက ဗိုလ်ချုပ် မဲ့အေစိန်ကို
KAF ဖွဲ့စည်းတဲ့ ဗိုလ်ချုပ်တို့ကို ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘောထားတင်းမာသူလို့ သတ်မှတ်
မယ်ဆိုရင် ဗိုလ်ချုပ်တို့ လက်ခံပါသလား
 လို့မေးတော့ ဗိုလ်ချုပ်မဲ့အေစိန်က
ကျနော်တို့ မူပေါ်မှာရပ်တည်ပြီး ကျနော်တို့ကရင်တမျိုးသားလုံး လိုချင်တဲ့ဆန္ဒ၊ ရည်မှန်းချက်ပန်းတိုင်ကို တန်း
တူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကိုသွားဖို့ ကျနော်တို့ ဒီလမ်းအတိုင်းဦးတည်ပြီးတော့
သဘောထားသွားတာ။
အမှန်တရားကို ရပ်တည်တဲ့လူကိုတော့ ပထမပိုင်းမှာတော့ ဒီလူတွေမမှန်ဘူး၊ မကောင်းဘူးလို့ ပြောစမြဲပဲ။
ဒါလဲ ကျနော်တို့ ဖြတ်သန်းမှု ဘဝက ဒီလိုဖြစ်တယ်။
ဟို့အရင် နေဝင်း အာဏာသိမ်းတဲ့ ၆၂ ခုနှစ်မှာ မူးဆိုးကော်ကစာ၊ စောဟန်တာသာမွှေး နဲ့ မန်းဘဇံ ကွဲတဲ့
အခါမှာ ရပ်တည်တဲ့လူဖက်က မှားတယ်ဘာညာဆိုပြီး နောက်ဆုံးတော့ … ။
ကျနော်တို့ကတော့ အမှန်တရားကို ရပ်တည်ပြီး သွားကြတဲ့လူတွေလို့ အဲဒီလို သိစေချင်တယ်။
လို့ပြောသွားပါတယ်။

အခုလိုဖြစ်လာတဲ့ အကြောင်းအရာတွေအားလုံးဟာ ဗမာစစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်
တည်တံ့ခိုင်မြဲဘို့အတွက် ဦးတည်နေတာကို သိသာထင်ရှားစေတာနဲ့အတူ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးလှိုင်
လှိုင်သုံးပြီး တိုင်းသူပြည်သားတွေအပေါ် ပိုမိုဖိနှိပ်ရက်စက်ဘို့လုပ်နေတယ်ဆိုတာကိုပါ အသိပေးလိုက်တာ
လည်း ဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်တ၀ှမ်းလုံးအပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးအတွက် ငွေပုံအောမိတဲ့ သက်
ဆိုင်သူတွေ နောင်တရနေမိမှာတော့အမှန်ပါ နောင်တမရဘူးဆိုလျင်တောင်မှ အတော်ကလေးသံသယ,၀င်
နေမှာတော့ လျှော့လျှော့ပေါ့ပေါ့ပြောမယ်ရဆိုလျင် စိုးရိမ်စိတ်ဖြစ်နေမှာတော့ အသေအချာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို KAF (Kawthoolei Armed Forces) ဖြစ်လာတာဟာ အခြေခံလူထုထဲက ပြည်
သူတစ်ယောက်ဖြစ်တဲ့ ကျုပ်သဘောထားကတော့ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးအတွက် လိုအပ်သလို
ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်လာတာလို့ မြင်မိကြောင်းနဲ့ လက်နက်ကိုင်ကရင့်တော်လှန်ရေးအဖွဲ့တွေထဲ က
ဘယ်အဖွဲ့ရဲ့ ဦးစည်းဦးဆောင်မှုအောက်မှာ ဘယ်လိုလှုပ်ရှားဆောင်ရွက်မလဲ ဆိုတာကိုတော့ KAF ရဲ့ တပ်
မှူးတပ်ဗိုလ်များ လေးလေးနက်နက် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြော ဆိုဆုံးဖြတ်ပြီး တိတိကျကျလိုက်နာဘို့ လို
အပ်ကြောင်းကို ကရင်ပြည်သူတဦးအနေနဲ့ မိမိရဲ့သုံးသပ်ချက်ကိုတင်ပြလိုက်ရကြောင်းပါခင်ဗျား။

စစ်အာဏာရှင်များ အမြန်ဆုံးကျဆုံးပါစေ။
ပြည်ထောင်စုဗမာနိုင်ငံတော်(ပြည်ထောင်စုမြန်မာနိုင်ငံတော်) နှင့် တိုင်းရင်းသားလုပ်သားပြည်သူတရပ်လုံး
၏ ကောင်းကျိုးချမ်းသာကိုလိုလားသည့် စေတနာမှန်သောအစိုးရတရပ် အမြန်ဆုံးပေါ်ထွန်းလာပါစေ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)